Friday, October 09, 2015

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် KIA နှင့် SSA မြောက်ပိုင်းအား ထိုးစစ်ဆင်နေမှု ရပ်ဆိုင်းပေးရန် ကျားခေါင်းပါတီ တောင်းဆို


အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေးရှုသောအားဖြင့် ကေအိုင်အေ နှင့် သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတို့အား အစိုးရစစ်တပ်မှ ထိုးစစ်ဆင်နေမှုများ ရပ်ဆိုင်းပေးရန်အတွက် ကျားခေါင်းခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ကြေငြာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါသည်။

အောက်တိုဘာလ ၈ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သော အဆိုပါကြေငြာချက်တွင် နိုင်ငံလုံး ဆိုင်ရာအပစ်ခတ်ရပ်စဲရေး အတွက် ဆွေးနွေးဆဲအဆင့် တွင်သာရှိနေသာ ကေအိုင်အေနှင့် သျှမ်း ပြည်တပ်မတော် မြောက်ပိုင်း တို့အား ထူးခြားဖြစ်စဉ်မရှိပဲ ထိုးစစ်ဆင်နေသည်ဟု ကြေငြာ ချက် တွင် ဖော်ပြပါရှိသည်။ 

နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲဖို့အတွက် အန်စီအေ စဖို့ တိုင်းရင်းသားတွေ ဘက်က တောင်းဆိုခဲ့ တာပဲ။ အခုလည်း ပျက်သွားတာ မဟုတ်သေးဘူး။ အဆင်သင့်ဖြစ်တဲ့ အဖွဲ့ နဲ့ အဆင်သင့် မဖြစ်တဲ့ အဖွဲ့ဆိုပြီး ရှိနေတာ။ ဒီလို အချိန်မျိုးမှာ ရမယ်ရှာပြီး ထိုးစစ်ဆင်နေတာက တော်တော်လေးကို ဆိုးဝါး တယ်။ အတင်းအကျပ်လုပ်ယူနေတဲ့ သဘောဖြစ်နေတယ်။ ဒီလိုနဲ့ ဘယ်လို လုပ်အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်လာမလဲ - ဟု သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရ စိုင်းလိတ် က ပြောသည်။

မြန်မာအစိုးရ စစ်တပ်နှင့် သျှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်များ အကြား ယခုရက်ပိုင်းတွင် တိုက်ပွဲများ တောက်လျှောက်ဆိုသလို ဖြစ်ပွား ခဲ့ပြီး အောက် တိုဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့ တို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ မှာ ပြင်း ထန်ခဲ့ပြီး ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်ဟု သျှမ်းပြည် တပ်မတော် မြောက်ပိုင်း SSA/SSPP မှ ထုတ်ပြန်ထားသည်။ 

ယခုကဲ့သို့ ရွေးကောက်ပွဲနီးကပ်ချိန်နှင့် NCA ခေါ် နိုင်ငံလုံးဆိုင်ရာ အပစ် ခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုခါနီးအချိန်တွင် တိုက်ပွဲများ ကြောင့် မလိုလား အပ်သော အဟန့်အတားများ ဖြစ်မလာစေရန်မှာ အလွန် အရေးကြီးသည်ဟု စက်တင်ဘာလ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် SSPP ၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်မတော်နှင့် အစိုးရ စစ်တပ်တို့ အကြားတွင်လည်း မံစီမြို့နယ်နှင့် ဖားကန့် ဒေသတို့တွင် တိုက်ပွဲ များ ဖြစ် ပွားနေပြီး မံစီမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများ ကြောင့် ဒေသခံ အမြောက်မြားမှာ စစ်ဘေးရှောင် ဒုက္ခသည် စခန်းများတွင် သွားရောက်ခို လှုံနေရသည်။

သျှမ်းပြည်တပ်မတော် မြောက်ပိုင်းနှင့် မိုင်းရှူး မြို့နယ် အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံ အချို့မှာလည်း ဘေးလွတ်ရာကို သွားရောက်ခို လှုံနေ ရကြောင်း သိရသည်။

ကေအိုင်အေမှာ အစိုးရနှင့်တ ဖွဲ့ချင်းစီအလိုက် အပစ်ခတ်ရပ်စဲမှု ပြုလုပ် ထာြး ခင်း မရှိသော်လည်း ရှမ်းပြည်တပ်မတော် မြောက်ပိုင်းမှာ ၂၀၁၂ ခုနစ် ကတည်းက ပြည်ထောင်စု အဆင့်အပစ်ခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ထားသည်ဟု သိရသည်။

Panglong(Burmese)

No comments:

Post a Comment

My Blog List