Wednesday, October 07, 2015

ရဲကို ပစ်သတ်မှုနဲ့ ဆက်စပ်ပြီး လူ ၅ ဦးကို ဖမ်းထား


ဆစ်ဒနီမြို့မှာ အရင်တစ်ပါတ်တုန်းက ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုနဲ့ ဆက်စပ်ပြီး လူ ငါးယောက်ကို ရဲတွေက ဖမ်းဆီးထားပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့တုန်းကပဲ ဆယ်ကျော်သက်အရွယ် လူငယ် တစ်ဦးက ရဲတစ်ယောက်ကို ပစ်သတ်ခဲ့ပြီး အဲဒီအမှုနဲ့ ဆက်စပ်ပြီး အသက် ၁၆ နှစ်ကနေ ၂၄ နှစ်အကြားရှိတဲ့ လူ ငါးယောက်ကို ရဲတွေက ဒီမနက်မှာပဲ ဖမ်းဆီးလိုက်တာပါ။

ရဲကို ပစ်သတ်ခဲ့တဲ့ လူငယ်ဟာ အစွန်းရောက် မွတ်စလင်လူငယ်ဖြစ်ပြီး အဲဒီ သေနတ်ကို ဘယ်ကနေ ရရှိထားသလဲ၊ ဘယ်သူတွေက ပံ့ပိုးမှု လုပ်သလဲ ဆိုတာကို ရဲတွေက စုံစမ်းနေတာ ဖြစ်ပါတယ်။

အခုဖမ်းဆီးထားတဲ့ လူ ၅ ယောက်ထဲက ၄ယောက်ဟာ သေနတ်သမားကို အစွန်းရောက်ဝါဒီတွေ ရိုက်သွင်းသူတွေ ဖြစ်တယ်လို့ ရဲတွေက ယူဆနေ ပါတယ်။

သြစတြေးလျနိုင်ငံက ဆယ်ကျော်သက်တချို့ အစွန်းရောက် ဝါဒီတွေ လွှမ်းမိုးခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရက တိုက်ဖျက်နိုင်အောင် ပညာပေး အစီအစဉ်တွေ ပြုလုပ်နေပါတယ်။

ABC

No comments:

Post a Comment

My Blog List