Thursday, October 08, 2015

သီတဂူကျေးဇူး ကြီးမားလှပါတယ်


ရွှေးကောက်ပွဲနီးလာတာတော့ ဘယ်သူ့ကို မဲပေးမလဲ။ ဘယ်ပါတီကို ထောက်ခံမလဲဆိုပြီး အမြင်အမျိုးမျိုး ကွဲနေကြတယ်။ တချို့တွေက အပြောင်း အလဲအတွက် လူသစ်စနစ်သစ်ကိုသွားနိုင်ဖို့ြီူ ကိုမဲပေးဖို့ ပြောကြတယ်။ အာဏာရ ပြည်ခိုင်ဖြိုးပါတီကလည်း သူတို့သာလျှင် အ ပြောင်းအလဲကို အစပြုခဲ့လို့ သူတို့ပါတီကို မဲ ပေးဖို့ ဟစ်ကြွေးပြန်တယ်။


တိုင်းရင်းသားတွေ ကလည်း ကိုယ့်တိုင်းရင်းသာပါတီကိုပဲ မဲပေး ပြီး ကိုယ့်လူမျိုးအခွင့်အရေး အတွက် တိုက်ပွဲ ဝင်ဖို့ စည်းရုံးကြတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင် ခွင့်နောက်ဆုံးရက်မှာကပ်ပြီး ပါတီ တည်ထောင်ခွင့်ရလိုက်တဲ့ အမျိုးသား တိုးတက် ရေးပါတီကလည်း အမျိုးဘာသာသာသနာ ဆိုတဲ့ခေါင်းစဉ်နဲ့ သူတို့ပါတီကိုမဲပေးဖို့ ပွဲထွက် လာပြန်တယ်။ အလားတူပဲ တစည ၊  NDF နဲ့ အခြားပါတီကြီးငယ်အသီးသီးကလည်း စကား လုံးအမျိုးမျိုး ကတိအမျိုးမျိုးနဲ့ မဲဆွယ်နေကြ တာပေါ့။

ရွေးကောက်ပွဲမှာ ပါတီတွေဟာ ကိုယ့်ပါ တီအနိုင်ရဖို့ ကိုယ့်စိတ်ကြိုက်ပုံစံနဲ့ မဲဆွယ်စည်း ရုံးခွင့်၊ ဟောပြောခွင့်ရှိပါတယ်။ ဒါပေမဲ့ သန့် သန့်ရှင်းရှင်း မျှမျှတတဖြစ်ဖို့တော့ လိုပါတယ်။ ပြိုင်ဘက်ပါတီကို အောက်လုံးတွေနဲ့ အပုပ်ချ ပြီး ကိုယ့်ပါတီကို ထောက်ခံမှုရအောင် လုပ် တာမျိုး မဖြစ်သင့်ပါဘူး။ အထူးသဖြင့် ဘာ သာရေးကိုခုတုံးလုပ်ပြီး မဲဆွယ်တဲ့ကိစ္စမျိုးကို ပြောချင်ပါ တယ်။ အဲဒါတွေမဖြစ်အောင် ရွေး ကောက်ပွဲကော်မရှင်ကလည်း စည်းမျဉ်း စည်း ကမ်းတွေ ထုတ်ပြန်ပြီး တားမြစ်ထားတာရှိပါ တယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများ စုဝေးဟောပြောခွင့်နှင့် မဲဆွယ်စည်း ရုံးခွင့် ပြဋ္ဌာန်းချက်အပိုဒ်(၆)မှာ လူမျိုးရေး (သို့) ဘာ သာရေး (သို့) လူတစ် ဦးချင်း (သို့) လူအများ နှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင် သည့်ရေးသားမှု၊ ဟောပြောမှု သို့မဟုတ် မဲ ဆွယ်စည်းရုံး လှုံ့ဆော်မှုပြုလုပ်ခြင်းနဲ့ အပိုဒ် (၇)မှာ ဘာသာရေး ကို နိုင်ငံရေးအတွက် အ လွဲသုံးစားပြုလုပ်ခြင်း မလုပ်ရဘူးလို့ အတိ အလင်း ပြဋ္ဌာန်းထားပါတယ်။

