Wednesday, October 07, 2015

ကုလ အထွေထွေညီလာခံ ဥက္ကဌကို အဂတိလိုက်စားမှုနဲ့ တရားစွဲ


ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဥက္ကဌဟောင်းJohn Ashe နဲ့ တခြား လူ ၅ ယောက်ကို အမေရိကန်က အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။ John Ashe ဟာ Antigua and Barbuda ဆိုတဲ့ နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်အဖြစ် ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်မှာ တာဝန်ထမ်းဆောင်ခဲ့ ပါတယ်။

အဲဒီရာထူးမှာ အလုပ်လုပ်နေတုန်း တရုတ်စီးပွားရေး သမားတွေဆီက ငွေကြေးတွေနဲ့ တိုက်အိမ်ဆောက်တဲ့ ကုမ္ပဏီတစ်ခုကနေ တရားမဝင်တဲ့ နည်းနဲ့ ငွေကြေးတွေ ရယူခဲ့ပါတယ်။

မက္ကာအိုမှာ ညီလာခံတွေ ပြုလုပ်ဖို့ စင်တာ တစ်ခု ဆောက်လုပ်သင့်တယ်လို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ John Ashe က ကုလသမဂ္ဂကို အကြံပြုပေးတဲ့ အနေနဲ့ ငွေကြေးတွေကို လက်ခံခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အဆောက်အဦးကို ကုလသမဂ္ဂက အကုန်ကျခံ ဆောက်ပေးမှာ ဖြစ်ပြီး ဆောက်လုပ်ဖို့ သင့်မသင့် ဆုံးဖြတ်နေတုန်းမှာပဲ John Ashe ကဆောက်လုပ် ရေး ကုမ္ပဏီက ငွေကြေးနဲ့ စီးပွားရှင်က ငွေကြေးတွေကို လက်ခံပြီး ဆောက်လုပ်ဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂကို အကြံပေးခဲ့တာလို့ ဆိုပါတယ်။

စုစုပေါင်း အမေရိကန် ဒေါ်လာ တစ်သိန်းခွဲ နီးပါးကို လက်ခံခဲ့တာဖြစ်ပြီး စီးပွားရှင်တွေရဲ့ ဆန္ဒပြည့်ဝအောင် ကုလသမဂ္ဂမှာ အကြံပေးတဲ့ ပုံစံမျိုး လုပ်ခဲ့တာလို့ စွပ်စွဲခံနေရပါတယ်။

John Ashe အပြင် ဒီလို အဂတိလိုက်စားမှုပါ ပါဝင်တဲ့ လူ ငါးယောက်လည်း တရားစွဲဆိုခံနေရပြီး ဒီအဂတိလိုက်စားမှု ရုပ်လုံးပေါ်လာတဲ့အခါ နောက်ထပ် တခြားလူတွေလည်း အပြစ်ပေးခံရနိုင်ပါတယ်။

အခုလောလောဆယ် ဒီကိစ္စကို အမေရိကန် တရားရုံးက အမေရိကန် စံတော်ချိန် အင်္ဂါနေ့မှာ စတင်ကိုင်တွယ်ပြီ ဖြစ်ပါတယ်။

John Ashe ကို လာဒ်ထိုးမှုတွေ လုပ်ခဲ့တဲ့ တရုတ်ကုမ္ပဏီဟာ မက္ကာအိုမြို့က အကြီးစား ဆောက်လုပ်ရေးတွေကို ဆောက်လုပ်နေတာ ဖြစ်ပြီး တရုတ်အစိုးရကို အကြံပေးတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ ဒီကိစ္စကို ကြားရပြီးနောက် အင်မတန် တုန်လှုတ်မိပြီး ဒီလုပ်ရပ်ဟာ ကုလသမဂ္ဂရဲ့ ကျင့်ဝတ်နဲ့ လုံးဝကို ဆန့်ကျင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ABC

No comments:

Post a Comment

My Blog List