Saturday, October 10, 2015

ဒေါ်အောင်ဆန်းစုကြည်မလာရောက်မီ သုံးရက်အလိုတွင် လှည်းကူးလမ်း လယ်ကျွန်းများ၌ ပြည်ခိုင်ဖြိုးအလံများ စိုက်ထူထား


 ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေးမလာရောက်မီသုံးရက်အလို ညဥ့်သန်းခေါင် တွင် လှည်းကူးမြို့ လမ်းမတစ် လျှောက် လမ်းလယ်ကျွန်း ရေတမာပင်များ၌ ပြည်ခိုင်ဖြိုး အလံ များ  လာရောက် စိုက်ထူသွား ကြောင်း လှည်းကူးမြို့ခံများက ပြောသည်။

 အောက်တိုဘာ ၇ ရက် ညဥ့် သန်းခေါင်ချိန်က လိုက်ထရပ် နှစ်စီးဖြင့် ရောက်လာသည့် လူ တစ်စုက လှည်းကူးမြို့၊ မင်းလမ်း မတစ်လျှောက် လမ်းလယ်ကျွန်း ပေါ်မှ ရေတမာပင်များပေါ်တွင် ပြည်ခိုင်ဖြိုးပါတီအလံများ လာ ရောက်စိုက်ထူသွားကြပြီး အကွာအဝေးအားဖြင့် နှစ်မိုင်ခန့်ရှိ ကြောင်း သိရသည်။

‘‘လှည်းကူးအ၀င် ကျွန်းက လေးကနေ နှစ်မိုင်လောက်အထိ အလံတွေ စိုက်သွားတာပါ။ ပြည် သူပိုင်လမ်းကို အသုံးပြုတဲ့အ တွက် မြို့ခံတချို့ကလည်း မကျေ မနပ်ဖြစ်နေပါတယ်။ ဒေါ်အောင် ဆန်းစုကြည်လာမယ်ဆိုလို့ လှည်းကူးက လမ်းတွေ၊ အိမ်တွေမှာ အင်န်အယ်လ်ဒီအလံတွေ ကိုယ်စီ ချိတ်ထားကြပါတယ်’’ဟု လှည်း ကူးမြို့ ဈေးကြီးရပ်ကွက်မှ ကို သန်းထိုက်က 7 Day Daily အား ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက် ၍ လှည်းကူးမြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်လောင်း ဒေါက်တာ အောင်မြတ်သူထံသို့ 7Day Daily က ဆက်သွယ်မေးမြန်းရာ ‘‘လှည်းကူးမှာ အင်န်အယ်လ်ဒီအလံတွေ လည်း ပလူပျံနေတာပဲလေ။ သူ တို့စိုက်ကြသလိုပဲ ပြည်ခိုင်ဖြိုးလို လားတဲ့ သူတွေကလည်း ကျွန် တော်တို့လည်း စိုက်မယ်ဆိုပြီး စိုက်တာပါ။ ပါတီက စိုက်တာပါ’’  ဟု ပြန်လည်ဖြေကြားသည်။

လမ်းလယ်ကျွန်းရှိ ရေတမာ ပင်များပေါ် နိုင်ငံရေးပါတီအလံ များ စိုက်ထူသွားခြင်းသည် ဥပဒေ နှင့် ညီညွတ်သည်ဟု ဆုံးဖြတ်ပါ က အခြားသောနိုင်ငံရေးပါတီ များကလည်း မိမိတို့ပါတီအလံ များကို လမ်းလယ်ကျွန်းပေါ် လွတ်လပ်စွာ စိုက်ထူနိုင်သည်ဟု ဆိုလိုနိုင်ကြောင်း၊ အကယ်၍ လာ ရောက်စိုက်ထူသွားသူများသည် ပြည်ခိုင်ဖြိုးပါတီ၏ ခိုင်းစေညွှန်ကြားချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းမဟုတ်ပါက ရှာဖွေဖော်ထုတ် အရေးယူပေးရန် လိုအပ်ကြောင်း လှည်းကူးမြို့ခံ ဦးပြည်စိုးဦးက ဆိုသည်။

 ဒေါ်အောင်ဆန်းစုကြည် သည် အောက်တိုဘာ ၁၁ ရက် တွင် လှည်းကူးမြို့နယ်သို့ မဲဆွယ် စည်းရုံးရေး သွားရောက်မည် ဖြစ် သည်။

7Day News Journal

No comments:

Post a Comment

My Blog List