ဒါပေမဲ့ အခုမဲဆွယ်စည်းရုံးတဲ့နေရာမှာ ပါတီတချို့ဟာ မဲဆွယ်တဲ့ကားတွေမှာ သာသ နာ့အလံ ချိတ်ထားတာမျိုး ကိုယ့်ပါတီဟာ ဘာသာသာသနာအတွက် လုပ်မယ့်ပါတီဆိုပြီး ပြောင်ပြောင်တင်းတင်း ပြောဆိုမဲဆွယ်နေတာ မျိုး လုပ်နေကြပါတယ်။ အဲဒီထက်ပိုဆိုးတာ က အင်န်အယ်လ်ဒီပါတီကို ဘာသာခြားပါတီ၊ အင်န်အယ်လ်ဒီပါတီ အာဏာရသွားမယ်ဆို ရင် ဘာသာခြားတိုင်းပြည် ဖြစ်သွားမယ်ဆိုပြီး ဘာသာရေးကိုခုတုံးလုပ်ပြီး ပြောဆိုစည်းရုံးနေ တဲ့အပိုင်းတွေ နိုင်ငံအနှံ့မှာ မြင်နေတွေ့နေရ ပါတယ်။ အင်တာနက် ဖေ့စ်ဘွတ်ခ်စာမျက် နှာကတစ်ဆင့် အမျိုးဘာသာသာနာကို ကာ ကွယ်မယ်ဆိုတဲ့ခေါင်းစဉ်နဲ့ ကိုယ့်ပါတီကို မဲ ပေးဖို့၊ အင်န်အယ်လ်ဒီကို မဲမပေးဖို့ ပြောင် ပြောင်တင်းတင်း ရေးသားမှုတွေ ရှိပါတယ်။ အဲဒီလို ဘာသာရေးကိုအသုံးချပြီး ပြောဆိုမဲ ဆွယ်နေတဲ့ပါတီတွေ၊ လူတွေရဲ့ တူညီတဲ့အ ချက်တစ်ခုက အင်န်အယ်လ်ဒီကိုပဲ ဘာသာ ရေးနဲ့ တက်ညီလက်ညီ ဝိုင်းဝန်းတိုက်ခိုက်နေ ကြတဲ့ကိစ္စပါပဲ။ ဒီနေရာမှာ အမျိုးဘာသာ သာ သနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)ရဲ့အခန်း ကဏ္ဍနဲ့ပတ်သက်ပြီး ပြောစရာတွေရှိပါတယ်။ အဲဒီလို အင်န်အယ်လ်ဒီပါတီကို ဘာသာရေး နဲ့ ပြောဆိုတိုက်ခိုက်နေကြသူတွေကို ကြည့် မယ်ဆိုရင် မဘသရဲ့ ထီးရိပ်အောက်မှာ ဝင် ရောက်ခိုလှုံနေကြသူတွေ ရှိပါတယ်။

