Saturday, October 10, 2015

ရွေးကောက်ပွဲ အောင်နိုင်ရေးအသုံးစရိတ် အကူအညီပေးရန် ကမ်းလှမ်းမှုများ ရှိနေဟု မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဆို


 ရွေးကောက်ပွဲအောင် နိုင်ရေး အသုံးစရိတ်အတွက် အ ကူအညီပေးရန် ကမ်းလှမ်းမှုများ ရှိနေပြီး လိုအပ်ပါက လက်ခံရ ယူမည်ဖြစ်ကြောင်း ပြင်ဦးလွင် မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င် ရောက်ယှဉ်ပြိုင်မည့် လက်ရှိ မန္တလေးတိုင်းဒေသကြီး ၀န်ကြီး ချုပ်ဦးရဲမြင့်က ပြောသည်။

 ‘‘အခု လောလောဆယ်တော့ ကျွန်တော်တို့ကို ကမ်းလှမ်း နေတာတွေ ရှိပါတယ်။ လော လောဆယ်တော့ လက်ဝယ်တော့ မရောက်သေးပါဘူး’’ဟု ဦးရဲမြင့် က အောက်တိုဘာ ၈ ရက် ပြင် ဦးလွင်မြို့နယ် ပန်းဦးတောင်ကျေးရွာတွင် ဒေသခံများအား မဲဆွယ် စည်းရုံးမှုအပြီး သတင်းထောက် အချို့၏ ရွေးကောက်ပွဲအောင်နိုင် ရေး အသုံးစရိတ်အတွက် ပြင်ပ စီးပွားရေးလုပ်ငန်းရှင်များက အကူအညီပေးမှု ရှိပါသလားဆို သော မေးခွန်းအပေါ် ပြန်လည်ဖြေကြားခဲ့သည်။

နယ်ပယ်စုံမှ ပုဂ္ဂိုလ်များက အကူအညီပေးရန် ကမ်းလှမ်းထားခြင်းဖြစ်ပြီး လိုအပ်ပါက လက်ခံရယူမည်ဟု ဦးရဲမြင့်ကဆိုသည်။

‘‘ဒါတော့ ကျွန်တော်တို့က ဥပဒေအရ ခွင့်ပြုထားတယ်လေ။ ခွင့်ပြုထားတော့ ကိုယ်လိုအပ်တဲ့ နေရာမှာ သုံးနိုင်တယ်ဆိုတဲ့ အ နေအထားလေးတွေ တွက်ပြီး တော့မှ ဒါတော့ ကျွန်တော်တို့ က လက်ခံမှာပါ’’ဟု ၎င်းကဆက်  လက်ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီ၏ မန္တလေး တိုင်းဒေသကြီး ဥက္ကဋ္ဌလည်းဖြစ် သည့် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးရဲမြင့်သည် ၂၀၁၀ ရွေး ကောက်ပွဲတွင် ၎င်းအနိုင်ရခဲ့သည့် မဲဆန္ဒနယ်မြေ၌ပင် ထပ်မံပါဝင်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

လက်ရှိ မဲဆွယ်စည်းရုံးမှု ကာလ တစ်လကျော်အတွင်း အောင်နိုင်ရေးအတွက် အသုံးစရိတ် ကျပ်သိန်း ၂၀ ကျော် သုံးစွဲထားပြီးဖြစ်သည်ဟု ဆိုသည်။

ရွေးကောက်ပွဲ ဥပဒေများအ ရ လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးသည် မဲဆွယ်စည်း ရုံးမှုကာလအတွင်း အောင်နိုင် ရေးရန်ပုံငွေ ကျပ်သိန်း ၁၀၀ အ ထိ သုံးစွဲခွင့်ပြုထားသည်။ နိုင်ငံ ရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် နိုင်ငံသားစီးပွားရေး လုပ်ငန်းရှင်၊ နိုင်ငံသားပိုင်ကုမ္ပဏီ အစုအဖွဲ့များက နိုင်ငံရေး ပါတီများအတွက် ရန်ပုံငွေအဖြစ်  လှူဒါန်းလာမှုများအပေါ် လက်ခံရယူနိုင် ကြောင်း ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲ အောင်နိုင် ရေး၊ မဲဆွယ်စည်းရုံးရေး လှုပ်ရှား မှုများအတွက် ပြည်ခိုင်ဖြိုးပါတီက ၎င်းတို့ပါတီ ကိုယ်စားပြု ၀င် ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်း တစ်ဦးစီအား အောင်နိုင်ရေးရန်ပုံငွေ ကျပ်သိန်း ၃၀ စီ ထောက်ပံ့ထားကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ မန္တလေးတိုင်း အတွင်းရေးမှူး ဦးဝင်းမောင်က
 ပြီးခဲ့သည့် ဇူလိုင်လက ပြောကြားခဲ့သည်။

 မဲဆွယ်ကာလအတွင်း အောင်နိုင်ရေးအသုံးစရိတ် အ မြောက်အမြား သုံးစွဲရဖွယ်မရှိဘဲ ဥပဒေအရ သုံးစွဲခွင့်ပြုထားသည့် ကျပ်သိန်း ၁၀၀ ထက် လျော့နည်း မည်ဖြစ်ကြောင်း ဦးရဲမြင့်က ဆို သည်။

7Day News Journal

No comments:

Post a Comment

My Blog List