၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ အမတ် ၁၂ ဦးကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်လ်က မန္တလေးမြို့ရှိ ဂျက်ဖာဆင် စင်တာတွင် ဧည့်ခံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
“မြန်မာနိုင်ငံဟာ တကယ့်ကို မတူကွဲပြားခြင်းတွေနဲ့ ပြည့်နေတဲ့ နိုင်ငံတစ်နိုင်ငံပါ။ အခုအချိန်က လူတွေအားလုံး ပူးပေါင်းလက်တွဲ လုပ်ကြရမယ့် အရေးကြီးတဲ့ ကာလဖြစ်ပါတယ်။ ဒီလို သမိုင်းဝင်ကာလမှာ မြန်မာနိုင်ငံရဲ့ အောင်မြင်မှုရရှိရေး အတွက် အမေရိကန်ပြည်ထောင်စုကလည်း တစိုက်မတ်မတ် အားထုတ်နေပါတယ်” ဟု သံအမတ်ကြီး မစ်ချယ်လ်က မှတ်ချက်ပြု ပြောကြားခဲ့ကြောင်း အမေရိကန်သံရုံး၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
ထို့အပြင် မြန်မာပြည်သူလူထု ကောင်းစားရေးအတွက် ဘုံသဘောတူညီမှုကို ရှာဖွေ၍ အတူလက်တွဲ လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့ကြောင်းလည်း အမေရိကန်သံရုံး လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားချက်အရ သိရသည်။
(Photo- U.S. Embassy Rangoon Facebook Page)
The Voice Weekly



No comments:
Post a Comment