 မဘသဦးဆောင်ဆရာတော်ဖြစ်တဲ့ အ ရှင်ဝီရသူကလည်း ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ခွင့်ကို ပိတ်ပင်ထားသလို ဖြစ်နေတဲ့ ပုဒ်မ၅၉(စ)ပြင်ဆင်ရေးကို လုံးဝလက်မခံနိုင် တဲ့အကြောင်း၊ အဲဒီလို ပြင်ဆင်လိုက်မယ် ဆို ရင် မြန်မာနိုင်ငံဟာ ဘာသာခြားတွေရဲ့အုပ် ချုပ်မှုအောက်ကို ရောက် သွားနိုင်တဲ့အကြောင်း၊ ဒါကြောင့် မဘသအဖွဲ့အနေနဲ့ အဲဒါတွေကို ကန့်ကွက် နေရတဲ့အကြောင်း မန္တလေးမြို့မှာ အင်န်အယ်လ်ဒီပါတီနာယက သူရ ဦးတင်ဦး နဲ့ တွေ့ဆုံချိန်က မိန့်ကြားခဲ့ပါတယ်။ မဘသ အဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တတိလောကာဘိ ဝံသ ကိုယ်တိုင်လည်း ''ဘာသာရေး အတွက် တိုင်းပြည်အတွက် လိုအပ်လို့ရှိရင်တော့ အ သုံးချသင့်သလောက် အသုံးချရမှာပဲ''လို့ အတိ အလင်းပြောထားတော့ မဘသရဲ့ ရည်ရွယ် ချက်ဟာ အင်န်အယ်လ်ဒီပါတီ မဲမရရှိရေးလား ဆိုပြီး မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဒါ ကြောင့်လည်း ပါတီတချို့ရဲ့ မဲဆွယ်စကားသံ နဲ့ မဘသအဖွဲ့ရဲ့ အင်န်အယ်လ်ဒီအပေါ် ပြော ဆိုတဲ့လေသံတွေ တစ်ထပ်တည်းဖြစ်နေရခြင်း လို့ဆိုနိုင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အ ခန်း ၉၊ ပုဒ်မ ၃၉၂ (က)မှာ သာသနာ့ဝန်ထမ်း များ ဆန္ဒမဲပေးပိုင်ခွင့်မရှိစေရဆိုတဲ့ ပြဋ္ဌာန်း ချက်တစ်ခု ရှိပါတယ်။ ဒါကြောင့် ကိုယ်တိုင် မဲပေးခွင့်မရတဲ့ သံဃာတော်တွေဟာ ဆန္ဒာ ဂတိကို အခြေခံပြီး ချစ်သူကိုသာစေ မုန်းသူကို နာစေ ဆိုတဲ့စိတ်မျိုးနဲ့ မိမိရဲ့တပည့်ဒကာတွေ ကို သွယ်ဝိုက်ဖြစ်စေ၊ မသိမသာဖြစ်စေ လမ်း ညွှန်တာမျိုး မလုပ်သင့်ပါဘူး။

အဲဒီလိုအကြောင်းတရားတွေကြောင့် သီ တဂူဆရာတော် အရှင်Óဏိဿရကိုယ်တိုင် ပီယနဲ့ အပီယကို အခြေခံပြီး အစွန်းနှစ်ဖက် လွတ်အောင်ပြုမူကျင့်ကြံကြဖို့ ရန်ကုန်မြို့ သု ဝဏ္ဏ မိုးလုံလေလုံအားကစားရုံမှာ အောက် တိုဘာ ၄ ရက်က ကျင်းပတဲ့ မျိုးစောင့်ဥပဒေ အောင်ပွဲအထိမ်းအမှတ်အခမ်းအနားမှာ မိန့် ကြားခဲ့ပါတယ်။ ဆရာတော်ကြီးက လောက ဓမ္မ နှစ်ဌာနမှာ ဓမ္မဝိနယနဲ့ လျော်ညီအောင် ကျင့်ကြံပြီး အစွန်းနှစ်ဖက်လွတ်အောင် ရှောင် ပြီး လောကအကျိုးပြုဖို့ ဆုံးမသြဝါဒပေးခဲ့တယ်။ အဲဒီအစွန်းနှစ်ဖက်က ဘာလဲဆိုရင် ပီယဆို တာအစွန်းတစ်ဖက်ပါ။ အပီယဆိုတာလဲ အ စွန်းတစ်ဖက်ပါ။ ပီယဆိုတာက တစ်ယောက် ယောက်ကိုချစ်ပြီးတော့ မျက်နှာသာပေးတာ။ အပီယဆိုတာက မုန်းတာ၊ တစ်ယောက်ယောက် ကို မုန်းပြီးတော့ ဖိနှိပ်ပုတ်ခတ်တာ။ အဲဒါ ကြောင့် ချစ်သူလဲမထားဖို့ အရေးကြီးပါတယ်။ မုန်းသူရန်မှလွတ်ရန် ရှောင်ဖို့ကလဲ အရေး ကြီးပါတယ်''လို့ သီတဂူဆရာတော်ကြီးက မိန့် ကြားခဲ့ပါတယ်။

