Saturday, October 10, 2015

ရတနာပုံတက္ကသိုလ် ကျောင်းသားများကို ထောင်ဒဏ် ခြောက်လနှင့် ကိုးလစီ ချမှတ်



ရတနာပုံတက္ကသိုလ် အုတ်တံတိုင်းနံရံတွင် အစိုးရကို ဆန့်ကျင်သည့် စာသားများ မှုတ် ဆေးဖြင့် ရေးမှုတ်ခဲ့မှုနှင့် ကျောင်းသားသပိတ်ကို ထောက်ခံကြောင်း ဆန္ဒပြခဲ့သည့် ကျောင်းသား လေး ဦးအနက် သုံးဦးကို ထောင်ဒဏ် ခြောက်လစီနှင့် တစ်ဦးကို ထောင် ဒဏ်ကိုးလကျခံစေရန် အမရပူရ မြို့နယ်တရားရုံးက အမိန့်ချ မှတ်လိုက်သည်။
အမျိုးသားပညာရေးဥပဒေ နှင့် ပတ်သက်၍ အစိုးရကို ဝေဖန် သည့်စာသားများ တက္ကသိုလ် အုတ်တံတိုင်းနံရံတွင် ရေးသားခဲ့ သောကြောင့် ရတနာပုံတက္က သိုလ်ကျောင်းသား လေးဦးကို ပုဒ်မ ၁၄၃၊ ၅၀၅(ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် ပုဒ်မတစ်ခုစီအတွက် ထောင်ဒဏ် သုံးလ၊ ခြောက်လနှင့် သုံးလစီ ထောင်ဒဏ်အသီးသီး ချ မှတ်ခဲ့သော်လည်း ပြစ်ဒဏ်အား လုံးအတွက် ထောင်ဒဏ်များကို တစ်ပေါင်းတည်း ကျခံစေပြီးချုပ် ရက်ကိုလည်း ထုတ်နုတ်ခံစားစေ ရန် တရားရုံးက အောက်တိုဘာ ၉ ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီက ကျောင်းသားသပိတ်ကို ထောက် ခံကြောင်း ရတနာပုံကျောင်းဝင်း အတွင်း ဆန္ဒထုတ်ဖော်မှုဖြင့် ကျောင်းသားကိုနိုင်ရဲဝေတစ်ဦး တည်းကို ငြိမ်း စု စီ ပုဒ်မ ၁၈ ဖြင့် ထပ်မံစွဲချက်တင်ခဲ့၍ ကျန် ကျောင်းသားသုံးဦးသည် ထောင်ဒဏ်ခြောက်လကို တစ်ပေါင်း တည်း ကျခံရမည်ဖြစ်ပြီး ကိုနိုင်ရဲဝေက ထောင်ဒဏ် ကိုးလကျခံရ မည် ဖြစ်သည်။

အမိန့်ချသည့်နေ့အထိ ရေ တွက်လျှင် ချုပ်ရက်စုစုပေါင်း ၁၀၁ ရက်ရှိပြီဖြစ်၍ ထောင်ဒဏ် ခြောက်လ ချမှတ်ခံရသူများသည် ထောင်ဒဏ် ၂ လနှင့် ၁၉ ရက် သာ ကျခံရတော့မည်ဖြစ်ကာ ကိုးလချမှတ်ခံရသူသည် ထောင်ဒဏ်ငါးလ နှင့် ၁၉ ရက် ကျခံရမည် ဖြစ် သည်။

‘‘အများပြည်သူတွေက ပြောနေတဲ့ ဒီကလေးတွေကို ပုဒ်မအမျိုးမျိုးနဲ့ နှစ်ကြိမ်စွဲတော့ မျက်နှာပူစရာတွေ ဖြစ်နေတဲ့အ တွက်ကြောင့်မို့ အမိန့်ချတဲ့နေရာ မှာ တစ်ပေါင်းတည်းပေးထားပါ တယ်။ နောက်ထပ် စွဲတဲ့အမှု တွေနဲ့ သူတို့ မကျပါဘူးလို့။ အဲဒါ လေးကို အများပြည်သူကို သိစေ ချင်တယ်’’ဟု အမရပူရမြို့နယ် တရားရုံးပြန်ကြားရေးအရာရှိ ဦးဝင်းဦးက ပြောသည်။

‘‘တရားရုံးကတော့ ကျွန် တော်တို့ကို တစ်ပေါင်းတည်း ချ လိုက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဟာ အခုလိုမျိုး ကျွန်တော်တို့ကို အပြစ်ပေးခြင်းဆိုတာထက် ကျွန်တော်တို့ဟာ အပြစ်မကျူးလွန် ခဲ့ခြင်းအတွက် ကျွန်တော်တို့ အပြစ်မရှိဘူး။ ခင်ဗျားတို့သား၊ သမီးတွေ ကျွန်တော်တို့လို ထပ် မဖြစ်စေချင်ရင် ဒီလူတွေကိုထပ် ပြီး မဲမပေးကြပါနဲ့’’ဟု ကျောင်းသားကိုနိုင်ရဲဝေက အမိန့်ချအပြီး တွင် လာရောက်ကြည့်ရှုသူ မိဘ ပြည်သူများအား ပြောကြားခဲ့ သည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်က ရတနာပုံကျောင်းရှေ့ဝင် ပေါက် အုတ်တံတိုင်းများနှင့် ကျောင်းရှေ့ကတ္တရာလမ်းမများ တွင် ‘‘စစ်အစိုးရကျဆုံးပါစေ၊ အကြမ်းဖက်အစိုးရကျဆုံးပါစေ’’ စသည့်စာသားများ ရေးသားကာ ဖမ်းဆီးခံကျောင်းသားများ အမြန်ဆုံးလွှတ်ပေးရန် မှုတ်ဆေးဖြင့် ရေးပြီး ဆန္ဒပြခဲ့မှုကြောင့် ကျောင်းသား ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဉာဏ်လင်းထက်နှင့် ကိုဂျစ်တူးတို့ကို ဥပဒေနှင့် ဆန့်ကျင် သည့် လူစုလူဝေးများ၌ ပါဝင်မှု ပုဒ်မ ၁၄၃၊ ရုန်းရင်းဆန်ခတ်မှု ပုဒ်မ ၁၄၇၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နှင့် ငြိမ်းစုစီပုဒ်မ ၁၈ တို့ဖြင့် စွဲချက် တင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါ ရီက ကျောင်းသားသပိတ်ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော် ခဲ့မှုဖြင့် ကျောင်းသားကိုနိုင်ရဲဝေ တစ်ဦးတည်းကို ပုဒ်မ ၁၈ ဖြင့်ထပ်မံစွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြစ်ဒဏ်နှင့်ပတ် သက်၍ အယူခံဝင်မည် မဟုတ် ကြောင်း အမိန့်ချအပြီးတွင် ကျောင်းသားများက ပြောသည်။

ထောင်ဒဏ် ခြောက်လနှင့် ကိုးလစီ အသီးသီးချမှတ်ခံခဲ့ရသော ရတနာပုံတက္ကသိုလ်မှ ကျောင်းသား လေးဦးကို အောက်တိုဘာ ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ချမ်းဇော်အောင်)
7Day Daily


No comments:

Post a Comment

My Blog List