Friday, October 09, 2015

ရွေးကောက်ပွဲမတိုင်ခင်ဖြန့်မယ့် မေခလာရဲ့ ‘နိုင်ငံရေးတွေမပြောချင်ဘူး’သီချင်း


‘နိုင်ငံရေးတွေမပြောချင်ဘူး’သီချင်းသည် အခြေခံလူတန်း စားများအတွက် ခံစားသီဆိုထား ခြင်းဖြစ်ပြီး ပရိသတ်များက အား ပေးသောကြောင့် ကြိုးစားရကျိုး နပ်ကြောင်း မေခလာကပြောသည်။မေခလာ၏ ‘နိုင်ငံရေးတွေ မပြောချင်ဘူး’သီချင်းသည် မကြာမီဖြန့်ချိရန်ရည်ရွယ်ထားသည့် ၎င်း၏တစ်ကိုယ်တော်အခွေအသစ်မှ သီချင်းတစ်ပုဒ်ဖြစ်ပြီး ယင်းသီချင်းအတွက် ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်အကြမ်းကို ယခုရက် အတွင်း အွန်လိုင်း၌တင်ပေးခဲ့ရာ ပရိသတ်အားပေးမှုရရှိခဲ့ခြင်းဖြစ် သည်။

‘‘ဒီသီချင်းကို အစ်မက အခြေခံလူတန်းစားတွေအတွက် တစ်ခုခုလုပ်ပေးချင်တယ်ဆိုပြီး ဦးနိုင်(နိုင်မြန်မာ)ကိုရေးခိုင်းတာ။ ဦးနိုင်ကလည်း ခံစားချက်ကရှိနေ တော့ ကလောင်ကလည်းထက် တယ်။ အဲဒီတော့ အခြေခံလူတန်း စားတွေအတွက် ခွန်အားဖြစ်တဲ့ သီချင်းလေးပေါ့’’ဟု ယင်းသီချင်း ၏ရည်ရွယ်ချက်ကိုပြောသည်။

ယင်းသီချင်းပါဝင်မည့် အခွေကို ‘ရွှေဖလားပဲလိုချင်တယ်’ ဟု အမည်ပေးထားပြီး ရွေး ကောက်ပွဲပြီးချိန်တွင် ထွက်ရှိနိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သော်လည်း ‘နိုင်ငံရေးတွေမပြောချင်ဘူး’သီချင်းကို ပရိသတ်များအားပေးမှုရနေသောကြောင့် ရွေးကောက်ပွဲ မတိုင်မီ ဖြန့်ချိပေးနိုင်ရန်စဉ်းစား နေသည်ဟု ၎င်းကဆိုသည်။

‘‘တချို့ကျတော့လည်း ချစ် ငယ်ကို တကယ်ဆိုရဲတယ်ပေါ့။ သူတို့တွေရဲ့ခံစားချက်အတွက် ပြည်သူတွေဘက်က ရပ်တည် ပေးတာကိုကျေးဇူးတင်ပါတယ် ဆိုပြီး မှတ်ချက်တွေပေးကြတယ်။ ချစ်ငယ်လည်း ပြည်သူထဲက ပြည်သူတစ်ယောက်ပါပဲ’’ဟု မေခလာကပြောသည်။

‘နိုင်ငံရေးတွေမပြောချင် ဘူး’သီချင်း၏ ဗီဒီယိုဖိုင်အကြမ်း ကို မေခလာအသုံးပြုသော ဖေ့စ် ဘွတ်ခ်မှတစ်ဆင့် တင်ပေးခဲ့ရာ ၁၁ နာရီအတွင်း ပြန်လည်မျှဝေ သူ ၁၅,၀၀၀ ကျော်ရှိခဲ့သည်။

မေခလာသည် ယင်းသီချင်း ကို အခြေခံလူတန်းစားများ၏ ဝတ်စားဆင်ယင်မှုပုံအတိုင်း ဝတ် ဆင်၍ သရုပ်ဆောင်ခဲ့ပြီး သီချင်း နှင့်လိုက်ဖက်မည့်ဆက်တင်များ ကို အင်းစိန်မြို့နယ်အတွင်း စီစဉ် ပြုလုပ်ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List