မဲစာရင်း ၃၀ ရာခိုင်နှုန်းသာ တာဝန်ယူမည်ဟု ရွေးကောက်ပွဲကော်မရှင်က ပြောကြားခဲ့ခြင်းမှာ တာဝန်မကျေရာရောက်သည်ဟု ထင်မြင်ကြောင်းနှင့် ကျန် ၇၀ ရာခိုင်နှုန်းကို ပြည်သူများအနေ ဖြင့် သတ္တိရှိရှိတာဝန်ယူဆောင်ရွက်ကြရန် ဒေါ်အောင်ဆန်းစု ကြည်က တိုက်တွန်းပြောကြား လိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌက ၎င်းတို့အနေဖြင့် ပြည်သူများများမဲပေးနိုင်လေလေ ပိုကောင်းလေဟု ထင်မြင်သော် လည်း အချို့အဖွဲ့အစည်းများက ပြည်သူများများ မဲပေးမည်ကို စိုး ရိမ်နေပုံရကြောင်း အောက်တိုဘာ၎ ရက် မိုးညှင်းလူထုဟောပြောပွဲ တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
‘‘ဘာကိုစိုးရိမ်လဲတော့ ကျွန် မမသိဘူး။ အခုရွေးကောက်ပွဲ ကော်မရှင်က မကြာခင်တုန်းကပြောခဲ့တာဟာ ရွေးကောက်ပွဲမဲစာရင်း မဲဆန္ဒရှင်စာရင်းတွေအတွက်၃၀ရာခိုင်နှုန်းပဲ တာဝန်ယူပါ့မယ်လို့ ပြောပါတယ်။ ကျွန်မကတော့ တော်တော် အံ့အားသင့်သွား တယ်။ ဒီအစိုးရကနေပြီးတော့ဖွဲ့ ထားတဲ့ အဖွဲ့တစ်ခုရွေးကောက်ပွဲ ဖြစ်မြောက်ရေးဖွဲ့ထားတဲ့ အဖွဲ့ တစ်ခုက ၃၀ ရာခိုင်နှုန်းပဲ တာဝန်ယူမယ်ဆိုတော့ ဒါတာဝန်မကျေ ရာရောက်တယ်လို့ ကျွန်မက တော့ မြင်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
‘‘ဒါပေမဲ့လည်း ကိစ္စမရှိ ဘူး။ ဒီကော်မရှင်ကနေ အစိုးရကနေ ၃၀ ရာခိုင်နှုန်းပဲ တာဝန်ယူမယ်ဆိုရင် ကျွန်မတို့ ပြည်သူတွေက ၇၀ ရာခိုင်နှုန်းကိုသတ္တိရှိရှိနဲ့ တာဝန်ယူကြဖို့လို့ ကျွန်မကဆော်သြချင်တယ်’’ဟု ဒီချုပ်ဥက္ကဋ္ဌက ဆက်လက်တိုက်တွန်းသည်။
ရွေးကောက်ပွဲမဲစာရင်းနှင့် ပတ်သက်၍ ပြည်သူများအပါအ ၀င် လူမှုအဖွဲ့အစည်းများ လက်တွဲကူညီကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားခဲ့သည်။
မိုးညှင်းလူထုဟောပြောပွဲ အမေးအဖြေကဏ္ဍတွင် ဖားကန့် ဒေသမှ အမျိုးသားတစ်ဦးက အိမ် ထောင်စုစာရင်းမရှိ၊ မှတ်ပုံတင် အခိုင်အလုံမရှိသော အသက်(၁၈) နှစ်ပြည့်ပြီးသူများအတွက် မဲပေး နိုင်ရန် ပံ့ပိုးပေးစေလိုကြောင်း ဒေါ် အောင်ဆန်းစုကြည်အား မေတ္တာရပ်ခံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က နေရာနှင့် အခြေအနေအပေါ်မူ တည်ပြီး ဆောင်ရွက်ရမည်ဖြစ် သောကြောင့် နီးစပ်ရာဒီချုပ်အဖွဲ့ ရုံးများထံ ဆက်သွယ်၍ အကြံ ဉာဏ်တောင်းဆောင်ရွက်သွား ရန် ဖြေကြားခဲ့သည်။
‘‘တခြားပြည်သူတွေလည်း ဒီလိုပါပဲ။ ကိုယ့်ရဲ့ မဲပေးပိုင်ခွင့်နဲ့ ပတ်သက်လို့ ဘယ်လိုလုပ်ရမလဲ ဆိုတာ သေချာမရှင်းလို့ရှိရင် အဖွဲ့ချုပ်နဲ့ ဆက်သွယ်ပြီးတော့ ဒါမှ မဟုတ်လို့ရှိရင် ဒီရွေးကောက်ပွဲကို ကူညီနေတဲ့ လူမှုအဖွဲ့အစည်းတွေ နဲ့ ဆက်သွယ်အကြံဉာဏ်တောင်း လိုက်ပါလို့ ဆော်သြပါရစေ’’ဟု ဆက်လက်ပြောသည်။
အောက်တိုဘာ ၄ ရက်က ပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်းစု ကြည်၏ မိုးညှင်းဟောပြောပွဲသို့ ဒေသခံ တစ်သောင်းကျော် တက်ရောက်ခဲ့ပြီး နန့်မွန်းကျေးရွာဟောပြောပွဲတွင် ပြည်သူသုံးထောင်ခန့် တက်ရောက်ခဲ့သည်။
လာမည့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ် ၆၆ နေရာ၌ ပါတီ ၁၇ ပါတီ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
7Day News Journal
No comments:
Post a Comment