Thursday, October 08, 2015

ပြည်ခိုင်ဖြိုးပါတီသည် လယ်သမား၊ အလုပ်သမား အရေးကိစ္စ ဆောင်ရွက် ပေးမှုအများဆုံးပါတီဟု ပေါင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ပြောကြား






၂၀၁၅အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်နှင့် ပါတီအောင် နိုင်ရေးအတွက် ပေါင်မြို့နယ် အတွင်းရှိပါတီဝင်များနှင့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများတွေ့ဆုံပွဲကို မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ နတ်ကြီး ချောင်ကျေးရွာ၊ ဘော်လုံးကွင်းအတွင်း အောက်တိုဘာလ(၇)ရက်၊ နံနက်(၉)နာရီအချိန်က ကျင်းပပြု လုပ်ခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ပါတီဟာ ပြည်သူလူထုအတွက်အခက်အခဲတွေကို ဖြေရှင်းတဲ့ နေရာမှာ ကျောသား ရင်သားမခွဲခြားပဲ ဒေသဖွံ့ဖြိုးရေးကိစ္စတခုတည်းကို ဦးတည်ပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ့်အားကိုယ်ကိုးနဲ့ နိုင်ငံတော်ကြီးတည်ဆောက်တဲ့အခါမှာ ဘယ်နိုင်ငံရဲ့အကူအညီမှ မလိုပါဘူး။ ကျွန်တော်တို့ရဲ့အခက်အခဲတွေကို ကိုယ့်ဟာကိုယ်ဖြေရှင်းမှ ရမှာဖြစ်ပါတယ်။ ဘယ်သူမှ ကိုယ့်အတွက်အကျိုးမရှိဘဲ ကူညီမှာမဟုတ်ပါဘူး။ တခုလိုချင်ရင် တခုပေးဆပ်ရမယ်။ တခုပေးဆပ်ရင် တခုပြန်ရမှာဖြစ်တဲ့အတွက် မိမိနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအားလုံးကို ကိုယ့်ဟာကို တည်ဆောက်မှရမှာ ဖြစ်ပါတယ်။ 

ကျွန်တော်တို့ရဲ့ပါတီဟာ တောင်သူလယ်သမားတွေရဲ့ အရေးကိစ္စ၊ အလုပ် သမားတွေရဲ့ အရေးကိစ္စ၊ လူငယ်တွေကို ပြုစုပျိုးထောင်လေ့ကျင့်ပေးရေး ကိစ္စနှင့် အမျိုးသမီးထုတခုလုံးရဲ့ နိုင်ထက်စီးနင်းပြုကျင့်မှုတွေ၊ လူကုန်ကူးမှု ကိစ္စတွေမှာ နစ်နာဆုံးရှုံးမှု မရှိစေရန်အတွက် အများဆုံးဆောင်ရွက်ပေးနေ တဲ့ ပါတီဖြစ်ပါတယ်”ဟု ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်မှပြောသည်။

“၁၉၉၃ ခုနှစ်မှစပြီး ကျွန်တော်တို့ပါတီဟာ လူမှုရေးကိစ္စများကိုသာ လုပ်ပါ တယ်။ ကျွန်တော်တို့ နိုင်ငံရေးဆိုတာလည်း မသိပါဘူး။ လူထုတွေရဲ့အကျိုး၊ ဒေသတွေမှာနေထိုင်ကြတဲ့ ပြည်သူလူထုရဲ့အခက်အခဲတွေကို တောက် လျှောက်ဖြေရှင်းခဲ့တာ အနှစ်(၂၀)ကျော် ရှိခဲ့ပါပြီ။ အခုတခါ ကျွန်တော်တို့ဟာ ပါတီစုံဒီမိုကရေစီစနစ်ကို ရောက်လာတဲ့အတွက် လူထုကနေပြီး ရွေးချယ် တင်မြှောက်တဲ့အစိုးရရွေးချယ်ပွဲမှာ ကျွန်တော်တို့ပါတီအောင်နိုင်ဖို့အတွက် ယနေ့ကျင်းပတဲ့အစည်းအဝေးပွဲမှာ ကျွန်တော်တို့ဟာ လွှတ်တော်ကိုယ်စား လှယ်လောင်းများနှင့်ပါတီဝင်များ တွေ့ဆုံပွဲကို ကျင်းပရခြင်းဖြစ်တယ်”ဟု ၎င်းမှဆက်လက်ပြောကြားသည်။

ပေါင်မြို့နယ်၊ ကဒုံစီးရပ်ကွက်မှ ဒေသခံ ဦးကျော်မျိုးထွန်းမှ“သူတို့ပြောတာ က ရွေးကောက်ပွဲမှာအနိုင်ရရှိသွားရင် ပြည်သူတွေရဲ့အခက်အခဲ လိုအပ်ချက် တွေအားလုံးကို ကူညီပေးမယ်လို့ပြောသွားတယ်။ 

ကူညီမယ်လို့လည်း ဦးအနေနဲ့ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူ တွေဟာ ပေါင်မြို့နယ်အတွက် ပရဟိတလုပ်ငန်းတွေလုပ်ခဲ့တာ အနှစ် (၂၀) ကျော်လောက်ထိ လုပ်ခဲ့တဲ့အတွက်ကြောင့်ပါ။ အဓိကအနေနဲ့ဦးထင်တာက ငြိမ်းချမ်းရေးရယ်၊ လူထုတွေရဲ့အကျိုးစီးပွားတွေ ဖွံ့ဖြိုးတိုး တက်အောင် လည်း လုပ်ပေးမယ်လို့မြင်တာပဲ”ဟု ပြောသည်။

ခေါက်ချိုး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List