Saturday, October 10, 2015

မိမိလူမျိုးပါတီကို မဲပေးမည့်သူ ၂၀ ရာခိုင်နှုန်းရှိဟု စစ်တမ်းတစ်ရပ်ဖော်ပြ


ရွေးကောက်ပွဲတွင် မဲ ပေးမည့် နိုင်ငံရေးပါတီများ ရွေး ချယ်ရာတွင် မိမိလူမျိုးပါတီကိုသာ မဲပေးမည်ဟု ဖြေဆိုသူ ၂၀ ရာခိုင် နှုန်းရှိပြီး ယင်းသို့ဖြေဆိုသူအများ စုမှာ ရခိုင်နှင့် မွန်လူမျိုးများဖြစ် ကြောင်း အမျိုးသမီးအဖွဲ့များကွန် ရက် WON က မဲဆန္ဒရှင်များ၏ ရွေးချယ်မှုနှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသမီး များ ပါဝင်မှုခေါင်းစဉ်ဖြင့် ကောက် ယူခဲ့သည့် သုတေသနစစ်တမ်း တွင် ဖော်ပြထားသည်။

အဆိုပါ သုတေသနစစ်တမ်း ကို တိုင်းနှင့်ပြည်နယ် ၁၄ ခုမှ အသက် (၁၈)နှစ်အထက် ပြည်သူ ၁,၂၆၀ ဦးကို ၂၀၁၅ မေမှ ဇွန်လအထိ နှစ်လကြာ ပြုလုပ်ခဲ့ကြောင်း WON အဖွဲ့က ထုတ်ပြန်သည်။

စာတမ်းတွင် ဖြေဆိုသူ ၆၀ ရာခိုင်နှုန်းက နိုင်ငံရေးပါတီများ ရွေးချယ်ရာတွင် ပါတီ၏ မူဝါဒ၊ ပေါ်လစီနှင့် ရည်ရွယ်ချက်များ သုံးသပ်ပြီးမှသာ ရွေးချယ်မှုဟု ဖြေဆိုထားသည်ဟုဆိုသည်။

 ထိုသုတေသနစစ်တမ်း ကောက်ယူခဲ့သည့် ပြည်သူများ တွင် အမျိုးသမီး ၇၀ ရာခိုင်နှုန်းနှင့် အမျိုးသား ၃၀ ရာခိုင်နှုန်း ပါဝင်ပြီး အသက် (၁၈) နှစ်အထက်နှင့် (၃၆) နှစ်ကြား ပညာအရည်အ ချင်း အထက်တန်းအဆင့်နှင့် ဘွဲ့ ရများအား မေးမြန်းထားခြင်းဖြစ် ကြောင်း WON အဖွဲ့က ပြော သည်။

‘‘ခေါင်းဆောင်ရွေးချယ်မှုအ ပိုင်းမှာလည်း အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ပညာတတ် ခေါင်းဆောင်တွေနဲ့ အရည်အ ချင်းရှိတဲ့ ခေါင်းဆောင်တွေကို ရ ဖို့စာတမ်းဖြေဆိုသူတွေက မျှော် လင့်နေကြပါတယ်’’ဟု အမျိုးသမီး အဖွဲ့များကွန်ရက် WON ပြန် ကြားရေးတာဝန်ခံ မပျိုးလက်ဟန် ကပြောသည်။

ကိုယ်စားလှယ်လော ရွေး ချယ်သည့်အခါတွင် စာတမ်းဖြေဆိုသူ ၄၉ ရာခိုင်နှုန်းက ပညာအရည်အချင်းကို ကြည့်မည်ဟု ပြောကြားထားပြီး ၃၃ ရာခိုင်နှုန်းမှာ ပါတီမူဝါဒ၊ ပေါ်လစီနှင့် ရည်ရွယ်ချက်များကို အခြေခံပြီး ရွေးချယ်မည်ဟု ပြောကြားထားကြောင်း စစ်တမ်းအရသိရသည်။

 ပြီးခဲ့သည့် ၂၀၁၀ အထွေ ထွေ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့တွင်  မဲပေးရန်မသိရှိသောကြောင့် မဲမ ပေးခဲ့သူ ၂၈ ရာခိုင်နှုန်းမှာ ပါတီ နှင့် ကိုယ်စားလှယ်လောင်းများကို မယုံကြည်ခြင်းကြောင့် မဲမပေးခဲ့ ကြောင်း အဆိုပါစစ်တမ်းအရသိရ သည်။ အဆိုပါ ရွေးကောက်ပွဲများ တွင် အိမ်ထောင်ဦးစီးက မဲပေး လျှင် ကိုယ်တိုင်ပေးရန် မလိုအပ် ဟုယူဆကာ မဲမပေးခဲ့သည့် အမျိုး သမီးများမှာ ၁၃ ရာခိုင်နှုန်းရှိပြီး အိမ်မှ မိသားစုဝင်များ မဲပေးသည့် အတွက် မဲမပေးခဲ့သူ အမျိုးသမီး များ၏ ၃၀ ရာခိုင်နှုန်းရှိကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။


7Day News Journal

No comments:

Post a Comment

My Blog List