Friday, October 09, 2015

ခိုးဝင် ဘင်္ဂါလီလေးဦးနှင့် တရားမ၀င် လူသယ်ယူသူများအား မင်းပြားမြို့ အနီး ဖမ်းမိ


ခိုးဝင်လာသည့် ဘင်္ဂါလီလေးဦးနှင့် တရားမ၀င် လူသယ်ယူပို့ဆောင်ပေး နေသူ နှစ်ဦးတို့ကို ရခိုင်ပြည်နယ် ၊ မင်းပြားမြို့အနီး ကားတစ်စီးပေါ်တွင် ဖမ်းမိသဖြင့် မင်းပြားမြို့မ ရဲစခန်းတွင် တရားမ၀င် လူသယ်ယူ ပို့ဆောင် မှုဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည် ။

စစ်တွေမြို့နယ်မှ ဘင်္ဂါလီလူမျိုးများအား တင်ဆောင်လာသည့် ကားတစ်စီး လာနေကြောင်း လျှို့ဝှက် သတင်းပေးချက်အရ မြို့နယ်ရဲတပ်ဖွဲ့မှ ၀ိုင်းဝန်းပိတ်ဆို့ ရှာဖွေစဉ် စစ်တွေ- ရန်ကုန် အဝေးပြေး ကားလမ်းပေါ်ရှိ မင်းပြားမြို့နှင့် ခုနစ်မိုင်အကွာ သံရှင်ကျေးရွာ ရဲကင်းရှေ့တွင် အောက်တို ဘာလ ၅ ရက် ည ၁၀း၀၀ နာရီခန့်တွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။

“လူမှောင်ခိုပို့တဲ့ သူတွေက ကားကို ဘင်္ဂါလီတွေ ခိုးဝှက် လိုက်လာနိုင်အောင် သေချာပြုပြင်ထားတာ တွေ့ရတယ် ။ ကားနောက်ခန်းမှာ ဘဂါင်္လီတွေကို ၀ှက်ပြီးယူလာတာ တွေ့ရတယ် ။ သူတို့ ဒီက ဘင်္ဂါလီတွေနဲ့ ဖုန်းအဆက် အသွယ် ရှိကြတယ် ။ အခုလောလောဆယ် သူ့တို့ကို ဘင်္ဂါလီတွေက ငွေတစ်သိန်းစီ ပေးထားပြီးပြီးလို့ ပြောတယ် ။ ရန်ကုန်ရောက်မှ ကျန်တဲ့ ငွေတွေကို ထပ်ပေးမယ်လို့ ကျွန်တော်တို့ သိရတယ်” ဟု မင်းပြားမြို့မ ၊ ရဲစခန်းမှ ဒုစခန်းမှုး ရဲအုပ်စိန်ထွန်းဦးက ပြောသည် ။ 

ဘင်္ဂါလီတစ်ဦးလျှင် ကျပ်ခုနစ်သိန်းနှုန်းဖြင့် အခကြေးငွေ ယူဆောင်ကာ ရန်ကုန်မြို့သို့ အရောက် တရား မ၀င် ပို့ဆောင်ရန် ခေါ်ယူလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည် ။

အဆိုပါ အမှုအား အောက်တိုဘာ ၆ ရက်တွင် သံရှင်ကျေးရွာ ၊ ရဲကင်းမှူး ဒုရဲအုပ်တင်ရွှေက တရားလိုပြုလုပ်ကာ ဘင်္ဂါလီလေးဦးအား တရားမ၀င် သယ်ဆောင်လာသူ မြင့်ဇော်ဝင်း နှင့် အောင်စိုးဝင်း တို့အား မင်းပြားမြို့မ ရဲစခန်းက (ပ) ၁၅၁/၂၀၁၅ ၊ တရားမဝင် လူသယ်ယူပို့ဆောင်မှု ပြစ်မှုပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့် ဖမ်းဆီး စစ်ဆေးလျက်ရှိပြီး သက်သေခံပစ္စည်းများအား ဖမ်းဆီး သိမ်းဆည်းပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည် ။

ဖမ်းဆီးထားသည့် ဘင်္ဂါလီလေးဦးအား မင်းပြား မြို့မရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားပြီး မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အက်ဥပဒေဖြင့် အရေးယူရန် ဆောက်ရွက်နေကြောင်း မင်းပြားမြို့မရဲစခန်းမှ သိရသည် ။

သတင်း - MMK
The Ladies News Journal

No comments:

Post a Comment

My Blog List