Thursday, December 03, 2015

ရေခဲတောင်ထိပ်တွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်ချုပ်တို့၏ ဓာတ်ပုံများဖြင့် ဂုဏ်ပြုဓာတ်ပုံရိုက်ကူးခဲ့ဟုဆို







ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့၏ ဓာတ်ပုံတို့ကိုယူ ဆောင်ကာ ကချင်ပြည်နယ်အတွင်းရှိ မဒွယ်ရေခဲတောင်ထိပ်တွင် ဂုဏ်ပြု ဓာတ်ပုံရိုက်ခဲ့ကြောင်း ဓာတ်ပုံဆရာတစ်ဦးဖြစ်သူ ကိုကျော်သာက ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။

" ဒေါ်အောင်ဆန်းစုကြည်သို့မဟုတ်အမေစု ရဲ့အနိုင်မခံအရှုံးမပေးတဲ့ သံမဏိစိတ်ဓာတ်ကို လေးစားအားကျသလို ကျွန်တော်ဘဝမှာအခက်ခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့တိုင်းပထမဦးဆုံးသတိရတဲ့ပုဂ္ဂိုလ်ဖြစ်သလို သူ့ဆီကရရှိတဲ့စိတ်ဓာတ်ခွန်အားနဲ့အခက်ခဲတွေကို ရဲရဲရင်ဆိုင်ကျော်ဖြတ်ခဲ့တယ်။

သူ့ဘဝမှာ ပူလောင်မူတွေများပြားခဲ့တယ်လို့ခံစားရတဲ့အတွက် ကျနော့် အတွက်သူရဲကောင်းအမေစုကိုအေးချမ်းတဲ့ရေခဲတောင်ပေါ်အလည်ခေါ်သွားရင်းတောင်ထိပ်မှာဂုဏ်ပြုခဲ့တယ်" ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင်ရေးသားထားသည်။

ဗိုလ်ချုပ်အောင်ဆန်းကို လေးစားသဖြင့် အေးချမ်းသည့်ရေခဲထိပ်တွင် အလည်ခေါ်သွားရင်း ဂုဏ်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လေးစားပြီး လက်ရှိတပ်မတော်ကို ပြည်သူချစ်သည့် ပြည်သူ့တပ်မတော်အဖြစ် ပြန်လည်စွမ်းဆောင်ပေးနိုင်မည်ဟု ယုံကြည် ကြောင်း၊ ထို့ကြောင့် တပ်မတော်သားများ၏ကိုယ်စား ဗိုလ်ချုပ်မှူးကြီး ဓာတ်ပုံကို ရေခဲတောင်ထိပ်သို့ ယူဆောင်ပြီး ဂုဏ်ပြုရခြင်းဖြစ်ကြောင်း ၎င်းကိုယ်ပိုင် လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။

(ဓာတ်ပုံ- Kyaw Thar Facebook Page)
The Voice Weekly

No comments:

Post a Comment

My Blog List