Tuesday, October 06, 2015

နိုင်ငံတော်သမ္မတ တိုင်းမှူးဘ၀တွင်ချပေးခဲ့သော မြေဧက ၃၀၀ ကျော် မတရားသိမ်းညိးခံရမှု ဥပဒေနှင့်အညီ ဖြေရှင်းပေးရန် သတင်းစာရှင်းလင်းပွဲ ပြုလုပ်


နိုင်ငံတော်သမ္မတဦးသိန်းစိန် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သော ၁၉၉၉ ခုနှစ်တွင် ရှမ်းပြည်နယ်တာချီလိတ်မြို့နယ်မကာဟိုခမ်းရပ်ကွက်တွင်နေ ထိုင်သူ ဦးကိုဦးအား မြေလွတ်မြေရိုင်း ၃၂၅ ဧက တိုင်းမှူးကိုယ်တိုင်လက် မှတ်ရေးထိုးထုတ်ပေးခဲ့ကြောင်း၊ ယခုအချိန်တွင် အဆိုပါနေရာတွင် မတရားသိမ်းဆည်းမှုရှိနေသောကြောင့် ဥပဒေနှင့်အညီ ဖြေရှင်းပေးရန် အောက်တိုဘာ ၅ ရက်နေ့က ရန်ကုန်မြို့ City Star ဟိုတယ်၌ သတင်းစာ ရှင်းလင်းခဲ့သည်။

“အပေါ်ပိုင်းမှာ ဥပဒေတွေရေးဆွဲ အကောင်အထည်ဖော်နေပေမယ့် အောက် ခြေမှာက ပွင့်လင်းမြင်သာမှု မရှိသေးဘူး။ တိုင်းမှူးချပေးတဲ့မြေကို ကျွန်တော်လုပ်တာ တရားစွဲဆို ခံနေရတယ်။ အဲဒါကို ကျွန်တော် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အောက်ခြေမှာဖြေရှင်းတာ ၂ နှစ်ရှိသွားပြီ။ ဒါပေမယ့် မရခဲ့ဘူး။ ဒါကြောင့် တာဝန်ရှိတဲ့သူကိုယ်တိုင် သိရှိဖြေရှင်းပေနိုင်အောင်ရည် ရွယ်ပြီး ဒီ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ရတာ ဖြစ်ပါတယ်”ဟု ဦးကိုဦးက ပြောသည်။

သမ္မတဦးသိန်းစိန်ဘ၀က လက်မှတ်ရေးထိုးချပေးထားသော မြေဧက ၃၀၀ ကျော်ကို တာချီလိတ်ခရိုင် စိမ်းလန်းစိုပြေရေးအတွက် စံပြ ရာဘာနှင့် စပါးများ စိုက်ပျိုးခဲ့ကြောင်း၊ ရာဘာသက်တမ်း ၁နှစ်ခန့်ရှိချိန်တွင် သက်ဆိုင် ရာ မြေတိုင်းစာရေးနှင့် အုပ်ချုပ်ရေးမှူးတို့က အကြောင်းပြချက်မရှိဘဲ သိမ်းယူခဲ့ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ပြဿနာကို ဥပဒေနှင့်အညီ ဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတအပါ အ၀င် သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်ထံ အောက်တိုဘာ ၅ ရက်နေ့ ရက်စွဲဖြင့် ရန်ကုန်စာတိုက်ကြီးမှ စာပို့ထားကြောင်း အဆိုပါ မြေယာကိစ္စတွင် ကူညီဆောင်ရွက်ပေးသူ ဦးဝင်းမြင့်က ပြောသည်။

နောင်လေး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List