Tuesday, October 06, 2015

ရွေးကောက်ပွဲ အောင်အောင်မြင်မြင်ပြီးစီးနိုင်ရေး အစီအမံများချမှတ်ပြင်ဆင်သွားရန် ရဲချုပ်ပြောကြား


အောက်တိုဘာ ၁ ရက်နေ့တွင် ကျ ရောက်သည့် ၅၁ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အခမ်းအနားတွင် ရဲချုပ်ဇော် ၀င်းက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အောင်အောင်မြင်မြင်ပြီးစီးနိုင်ရေးအ တွက် စီမံချက်များ၊ အစီအမံများချမှတ် ပြင်ဆင်သွားရန် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အသွင် သဏ္ဌာန်ရော၊ အနှစ်သာရပါ ပြောင်းလဲ ရေးအတွက် ဖွဲ့စည်းမှုပုံစံ၊ သွင်ပြင် သဏ္ဌာန်၊ စိတ်ဓာတ်ရေးရာမြှင့်တင်မှုများ ကို ဒီမိုကရေစီလမ်းကြောင်းနှင့် လိုက် လျောညီထွေဖြစ်ရန် အဆင့်ဆင့်ပြုပြင် တိုးချဲ့နေကြောင်း၊ နိုင်ငံတကာစံနှုန်းများ နှင့်ညီရန် EU၊UNDP လိုအဖွဲ့ အစည်း များနှင့် ပေါင်းစပ်ဆောင်ရွက်နေကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ်္စရပ်များနှင့် ပတ် သက်ပြီး ဘက်မလိုက်ဘဲ ကြားနေသည့် စံနှုန်းကို အမြင့်မားဆုံးဆောင်ရွက်နေ ကြောင်း ဂုဏ်ပြုမိန့်ခွန်းတွင် ရဲချုပ်ဇော် ၀င်းက ထည့်သွင်းပြောကြားခဲ့သည်။

““ရွေးကောက်ပွဲဆိုင်ရာကိစ်္စရပ်များ နှင့် ပတ်သက်ပြီး ဒို့ရဲတပ်ဖွဲ့ဟာ ဘက်မ လိုက်ဘဲ ကြားနေသည့် စံနှုန်းကို အမြင့် မားဆုံးဆောင်ရွက်နေတယ်ဆိုတာ ပြည် သူအားလုံးသိရှိအောင် ပြသသွားဖို့ လို အပ်မှာဖြစ်တယ်။ ရွေးကောက် ပွဲကြီး အောင်အောင်မြင်မြင် ပြီးစီးနိုင်ရေးအ တွက် ဖြစ်နိုင်ချေရှိတဲ့ စိန်ခေါ်မှုတွေ ကြုံ တွေ့လာမယ့် အခက်အခဲတွေကို စဉ် ဆက်မပြတ် သုံးသပ်အဖြေထုတ်ပြီး စီမံ ချက်တွေ၊ အစီအမံတွေချမှတ်ကာ အ ကောင်းဆုံးပြင်ဆင်ထားရှိသွားကြပါ”” ဟု ရဲချုပ်က ဆိုသည်။

တရားဥပဒေအရ အရေးယူဆောင် ရွက်မှုများပြုလုပ်ရသည့် တာဝန်ရှိသူများ အားလုံးသည် လူသားတို့၏ ဂုဏ်သိက်္ခာ ကိုလေးစားခြင်း၊ ကာကွယ်စောင့် ရှောက် ခြင်း၊ အခြေခံလူ့အခွင့်အရေးများ အပြင် အရပ်သားနှင့် နိုင်ငံရေး အခွင့်အရေးများ ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် လိုက် နာကျင့်သုံးရန် လည်း မှာကြားခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ရဲတပ်ဖွဲ့ဝင် များအား စွမ်းဆောင်ရည်ဆုများ ပေးအပ် ခြင်း၊ ရဲတပ်ဖွဲ့အား အကူအညီပေးသည့် တာဝန်သိပြည်သူများကို ဂုဏ်ပြုဆုများ ပေးအပ်ခြင်းတို့ကိုလည်းပြုလုပ်ခဲ့ကြ သည်။

Hot News Journal

No comments:

Post a Comment

My Blog List