Monday, November 30, 2015

စင်ကာပူရောက် မြန်မာများလည်း အမှိုက်ကောက်မည်


ဒေါ်အောင်ဆန်းစုကြည်က ဒီချုပ်ကိုယ်စားလှယ်လောင်း များအား အမှိုက်ကောက်ခိုင်းခြင်း ကို အားပေးထောက်ခံသည့်အနေ ဖြင့် စင်ကာပူရောက် မြန်မာများက စင်ကာပူနိုင်ငံတွင် အမှိုက်ကောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာ ၁၃ ရက်တွင် စင်ကာပူနိုင်ငံရှိ ပင်နီစူလာပလာဇာအနီးတစ်ဝိုက်၌ အမှိုက်ကောက်မည်ဖြစ်ပြီး စင်ကာပူရောက် မြန်မာများအားလုံး ပူးပေါင်းပါဝင်ကြရန် ဦးဆောင်စီစဉ်သော စင်ကာပူနိုင်ငံ မြန်မာ့လူမှုရေးအဖွဲ့၊ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး အထောက်အကူပြုအဖွဲ့ (စင်ကာပူနိုင်ငံ)နှင့် Fly To Vote အဖွဲ့တို့က နှိုးဆော်ထားသည်။
‘‘အဖွဲ့ချုပ်ကနေ သူတို့ကိုယ် စားလှယ်တွေကို သူတို့မြို့နယ် တိုင်းမှာ အမှိုက်ကောက်ခိုင်းတာ ကို အားပေးထောက်ခံတဲ့အနေနဲ့ ပြည်တွင်းရှိနေတဲ့သူတွေနဲ့ တစ်သားတည်း ရှိနေတယ်ဆိုတာကို ပြချင်တာပါ။ နောက်ပြီးတော့ တခြားနိုင်ငံမှာရောက်နေတဲ့ မြန်မာတွေကလည်း လိုက်လုပ်စေချင်လို့ပါ။ နိုင်ငံတကာက သူတွေကိုလည်း ကျွန်တော်တို့ မြန်မာတွေက ဘယ်လောက်စည်းလုံး ကြောင်း၊ ညီညွတ်ကြောင်းပြချင် တာလည်း ပါပါတယ်’’ဟု ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေး အထောက်အကူပြုအဖွဲ့ (စင်ကာပူနိုင်ငံ)မှ ကိုစိုးထွန်းကပြောသည်။

စင်ကာပူရောက် မြန်မာများ သည် ရွေးကောက်ပွဲမဲပေးရာတွင် လည်း အားတက်သရော မဲပေးခဲ့ ကြပြီး ၉၀ ရာခိုင်နှုန်းကျော်က ဒေါ်အောင်ဆန်းစုကြည်၏ ပါတီကို မဲပေးခဲ့ကြောင်း စစ်တမ်းတစ်ခုက ဖော်ပြခဲ့သည်။

နိုဝင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်း ဆီခန်းမတွင် ပြုလုပ်သော ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည် နယ်တို့ရှိ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံစဉ် ဒီဇင်ဘာ ၁၂ ရက်တွင် ကော့မှူးမြို့နယ်မှ ကိုယ်စားလှယ်လောင်းများက အမှိုက် ကောက်မည့် အစီအစဉ်ကို စတင် မည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်း အတာအထိ ပြုလုပ်ကြရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ယင်းနေ့တွင် ဗဟန်းမြို့နယ် ရှိ လွှတ်တော်ကိုယ်စားလှယ်များ က ယင်းမြို့နယ်နေရာအချို့၌အမှိုက်ကောက်မှုများ စတင်ပြု လုပ်ခဲ့ကြသည်။

7Day News Journal

No comments:

Post a Comment

My Blog List