Monday, October 05, 2015

မိုးကုတ်မြို့နယ်၌ ရွေးကောက်ပွဲယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းသုံးဦး မဟာမိတ်ဖွဲ့


မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် မဲဆန္ဒနယ်မြေ များတွင် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလလွှတ် တော်ကိုယ်စားလှယ်လောင်း သုံးဦးတို့သည် ရွေးကောက်ပွဲအောင် နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများကို မဟာမိတ်ဖွဲ့ကာ လက်တွဲလုပ်ဆောင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

မိုးကုတ်မြို့နယ် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်မြေတွင် ၀င် ရောက်ယှဉ်ပြိုင်မည့် တစ်သီး ပုဂ္ဂလကိုယ်စားလှယ် ဒေါက်တာ ဦးဝင်းရှိန်၊ မိုးကုတ်မြို့နယ် တိုင်း ဒေသကြီးလွှတ်တော် အမှတ်(၂) မဲဆန္ဒနယ်မြေတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ် စားလှယ် ဦးစိန်မြင့်နှင့် ပြင်ဦးလွင် ခရိုင် အမျိုးသားလွှတ်တော်မဲဆန္ဒ  နယ်မြေတွင် ၀င်ရောက်ယှဉ်ပြိုင် မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဦးအောင်သူ(တံတားနီ-၈၈ မျိုး ဆက်ကျောင်းသားခေါင်းဆောင်) တို့ မဟာမိတ်ဖွဲ့ထားခြင်းဖြစ် ကြောင်း ကိုယ်စားလှယ်လောင်း များက ပြောသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ နှင့် လွှတ်တော်တွင်း၊ လွှတ်တော် ပြင်ပ လုပ်ငန်းများ ပိုမိုထိရောက် အားကောင်းစွာ လုပ်ဆောင်နိုင် ရန် ရည်ရွယ်ကာ တစ်သီးပုဂ္ဂလ သုံးဦး မဟာမိတ်ပြုခြင်းဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် အမျိုးသားလွှတ် တော်မဲဆန္ဒနယ်မြေတွင် ၀င် ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးအောင် သူကပြောသည်။ ၎င်းတို့မဟာ မိတ်အဖွဲ့အနေဖြင့် မိုးကုတ်ဒေသ ဖွံ့ဖြိုးရေးနှင့် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ လုပ်ငန်းများ ပူး ပေါင်းလုပ်ကိုင်ပြီး တစ်နိုင်ငံလုံး တွင် စံပြဖြစ်လာရန်အထိရည် ရွယ်ထားကြောင်း ဦးအောင်သူက ဆိုသည်။

ယုံကြည်ချက်၊ ခံယူချက်၊ ရည်ရွယ်ချက်များတူညီသည့်အ တွက် မဟာမိတ်ဖွဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲမတိုင်မီ မဲဆွယ် စည်းရုံးခြင်းလုပ်ငန်းများကိုလည်း အတူတကွ လုပ်ဆောင်မည်ဟု မိုးကုတ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်မြေ(၂)တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် လောင်း ဦးစိန်မြင့်ကပြောသည်။

‘‘ကျွန်တော်တို့သုံးယောက် က တစ်သီးပုဂ္ဂလဆိုပေမယ့် ညီ အစ်ကိုလိုဖြစ်နေတယ်။ သုံးဦးက တစ်သားတည်းဖြစ်နေတယ်’’ဟု မိုးကုတ်မြို့နယ် ပြည်သူ့လွှတ် တော်မဲဆန္ဒနယ်မြေ တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါက်တာဦးဝင်းရှိန်ကဆိုသည်။

အဆိုပါသုံးဦးအနက် ဒေါက် တာဦးဝင်းရှိန်နှင့် ဦးစိန်မြင့်တို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု၍ ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်ရန် အဆိုပြုခဲ့ သော်လည်း ပယ်ချခံရ၍ တစ်သီး ပုဂ္ဂလအနေဖြင့် ၀င်ရောက်ယှဉ် ပြိုင်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ဒေါက်တာ ဦးဝင်းရှိန် နှင့် ဦးစိန်မြင့်တို့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မိုးကုတ်မြို့ နယ်(အနောက်ပိုင်း) ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတာဝန်ထမ်း ဆောင်ခဲ့သူများဖြစ်သည်။ ၎င်းတို့ အနေဖြင့် ရွေးကောက်ပွဲတွင် အ နိုင်ရရန် ယုံကြည်ထားပြီး ရှုံးနိမ့်ခဲ့ မည်ဆိုလျှင်လည်း ဒေသခံများနှင့် လက်တွဲပူးပေါင်းကာ ဒေသဖွံ့ဖြိုး ရေးအတွက် အကောင်းဆုံးကြိုး  စားမည်ဟုဆိုသည်။

‘‘မိုးကုတ်ဒေသခံများရဲ့ ဆုံး ရှုံးနေသော မူလအခွင့်အရေး ပြန် လည်ရရှိအောင်၊ လက်ရှိအနေ အထား ကျောက်မျက်ဥပဒေ လုပ် ထုံးလုပ်နည်းများနဲ့အညီ ကျောက် မျက်တူးဖော်လုပ်ကိုင်ခွင့်တွေပြန် လည်ရရှိအောင် ကျွန်တော်တို့ စွမ်းဆောင်ပေးဖို့ ရည်ရွယ်ထားပါ တယ်။ ဒါကိုရရှိခြင်းအားဖြင့် ကျွန်တော်တို့ဒေသမှာ အလုပ် လက်မဲ့ နည်းသွားမယ်။ ဒေသရဲ့ မူလအခြေအနေအတိုင်း စီးပွား ရေးပြန်လည်ဖွံ့ဖြိုးလာမှာဖြစ်ပါ တယ်’’ဟု ဦးစိန်မြင့်ကပြောသည်။

လာမည့်ရွေးကောက်ပွဲအ တွက် မိုးကုတ်မြို့နယ်အတွင်း ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့်တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်မြေအပါ အ၀င် မဲဆန္ဒနယ် လေးနေရာအ တွက် နိုင်ငံရေးပါတီ ခုနစ်ခုမှ ကိုယ်စားလှယ်လောင်း ၂၂ ဦး နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် လောင်းသုံးဦး စုစုပေါင်း ၂၅ ဦး ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List