Wednesday, October 07, 2015

နိုင်ငံရေးပါတီများ မဲမသမာမှု ကလိမ်ကကျစ်ကျမှုများကို ပိုမိုအာရုံစိုက်ရန် လိုဟု ဦးမင်းကိုနိုင်ပြော


နိုင်ငံရေးပါတီများသည် မိမိအားပေးသည့် မဲနှင့် အနိုင်ရရှိရေးစဉ်းစားမနေဘဲ မဲစာရင်းတွင် မသမာမှု၊ ကလိမ်ကကျစ်ကျမှုများကို ယခုထက်ပို၍ အာရုံ စိုက်ကြရန်လိုအပ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ဦးမင်းကိုနိုင်က ပြော ကြားသည်။

အောက်တိုဘာ ၆ ရက်က ပြု လုပ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ပန်းဘဲတန်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ အား မိတ်ဆက်ပွဲနှင့်ရွေးကောက် ပွဲအသိပညာပေး ဟောပြော ပွဲတွင်၈၈ မျိုးဆက်(ငြိမ်း၊ပွင့်)မှ ဦးမင်းကိုနိုင်က အထက်ပါအတိုင်းပြောကြား လိုက်ခြင်းဖြစ်သည်။

‘‘မြို့နယ်တိုင်း မြို့နယ်တိုင်း မှာ သေတဲ့သူကပါ။ ရှင်တဲ့သူက မပါ။ အဲဒီစာရင်းတွေ ဒီလောက် မှားနေတာ ဘာရည်ရွယ်ချက်နဲ့ မှားသလဲ။ အဲဒါတွေ ဘယ်အချိန် မှာ ကောက်ပြီး ဘယ်သူက ယူသုံး သွားမလဲဆိုတာ စောင့်ကြည့်ဖို့ လိုတယ်။ အဲဒီတော့ နိုင်ငံရေးပါ တီတွေကိုလည်း ကျွန်တော်က မိတ်ဆွေပီသစွာနဲ့ ဝန်းရံသင့်တာ လည်း ဝန်းရံမယ်။ လိုတယ်ထင် တာလည်း ကျွန်တော်တို့ပြောရ လိမ့်မယ်။ အဲဒါ ဘာလဲဆိုတော့ မဲစာရင်းဟာ မသမာမှု တွေ၊ ကလိမ်ကကျစ်ကျမှုတွေ မကြုံအောင် နိုင်ငံရေးပါတီတွေက ဒီထက်ပိုပြီး အာရုံစိုက်ပါ။ ကျွန်တော်တို့ လှုပ်ရှားတက်ကြွသူတွေကလည်း လက်တွဲပြီး တော့ ဖော်ထုတ်မှ ရလိမ့်မယ်။ ကိုယ့်ကို ထည့်တဲ့ မဲနဲ့  ကိုယ်နိုင်ဖို့ပဲ စဉ်းစား နေမယ်ဆိုရင် ကျွန်တော်တို့ထက်ပိုပြီးတော့ စဉ်းစားနေတဲ့သူတွေရှိတယ်။ ဒါအားလုံး သိပြီးသား။ ဒါကြိမ်အဖန်များစွာ ခံရပြီးသားပါ’’ဟု ဦးမင်းကိုနိုင်က ပြောသည်။

ပန်းဘဲတန်းမြို့နယ်မှ ဝင် ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများမိတ် ဆက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနာယက ဦးတင်ဦး နှင့် ဦးဝင်းထိန်၊ ၈၈ မျိုးဆက်(ငြိမ်း၊ပွင့်)မှ ဦးမင်းကိုနိုင်နှင့် ဦးမြအေး တို့က တက်ရောက်ဟောပြောခဲ့ ကြသည်။

ရွေးကောက်ပွဲတွင် အကျဉ်း ကျနေသော နိုင်ငံရေးအကျဉ်း သားများနှင့် ဖမ်းဆီးခံကျောင်း သားများကိုလည်း လွှတ်ပေးရန် လိုအပ်ကြောင်း ဦးမင်းကိုနိုင်က ဆက်လက်ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီနာယကဦးတင်ဦးက ၎င်း တို့ရွေးချယ်ထားသော လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် အရည်အချင်းပြည့်မီသူများအားရွေးချယ်ထားခြင်းဖြစ်သောကြောင့်မဲပေးသူများအနေဖြင့် စိုးရိမ်မှုများမရှိစေရန် ပြောသည်။

၈၈ မျိုးဆက်(ငြိမ်း၊ပွင့်)မှ ဦးမြအေးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၎င်းတို့သည် တစ်လှေတည်းမစီးသော်လည်း တစ်ခရီး တည်းအတူ သွားသူ များဖြစ်သောကြောင့် ပြိုကွဲသွားခြင်း မဟုတ်ကြောင်း ပြောကြားသွားသည်။

၈၈ မျိုးဆက်(ငြိမ်း၊ပွင့်)မနီလာသိန်း၊  မမီးမီးနှင့်  တကသကျောင်းသားများက မဲပေးသည့် ပုံစံမမှားစေရေးနှင့် တံဆိပ်တုံးထု ရာတွင် မမှားစေရေးအတွက် ယင်း ပွဲသို့ တက်ရောက်လာသောသူ များအား ပြသပေးခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပန်းဘဲတန်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင် မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများမှာ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ဦးနေဖူးဗဆွေ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ဦးဘမျိုး သိန်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် လောင်း(၁)အဖြစ် ဦးသန်းနိုင်ဦးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် လောင်း(၂)အဖြစ် ဒေါ်စိုးပပလှိုင်တို့ဖြစ်သည်။

ပန်းဘဲတန်းမြို့နယ် လွှတ် တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်ပွဲကို ယခင်က ဆူးလေ စေတီအနီးရှိ မီးသတ်ဦးစီးဌာန ဘေးတွင် ပြုလုပ်ခွင့်ပေး ထား သော်လည်း လုံခြုံရေးမပေးနိုင်ဟု ဆိုကာ ၃၂ လမ်းအောက်ဘ လောက်သို့ နေရာပြောင်းလဲပြု လုပ်ခဲ့ခြင်းဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List