အဓိပ္ပာယ်က ရှင်းပါတယ်။ လူတစ်ယောက် ကိုချစ်လို့ ဘက်လိုက်ပေးတာ မလုပ်သင့်သလို မုန်းလို့နှိပ်ကွပ်တာမျိုးလည်း မလုပ်သင့်ဘူး ဆိုတဲ့သဘောပါ။ ဒီနေရာမှာ ဦးသိန်းစိန်ဖြစ် ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ဖြစ်၊ အင်န် အယ်လ်ဒီပါတီဖြစ်ဖြစ်၊ ပြည်ခိုင်ဖြိုးဖြစ်ဖြစ်၊ ဘယ်လူတစ်ဦးတစ်ယောက်ကိုဖြစ်စေ အဖွဲ့ အစည်းတစ်ခုခုကိုဖြစ်စေ  မဘသအဖွဲ့ကြီး အနေနဲ့ အစွန်းတစ်ဖက်ဖက်က မရပ်တည် ပေးသင့်ဘူးလို့ အတိအကျလမ်းညွှန်လိုက်တဲ့ သဘောပါပဲ။ ချစ်လို့မျက်နှာသာပေးပြီး မုန်း လို့ ကဲ့ရဲ့နေရင်တော့ ဒါဟာ ပီယ၊ အပီယ သဘောဆောင်ပြီး ဘုရားဟောနဲ့ မကိုက်ညီ ဘူးလို့ ဆရာတော်က မိန့်ဆိုလိုက်တယ်လို့ပဲ ဆိုရမှာပါ။

ဒါ့အပြင် သီတဂူဆရာတော်ကြီးက အင် တာနက် ဖေ့စ်ဘွတ်ခ်တွေမှာ ရေးနေကြတဲ့လူ တွေအနေနဲ့ မပြောတာကိုပြောတယ်လို့ မရေး ဖို့၊ ပြောတာတွေကို မပြောသလိုလုပ်ပြီး ပြောင်း ပြန်မလုပ်ကြဖို့ကို ''ဘုရားမဟောတာကို ဘု ရားဟောတယ်လို့ စွပ်စွဲခြင်း'' ဆိုပြီး ဘုရား ရှင်လက်ထက်က မဟုတ်မမှန် လိမ်လည်လီ ဆယ်ဟောပြောခဲ့တဲ့ သာတိရဟန်းတော်ကို နမူနာပြပြီး ဆုံးမသွန်သင်ခဲ့ပါတယ်။ ဒီကိစ္စ ဟာ လက်ရှိမြန်မာ့နိုင်ငံရေးမှာ အင်မတန် ကိုက်ညီမှုရှိပါတယ်။ အထူးသဖြင့် လူတိုင်းနီး ပါး Social Media သုံးစွဲနေတဲ့ ခေတ်ကြီးမှာ စကားတစ်ခွန်း သတင်းတစ်ခုဟာ မှန်ခြင်း မှားခြင်းကို ချက်ချင်းဆုံးဖြတ်ဖို့ ခက်ခဲလွန်း ပါတယ်။ အဲဒီအခြေအနေကို အခွင့်ကောင်း ယူပြီး မိမိနဲ့ အယူအဆမတူညီသူ၊ မိမိမနှစ် သက်သူ လူတစ်ယောက် တစ်ဦးတစ်ယောက် ကိုဖြစ်စေ အဖွဲ့အစည်းတစ်ခုကိုဖြစ်စေ အပုပ် ချဖို့ အင်မတန်လွယ်ကူပါတယ်။ အခု မြန်မာ ပြည်သူတွေကြားမှာ ဖြစ်နေတာ အဲဒီကိစ္စပါပဲ။ ကိုယ်နစ်နာစေသူ တစ်စုံတစ်ယောက်ကို သူ မပြောခဲ့တဲ့စကားကို ပြောခဲ့တယ်လို့ ဝါဒဖြန့် ကြသလို သူပြောခဲ့တဲ့စကားကိုလည်း ပြောင်း ပြန်လှန်ပြီး ကိုယ်လိုရာအသုံးချနေကြတဲ့ ကိစ္စ တွေ နေရာအတော်များများမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဘာသာရေးကိုအခြေခံပြီး လိုရာ ဆွဲပြောနေတဲ့ သာတိရဟန်းလိုလူတွေ မြန်မာ ပြည်မှာ အများကြီးရှိနေပါတယ်။

