Wednesday, October 07, 2015

နိုင်ငံရေးအကျဉ်းသားများအားလုံး အောက်တိုဘာ ၁၅ ရက်တွင် ပြန်လွှတ် ပေးရန် သပိတ်မှောက်ကျောင်းသားများ တောင်းဆို


နိုင်ငံရေးအကျဉ်း သားအားလုံးကို အောက်တိုဘာ ၁၅ ရက်တွင် ပြန်လွှတ် ပေးရန်နှင့် ပြန်လွှတ်မပေးပါက အစာငတ်ခံ ဆန္ဒပြသွားမည်ဖြစ်ကြောင်း ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း အပါအ၀င် သပိတ်မှောက် ကျောင်းသားများက တောင်းဆိုလိုက်သည်။

တစ်နိုင်ငံလုံးတွင် တရားစွဲဆိုခံထားရသည့် နိုင်ငံရေးအကျဉ်း သားများ အားလုံးကို အောက်တို ဘာ ၁၅ ရက်တွင် စွဲဆိုထားသည့် ပုဒ်မအားလုံး ပြန်ရုပ်သိမ်း၍လွှတ်ပေးရန်နှင့် ပြန်မလွှတ်ပေးပါက သာယာဝတီထောင် အတွင်း၌ အစာငတ်ခံ ဆန္ဒပြမည့်အကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင်ကို စက်တင်ဘာ ၂၉  ရက်ရုံးချိန်းတွင် ကိုအောင်မှိုင်းဆန်းက ပေးပို့ခဲ့သည်။

‘‘အခု ရွေးကောက်ပွဲနီးပြီ။ အဲဒီလိုအချိန်မှာ နိုင်ငံရေးအကျဉ်း သားတွေကို ဖမ်းထားတယ်။ ဒါ ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ် မလားဆိုတာ မေးခွန်းထုတ်စရာရှိတယ်။နိုင်ငံ ရေးအကျဉ်းသားတွေကို ပြန်မ လွှတ်ပေးရင် အောက်တိုဘာ ၁၅ ရက်နောက်ပိုင်းမှာ အစာငတ်ခံ ဆန္ဒပြ သွားမယ်’’ ဟု ကိုအောင် မှိုင်းဆန်းက ပြောသည်။

အောက်တိုဘာ ၁၅ ရက် တွင် ပြန်မလွှတ်ပေးပါကကျောင်း သားခေါင်း ဆောင်ကိုအောင်မှိုင်း ဆန်းက စတင်အစာငတ်ခံ ဆန္ဒ ပြသွားမည်ဖြစ်ပြီး သပိတ်မှောက် ကျောင်းသားနှင့် ၀န်းရံပြည်သူ များကလည်း ပါဝင်လာမည် ဖြစ် ကြောင်း သပိတ်မှောက်ကျောင်း သားခေါင်းဆောင် ကိုအောင်မှိုင်း ဆန်းကပြောသည်။

‘‘ကိုအောင်မှိုင်းဆန်း တစ် ယောက်တည်း မဟုတ်ဘူး။ ထောင်ထဲမှာရှိနေတဲ့ ကျောင်း သားတွေ အစည်းအဝေးလုပ်ပြီး တော့ အဖွဲ့အစည်းဆုံးဖြတ်ချက် မဟုတ်ဘူးဆိုပေမယ့် အကယ်၍ တောင်းဆိုချက် မရဘူးဆိုရင် နောက်ထပ်ထပ်ပြီးတော့ ပါဝင်ဖို့ အတွက် ပထမအဆင့် အနေနဲ့ ပါဝင်မယ့် ကျောင်းသားတွေ ရှိ  တယ်။ နောက်ပိုင်းမှာ အသုတ် လိုက် အသုတ်လိုက် Hunger ၀င် သွားမယ့်သူတွေရှိတယ်။ နောက် ကနေ ပံ့ပိုးပေးမယ့်အဖွဲ့တွေရှိ တယ်’’ ဟု ကိုမင်းသွေးသစ်က ပြောသည်။

သပိတ်မှောက်  ကျောင်း သားနှင့်  ၀န်းရံပြည်သူများကို သာယာဝတီမြို့နယ် တရားရုံး၌ အောက်တိုဘာ ၆ ရက်တွင် ရုံး ထုတ်စစ်ဆေးရာ၌ သက်သေခံ အဖြစ် သိမ်းဆည်းထားသည့် မော်တော်ယာဉ်ကို အာမခံအဖြစ် ပြန်လည်ရယူ လိုသောကြောင့် ပဲခူးတိုင်းဒေသကြီး တရားလွှတ် တော်သို့ တင်ပြထားသည့် အ တွက် ၎င်းတို့၏ အမှုတွဲမှာသာယာ ၀တီမြို့နယ်တရားရုံးတွင် မရှိ သော ကြောင့် အမှုကို ဆက်လက် စစ်ဆေးခြင်းမရှိဘဲ အောက်တို ဘာ ၁၃ ရက်သို့ ရုံးချိန်းထပ်မံချိန်း ဆိုခဲ့သည်။

ပဲခူးတိုင်းဒေသကြီး တရား လွှတ်တော်သို့ အမှုတွဲရောက်ရှိနေ သောကြောင့် ၎င်းတို့အပေါ် စွဲဆို ထားသည့် အမှုမှာတရားဥပဒေနှင့် မညီခြင်းကြောင့် ပယ်ဖျက်ပေးရန် တရားလွှတ်တော်ရှေ့နေ ဦးလှ မျိုးမြင့်က အောက်တိုဘာ ၂ ရက်တွင် လျှောက်ထားခဲ့သည်။

‘‘ပဲခူးတိုင်း  တရားလွှတ် တော်မှာ အမှုပယ်ဖျက်ပေးဖို့တင် ထားတာကို တိုက်ရိုက်လက်ခံ လိုက်တယ်။ ဒါနဲ့ ပတ်သက်ပြီး လျှောက်လဲချက်ပေးပြီးရင် နှစ် ပတ်အတွင်း အမိန့်ချပေးမယ်။ ပယ်ချခံရရင် နေပြည်တော်က ပြည် ထောင်စုတရားလွှတ်တော် ချုပ်ကို ဆက်တင်မယ်။ အဲဒါနဲ့ ပတ်သက်ပြီး အမှုကြာမယ့်အတူ တူ အချုပ်လွတ်ထုချေခွင့်ပေးဖို့ အာမခံလျှောက်မယ်’’ ဟုတရား လွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က ပြောသည်။

၎င်းတို့၏အမှုတွဲသည် ပဲခူး တိုင်းဒေသကြီး တရားလွှတ်တော်သို့ ရောက်ရှိ နေသောကြောင့် အ ချိန်ကြာမြင့်မည်ဖြစ်ရာ သာယာ ၀တီထောင်အတွင်း ဖမ်းဆီးထိန်း သိမ်းခံရသည့် ကျောင်းသားနှင့် ၀န်းရံပြည်သူ ၅၄ ဦးကိုအချုပ် လွတ်ထုချေခွင့်ပေးရန် သာယာ ၀တီမြို့နယ် တရားရုံးသို့ တရား လွှတ်တော် ရှေ့နေများက အောက်တိုဘာ ၆ ရက်တွင် လျှောက်ထားခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List