Friday, October 09, 2015

အစိုးရဖွဲ့နိုင်ရေး အပြတ်အသတ်အနိုင်ရရန် လိုအပ်သဖြင့် တိုင်းရင်းသားဒေသများတွင် ၀င်ပြိုင်ခြင်းဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို


အစိုးရဖွဲ့နိုင်ရန် ရွေး ကောက်ပွဲတွင် ရာခိုင်နှုန်းအများစု ကို ပြတ်ပြတ်သားသားအနိုင်ရရှိရန် လိုအပ်သဖြင့် တိုင်းရင်းသား ဒေသများအပါအ၀င် တစ်နိုင်ငံလုံး၌၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အောက်တိုဘာ ၆ ရက်က ကချင်ပြည်နယ်၊ မိုးမောက်မြို့ တွင်ပြုလုပ်သော လူထုဟောပြောပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် တိုင်းရင်းသား ဒေသများတွင် ၀င်ရောက်ယှဉ် ပြိုင်ခြင်းနှင့်ပတ်သက်၍ ဝေဖန်မှု များအပေါ် ဒေါ်အောင်ဆန်းစု ကြည်က ထည့်သွင်းရှင်းလင်းခဲ့ ခြင်းဖြစ်သည်။

ဒီချုပ်ဥက္ကဋ္ဌက ‘‘ကျွန်မတို့  ဟာ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်တာဟာ တစ်နိုင်ငံလုံးမှာ ၀င်ပြိုင်တာပါ။ တိုင်းရင်းသား ဒေသတွေမှာလည်း အဖွဲ့ချုပ်က ၀င်ပြိုင်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဗမာပါတီဘာဖြစ်လို့ တိုင်းရင်းသားဒေသတွေမှာ ယှဉ်ပြိုင်တာလဲလို့ ပြောကြပါတယ်။ ကျွန်မတို့ဟာ ဗမာပါတီမဟုတ်ပါဘူး။ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့၊ ပြည်ထောင်စုကို ကိုယ်စားပြုတဲ့ ပါတီဖြစ်တယ်’’ဟုပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် စတင်ထူထောင်က တည်းက တိုင်းရင်းသားအဖွဲ့ဝင် များစွာဖြင့် ထူထောင်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင်လည်း တိုင်းရင်းသား ကိုယ်စားလှယ် အများဆုံးအောင်နိုင်ခဲ့သည့် ပါတီ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ရှင်းလင်းပြောသည်။

‘‘အခုထိ ကျွန်မတို့ဟာ တိုင်း ရင်းသားအားလုံးကို ကိုယ်စားပြု တဲ့ ပြည်ထောင်စုကို ဗဟိုထားတဲ့ ပါတီဆိုတာ ရှင်းချင်ပါတယ်။ ဒါ ကြောင့် ကျွန်မတို့ ဒီမှာ လာပြိုင် တာက ဘာဖြစ်လို့လဲဆိုရင် အစိုး ရဖွဲ့ချင်တာကိုး။ အစိုးရဖွဲ့လို့ရှိ ရင် တစ်တိုင်းပြည်လုံးမှာ ၀င်ပြိုင် ပြီးတော့ အများစုကို ပြတ်ပြတ် သားသားနိုင်မှ ကျွန်မတို့ အစိုးရ ဖွဲ့နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ အဖွဲ့ချုပ်ကို မဲပေးကြ ပါလို့ တိုက်တွန်းချင်ပါတယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိုးမောက်လူထုဟောပြောပွဲတွင် ဒေသခံ နှစ်ထောင်ကျော်တက် ရောက်ခဲ့ကြသည်။

‘‘ကျွန်မတို့က သူဟာ ပြည် သူကို ပိုကောင်းအောင်လုပ်ပေး နိုင်မယ်ထင်တယ်။ သူကိုပဲ မဲပေး  မယ်’’ဟု ဟောပြောပွဲလာရောက် နားထောင်သူ အသက် (၅၀) အ ရွယ်အမျိုးသမီးတစ်ဦးက ဆို သည်။

ဒီချုပ်သည် ကချင်ပြည်နယ် ၌ တိုင်းရင်းသားရေးရာဝန်ကြီး လေးနေရာအပါအ၀င် နေရာ ၇၀စလုံးတွင် ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List