Monday, October 05, 2015

ပါတီအမှတ်တံဆိပ် မှားယွင်းမဲမပေးမိစေရန် ဒေါ်အောင်ဆန်းစုကြည်ပြော



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သင်္ကေတတံဆိပ်ကို ဆင်တူယိုးမှားပြုလုပ်ခြင်းများနှင့် ယခင်သင်္ကေတဟောင်း ခမောက်ကိုသာ ဆက်လက် အသုံးပြုနေသည်ဟု  ၀ါဒဖြန့်နေခြင်းများ ကြောင့် ပြည်သူများအနေဖြင့် မှားယွင်းမဲမပေးမိရန် အရေးကြီး ကြောင်း ဒေါ်အောင်ဆန်းစုကြည် က မိုးညှင်းဟောပြောပွဲတွင် ပြော ကြားသည်။

အောက်တိုဘာ ၄ ရက်က မိုးညှင်းမြို့ ရွှေသာလျောင်းဇာတ် ရုံကွင်းတွင် ပြုလုပ်ခဲ့သော ရွေး ကောက်ပွဲဆိုင်ရာ ဟောပြောပွဲ ၌ ပါတီအမှတ်တံဆိပ်ဆင်တူယိုးမှားများစွာ ရှိနေခြင်း၊ ခမောက် ကို ဆက်သုံးသည်ဟု သတင်းမှား ဖြန့်နေခြင်းများကြောင့် ပြည်သူများ အနေဖြင့် ရွေးကောက်ပွဲတွင် အနီရောင်ပေါ်၌ ခွပ်ဒေါင်းအ၀ါနှင့် ကြယ်အဖြူတစ်လုံး ပါဝင်သော ဒီချုပ်တံဆိပ်ကို ဂရုပြုမဲပေးကြရန် ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့ခြင်း ဖြစ်သည်။

‘‘တခြားအဖွဲ့အစည်းတွေက ကျွန်မတို့အလံနဲ့ ခပ်ဆင်ဆင်ပုံစံ တွေကို ရွေးထားကြပါတယ်။ ဒါရိုးရိုး တိုက်ဆိုင်မှုလည်း ဖြစ်နိုင် တယ်။ မရိုးမသားတိုက်ဆိုင်မှု လည်း ဖြစ်နိုင်တယ်။ ဘာပဲပြော ပြော အရေးကြီးတာက ပြည်သူ တွေက မမှားဖို့ပါပဲ။ ကျွန်မတို့ရဲ့ သင်္ကေတဖြစ်တဲ့ အနီရောင် အ ပေါ်မှာ ခွပ်ဒေါင်းအ၀ါနဲ့ ကြယ် အဖြူကြီး တစ်လုံးဆိုတဲ့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် တံဆိပ် ကို ရွေးကောက်ပွဲမှာ မဲပေးကြပါ လို့ ကျွန်မအနေနဲ့ သတိပေးချင်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစု ကြည်က ပါတီအလံနှင့် ပတ်သက်၍ အောက်ခံ အနီရောင်သည် သတ္တိကို ကိုယ်စားပြုခြင်းဖြစ်ပြီး ကြယ်ဖြူမှာ အကြမ်းမဖက်သည့် နည်းလမ်းဖြင့် တော်လှန်ရေးဆင် နွှဲသည့် ဖြူစင်သော စိတ်ဓာတ်ကို ကိုယ်စားပြုသတ်မှတ်ထားခြင်း ဖြစ်ကြောင်း ပြည်သူများအား ရှင်းပြသည်။ ခွပ်ဒေါင်းကို ရွေးချယ် ခြင်းမှာ ၈၈ အရေးတော်ပုံတွင် ပါဝင်ခဲ့သည့် လူငယ်နှင့် ကျောင်း သားများကို ကိုယ်စားပြုသည့် အဓိပ္ပာယ်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဒီချုပ်ဥက္ကဋ္ဌက မိုးညှင်းလူထု ကို ‘‘အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ သင်္ကေတဟာ အရင်တုန်း က သုံးခဲ့တဲ့ ခမောက်လို့ တမင်ဝါဒဖြန့်နေတာကို ကျွန်မကြားရပါ တယ်။ လုံးဝမဟုတ်ပါဘူး။ အဖွဲ့ချုပ်ရဲ့ သင်္ကေတဟာ ခွပ်ဒေါင်းနဲ့ ကြယ်ဖြူဖြစ်ပါတယ်။ ကျွန်မတို့ အလံဟာလည်း အားလုံးအခု ဒီမှာ ဆိုရင် အလံတွေတလူလူနဲ့ မြင် နိုင်ပါတယ်။ ပြည်သူလူထုရဲ့ လက်ထဲမှာလည်း ကျွန်မတို့အလံလေး တွေရှိပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးရမှာက အဲဒီအလံအတိုင်းပါ ပဲလို့ ပြောပါရစေ’’ဟု ထည့်သွင်း မှာကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိုးညှင်းဟောပြောပွဲတွင် ဒေသခံ ပြည်သူတစ်သောင်းကျော်တက် ရောက်ခဲ့သည်။

‘‘ဒီမှာက ပါတီကြီး နှစ်ခုပဲ စည်းရုံးရေးကောင်းတယ်။ ကျွန် တော်တို့ကတော့ NLD ပဲ’’ဟု မိုး ညှင်းဒေသခံ ဦးဖုန်းမောင်က ပြောသည်။

မိုးညှင်းဒေသတွင် ဒီချုပ်အနိုင်ရရှိရန် အလားအလာကောင်းနေကြောင်း ဒေသခံများက သုံးသပ်သည်။

 ဒေါ်အောင်ဆန်းစုကြည် သည် မိုးညှင်းဟောပြောပွဲအပြီး အင်းတော်ကြီးဒေသသို့ ဆက် လက်သွားရောက်ရာ လမ်းတစ် လျှောက် ပြည်သူထောင်နှင့်ချီကာ စောင့်ဆိုင်းကြိုဆိုခဲ့သည်။ အင်း တော်ကြီးဒေသ နန့်မွန်းကျေးရွာ တွင် ဟောပြောပွဲဆက်လက်ပြု လုပ်ပြီး မွန်းတည့် ၁၂ နာရီ နေပူ အောက်၌ ပြည်သူသုံးထောင် ခန့် တက်ရောက်ခဲ့ကြသည်။ ဒီ ချုပ်ပါတီက ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ် ၆၆ နေရာ အားလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

7Day News Journal

No comments:

Post a Comment

My Blog List