Tuesday, October 06, 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၏ အဖူးမြော်ခံလိုကြောင်း မိုင်းဖုန်း ဆရာတော် မိန့်ကြားဆိုသည်မှာ တာချီလိတ် NLD ၏ ပြောဆိုချက် မဟုတ်ကြောင်း ကြေငြာချက်ထုတ်


အွန်လိုင်းသတင်းမီဒီယာများတွင် ပျံ့နှံ့နေသည့် "အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ၏ အဖူးမြော်ခံလိုကြောင်း မိုင်းဖုန်းဆရာတော် မိန့်ကြား" ဆိုသည့် သတင်းသည် တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူများ၏ ပြောဆိုချက် မဟုတ်ဘဲ သာမန်အဖွဲ့ဝင် တစ်ဦး၏ ပြောဆိုချက်ဖြစ်တာကြောင့် အဆိုပါ သတင်းနှင့်ပတ်သက်၍ အတည်မပြုနိုင် သေးကြောင်း နှင့် တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ၎င်းတို့ နှင့် မသက်ဆိုင် ကြောင်း တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပြန်ကြေ ငြာထားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကြေငြာချက် အမှတ် ၁/၂၀၁၅ ဖြင့် အောက်တိုဘာလ(၅)ရက်နေ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။

Tachileik News Agency

No comments:

Post a Comment

My Blog List