Thursday, October 08, 2015

မတရားအသင်း ပုဒ်မ ဖျက်သိမ်းရန်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တောင်းဆို


မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)အား ဖျက်သိမ်းပေးရေးနှင့် မတရားသဖြင့် ဖမ်းဆီးခံထားရသည့် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား ပြည်သူ နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးရေးအတွက် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ဟစ်တိုင်ကွင်းတွင် တိုင်းရင်းသား လူငယ်များ ဆန္ဒပြ တောင်းဆိုကြသည်။

ပုဒ်မ ၁၇(၁) ဆိုသည်မှာ အစိုးရက တရားမ၀င် အသင်းအဖွဲ့အဖြစ် ကြေညာခြင်း ခံထားရသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်သူ များကို ဖမ်းဆီးအရေးယူသော ပုဒ်မတခု ဖြစ်သည်။

ယနေ့ ဆန္ဒပြပွဲ ကျင်းပရခြင်းသည် စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန် ဖြစ်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ တဦး ဖြစ်သည့် နန်းမေရီက ဧရာဝတီသို့ ပြောသည်။

နန်းမေရီက“မတရားသဖြင့် ကျောင်းသား ပြည်သူတွေကို ဖမ်းဆီးထား တာဟာ ငြိမ်းချမ်းရေးကို ထိခိုက်စေပါတယ်။ သူတို့ကို အမြန် ဆုံး ပြန်လွှတ် ပေးဖို့ လိုပါတယ်”ဟု ပြောဆိုသည်။

ငြိမ်းချမ်းရေး အတွက် ရည်ရွယ်ပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲကို တိုင်းရင်း သားလူငယ်များက ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး လူအင်အား ၇၀ ကျော် ပါဝင် ခဲ့ကြောင်း သိရသည်။

မတရား ဖိနှိပ်ခံရမှုနှင့် ဒီမိုကရေစီရေးတို့အတွက် ဆန္ဒပြ တောင်းဆိုခဲ့ကြ သည့် အလုပ်သမား၊ လယ်သမားနှင့် ကျောင်းသား ပြည်သူ များသည် အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံနေရပြီး တရားစွဲဆိုမှု များလည်း ရင်ဆိုင်နေရကြောင်း၊ လက်ရှိတွင် နိုင်ငံ ရေး အကျဉ်းသား ၁၀၈ ဦး အထိ ရှိနေပြီး တရားရုံးများတွင် အမှုရင်ဆိုင်နေရဆဲ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၄၆၀ ကျော် ရှိနေ သေးကြောင်း နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က ဧရာဝတီသို့ ပြောသည်။

ဦးထွန်းကြည်က“နိုင်ငံရေး အကျဉ်းသားတွေကို အပစ်ရပ် လက်မှတ် မထိုးခင်နဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ လိုပါတယ်”ဟုလည်း ပြော ဆို သည်။

ယခုကဲ့သို့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကျောင်းသား ပြည်သူများအား ဖမ်းဆီးထိန်းသိမ်းထားမှုကြောင့် ယခုနှစ်တွင် ကျင်း ပမည့် ရွေးကောက်ပွဲသည် တရားမျှတသည့် ရွေးကောက်ပွဲတခုအဖြစ် ခေါ်ဆိုနိုင်မည် မဟုတ်ကြောင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။

တိုင်းပြည်အတွက် အရေးကြီးချိန်တွင် နိုင်ငံရေး တက်ကြွလှုပ်ရှားမှုများ ကြောင့် အကျဉ်းချခံထားရသူများ၊ ကျောင်းသားများနှင့် ခေါင်း ဆောင်များ လွတ်မြောက်ရန်အတွက် ရွေးကောက်ပွဲနှင့်အတူ နိုင်ငံရေးအကျဉ်သား လွတ်မြောက်ရေး ၀ိုင်းဝန်း ကြွေးကြော် ပေးကြ ရန် ၈၈ မျိုးဆက် (ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးမင်းကိုနိုင်ကလည်း ပန်းဘဲတန်းမြို့နယ် တွင် ပြုလုပ်သည့် မဲဆန္ဒရှင် အသိပညာပေး ဟောပြောပွဲတွင် တိုက်တွန်း သည်။

ဦးမင်းကိုနိုင်က“ကျောင်းသားတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေကို ထောင်ထဲမှာ ထည့်ထားပြီးတော့မှ လုပ်ရဲတဲ့ ရွေးကောက်ပွဲမျိုးဟာ သတ္တိ နည်းရာ ကျပါတယ်။ သတ္တိရှိရှိ ရင်ဆိုင်ကြဖို့ လိုပါတယ်”ဟု ပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း ရက္ခိုင့်တပ်မတော် (AA)နှင့် ဆက်သွယ်သည်ဟုဆိုကာ ပုဒ်မ၁၇(၁) ဖြင့် တရားစွဲဆိုခံထားရသူ များ ရှိနေသေးပြီး မင်းပြားမြို့နယ် လဟာကျယ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်အား AA နှင့် ဆက်စပ် သူ များကို ကူညီထောက်ပံ့မှု ပုဒ်မ ၁၇ (၁)ဖြင့် စက်တင်ဘာလ ၂၈ ရက်က မင်းပြားမြို့နယ် တရားရုံးက အလုပ်နှင့် ထောင်သုံးနှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် အပစ်ရပ် လက်မှတ်ထိုးမည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေ ဖြင့်လည်း နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးအရ တရားရင်ဆိုင်နေရသူများ လွတ်မြောက်ရေးအတွက် ၀ိုင်းဝန်း တောင်း ဆိုပေးကြရန်လည်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းနှင့် နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ တို့က စက်တင်ဘာလ ၂၈ ရက်တွင် ပူးပေါင်း တိုက်တွန်း ထားသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List