Saturday, December 05, 2015

NLD အနိုင်ရခဲ့ခြင်းကို အောင်ပွဲဟုမဆိုနိုင်သေးဘဲ တိုင်းရင်းသားပြည်သူများအနေဖြင့် အမှန်တကယ် အကျိုးခံစားရမှသာ အောင်ပွဲဟုဆိုနိုင်ဟု NLD နာယက သူရဦးတင်ဦးက ပြောကြား







၂၀၁၅ ရွေးကောက်ပွဲတွင် NLD အနိုင်ရခဲ့ခြင်းကို အောင်ပွဲဟု မဆိုနိုင်သေးဘဲ တိုင်းရင်းသားပြည်သူများ အနေဖြင့် အမှန်တကယ် အကျိုးခံစားရမှသာ အောင်ပွဲဟု ဆိုနိုင်ကြောင်း NLD နာယက သူရဦးတင်ဦးက ပြောကြားလိုက်သည် ။

ယင်းပြောကြားချက်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစု ကြည် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲ ကို နေပြည်တော်ရှိ မေခ ခန်းမတွင် ဒီဇင်ဘာ ၅ ရက် တွင် တွေ့ဆုံရာ တွင်ပြောကြားခဲ့ခြင်းဖြစ်သည် ။

ယင်းနှင့် ပတ်သက်ပြီး NLD နယက သူရဦးတင်ဦးက "NLD အောင်ပွဲခံခဲ့ တာ ကြောင့် ရှေ့ဆက်ပြီး ဖိဖိစီးစီးလုပ်ကြရမှာဖြစ်ပါတယ် ၊ အခုလို နိုင်တာဟာအောင်ပွဲလို့မဆိုနိုင်သေးကြောင်း တိုင်းရင်းသားပြည် သူတွေတကယ်ခံစားရမှ တကယ်အောင်ပွဲလို့ဆိုနိုင်ကြောင်း ၊ ဒီနေ့အရွေး ခံရတဲ့ ကိုယ်စား လှယ်တွေ ကိုမျက်လုံးဒေါက်ထောက်ကြည့်နေကြ မှာဖြစ်တဲ့အတွက်အစွမ်းကုန်လုံးပမ်းလုပ်ဆောင်ရမှာဖြစ်ကြောင်းတချို့တွေက ပါတီမှာခဏတာလာရောက်ကွန်းခိုတာ မျိုးရှိကြောင်း ၊ ပါတီမှာလူမွေး တပည့်မွေး ဆရာမွေး မလုပ် သင့်ကြောင်း ၊အခုအချိန်ဟာကောင်းတဲ့အရိပ်တွေမြင်နေရပြီဖြစ်ကြောင်း အောင်မြင်မှုနဲ့အတူ ဆက်လက်လုပ်ဆောင်ရမှာဖြစ်ကြောင်း " ဟု တက်ရောက်လာသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လွှတ်တော် ကိုယ်စားလှယ်များ ကိုပြောကြားခဲ့ သည်။

ဆက်လက်ပြီး ယင်းက တက်ရောက်လာသည့် လွှတ်တော် ကိုယ်စားလှယ် များအား ကျရာတာဝန်ကိုထမ်းဆောင်ကြ ဖို့ ပြည်သူတွေပေး ခဲ့တဲ့မဲတွေနဲ့ ကြိုးစားလပ်ြဆောင်ကြဖို့ ကိုယ့်ကိုကိုဝေဖန်ကြ ဖို့ ကြိုးစားကြဖို့ သူရဦးတင်ဦး က တိုက်တွန်းမှာကြားခဲ့ပြီး ယင်းတွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ နှင့် လွှတ်တော် ကိုယ်စားလှယ်လောင်း စုစုပေါင်း (၂၀၆)ဦးရေနဲ့တွေ့ဆုံခဲ့ကြောင်းသိရသည်။

‪#‎CNB‬
Photo - Mg Paing(NPT)
Democracy today

No comments:

Post a Comment

My Blog List