Thursday, December 03, 2015

အမှားများအဆုံးသတ်ပြီး မေတ္တာဖြင့်လမ်းခွဲရန် လက်ရှိအစိုးရကို ရေပူဆရာတော်မိန့်ကြား


လက်ရှိအစိုးရ၏နောက် ဆုံးလက်ကျန်အချိန်အတွင်း မိမိတို့ပြုလုပ်ထားသည့် အမှားများကို အဆုံးသတ်၍ ပြည်သူ့မေတ္တာခံယူပြီး မေတ္တာတရားဖြင့် လမ်းခွဲ ကြပါရန် ရေပူဆရာတော်က မိန့် ကြားသည်။သစ်တောဥပဒေဖြင့် ဖမ်း ဆီးခံထားရသည့် ဆရာတော်ကို ဒီဇင်ဘာ ၂ ရက်က(၂၉)ကြိမ် မြောက် ရုံးထုတ်ရာတွင် ဆရာ တော်က အထက်ပါအတိုင်း မိန့် ကြားခဲ့ခြင်းဖြစ်သည်။
‘‘လက်ရှိအစိုးရအနေဖြင့် လက်ကျန် သက်တမ်းလေးအ တွင်းမှာ ပြည်သူ့ မေတ္တာခံယူပြီး ကာမှ မေတ္တာတရားနဲ့ပဲ လမ်းခွဲ ကြပါစို့လို့ ပြောချင်ပါတယ်။ အခု လက်ကျန် သက်တမ်းလေးအ တွင်းမှာ မိမိတို့ပြုလုပ်ထားတဲ့ အ မှားတွေကို အမှန်ပါလို့ လက်ခံ လာဖို့ရာအတွက် အမှားတွေကို ထပ်ကာထပ် ကာ ပြုလုပ်နေတာ တွေ့နေရပါတယ်’’ဟုဆရာတော် က မိန့်သည်။

နိုဝင်ဘာ ၈ ရက်ရွေးကောက် ပွဲအပြီးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အစိုးရဖွဲ့နိုင်သည့် အမတ်အရေအတွက်ကိုကျော် လွန်၍ အနိုင်ရခဲ့ပြီး သမ္မတလောင်း ရွေးချယ်တင်မြှောက်ခွင့် ရရှိထားကာ အစိုးရသစ်သို့ မတ်လကုန်ပိုင်း၌ လွှဲပြောင်းပေးရတော့မည်ဖြစ်သည်။

ရေပူဆရာတော်ကို ဒီဇင် ဘာ ၂ ရက်က သစ်တောဥပဒေ ပုဒ်မ ၄၂(ခ)ဖြင့် ပြင်ဦးလွင်မြို့ နယ်နှင့် ခရိုင်တရားရုံးတို့တွင် ရုံး ထုတ်စစ်ဆေးခဲ့ပြီး ဆရာတော်၏ အကျိုးဆောင်ရှေ့နေများက ဆရာတော်ကို စွဲချက်မတင်သင့် ကြောင်း လျှောက်လဲချက်များတင် ပြခဲ့သည်။

ဆရာတော်အား သစ်တော ဥပဒေပုဒ်မ ၄၂(ခ)ဖြင့် စွဲချက်တင် သည့်အမှုကို ပြင်ဦးလွင်မြို့နယ် တရားရုံးက ဒီဇင်ဘာ ၁၆ ရက် တွင် စွဲချက်တင်သည့် အမိန့်ချ မည်ဖြစ်သည်။

ထို့အပြင် ဆရာတော်အား သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)၊ ကျောက်မျက်တူးဖော် မှု ၄၁(က)၊(ခ)တို့ဖြင့် စွဲထားသည့် အမှုများကို ပယ်ဖျက်ပေးရန် မန္တလေးတိုင်းဒေသကြီး တရား လွှတ်တော်တွင် တိုင်းဒေသကြီး ဥပဒေအရာရှိနှင့် ဆရာတော်၏ အကျိုးဆောင်ရှေ့နေ နှစ်ဖက် ကြားနာမှုပြုလုပ်မည်ဟု အကျိုး ဆောင်ရှေ့နေထံမှ သိရသည်။

ကျောင်းဆောင်သစ် ဆောက်လုပ်ရန် သစ်သားများစု ဆောင်းထားခြင်းနှင့် ဓာတ်ပေါင်း စုစေတီတည်ရန် စေတီအချို့ ဖြို ဖျက်ခြင်းတို့အတွက် မိုးကုတ်မြို့ တွင် သီတင်းသုံးနေသော ရေပူ ဆရာတော်ကို သစ်တောဥပဒေ ပုဒ်မ ၄၂(ခ)၊ မြန်မာနိုင်ငံကျောက် မျက်ဥပဒေ ပုဒ်မ ၄၁(က)၊ (ခ) နှင့် သာသနာတော်ညှိုးနွမ်းစေမှု ၂၉၅ (က)တို့ဖြင့် ယခုနှစ်ဇွန်လ အတွင်းလူဝတ်လဲ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရေပူဆရာတော်သည် မိုး ကုတ်မြို့နယ်တွင် လူမှုကူညီရေး လုပ်ငန်းများ ကြိုးစားဆောင်ရွက် ခဲ့ပြီး ၂၀၀၇ ရွှေဝါရောင် လှုပ်ရှား မှု၊ မိုးကုတ်အင်း ကျောက်မျက် ဈေးတည်ဆောက်ခြင်းမပြုရန် ကန့်ကွက်မှုတို့ကို ဦးဆောင်ခဲ့ သည့် ဆရာတော်တစ်ပါးဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List