တိတိကျကျ ပြောရမယ်ဆိုရင် အင်န် အယ်လ်ဒီပါတီကို ကုလားပါတီ၊ အင်န်အယ်လ် ဒီပါတီအနိုင်ရရင် ကုလားနိုင်ငံဖြစ်သွားမယ် လို့ အခြေအမြစ်မရှိ ဝါဒဖြန့်ချိနေကြတဲ့လူတွေ အနေနဲ့ ဆင်ခြင်သင့်ပါပြီ။ အဲဒါတွေကြောင့် အမြင်စောင်းမှုတွေ၊ အထင်မြင်လွဲမှားမှုတွေ ကြီးမားလာနေလို့ မဘသအဖွဲ့ဟာ အောက် တိုဘာ ၄ ရက်က ကြေညာချက်ထုတ်ပြီး ဖြေ ရှင်းခဲ့ရပါတယ်။ ''အမျိုးဘာသာသာနာ စောင့် ရှောက်ရေးအဖွဲ့(လိုဂို)တံဆိပ်ကို အသုံးပြုပြီး နိုင်ငံရေးလှုံ့ဆော်နေမှုတွေကို ရပ်တန်းကရပ် ကြဖို့ အပြင်းအထန်သတိပေးကြောင်း''မဘ သအဖွဲ့ ကြေညာချက်ထုတ်ပြီး တားရတဲ့အ ဆင့်ထိ ဖြစ်ခဲ့ရပါတယ်။

အဖြေက ရှင်းပါတယ်။ မဘသအဖွဲ့ကို ခုတုံးလုပ်ပြီး တစ်စုံတစ်ဦးကို နိုင်ငံရေးအရ ပုတ်ခတ်နေတာတွေ၊ မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်စည်းရုံးနေတာတွေဟာ ရွေးကောက် ပွဲမတိုင်ခင်မှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် နေမှုတွေဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါတွေကို ပြည်သူတွေက အမြင်ရှင်းကြဖို့လို သလို အယုံအကြည်မလွယ်ကြဖို့လည်း လိုပါ တယ်။

အခုလို တိုင်းပြည်အတွက် အလွန်အရေး ကြီးတဲ့ အချိန်ကာလတစ်ခု အချိုး အကွေ့ အ ခိုက်တန့်လေးတစ်ခုမှာ ရဟန်းပရိသတ်၊ လူ ပရိသတ်အားလုံးကို ပီယ၊ အပီယအစွန်းနှစ် ဖက်လွတ်အောင် နေထိုင်ပြီး တိုင်းပြည်နဲ့လူ မျိုး အတွက် မှန်မှန်ကန်ကန်ဦးဆောင်ဦးရွက် ပြုကြသူတွေ ဖြစ်ပါစေလို့ နည်းပေးလမ်းပြ ဆုံးမသြဝါဒပေးခဲ့တဲ့ သီတဂူဆရာတော်ကြီး ရဲ့ ကျေးဇူးက အလွန်တရာမှ ကြီးမားလှပါ တယ်လို့ပဲ ဆိုရတော့မှာပါ။

Yangon Media Group

No comments:

Post a Comment

My Blog List