Saturday, October 10, 2015

ရွေးကောက်ပွဲ ဝင်ပြိုင်ဦးမယ့် ရသ


 ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်ကြိမ်ရှုံးနိမ့်ထားသည့် ဟစ်ဟော့ပ်အဆိုတော် ရသသည် ၂၀၁၅ ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီပါတီသစ်မှပင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်းအနေဖြင့် ထပ်မံ ယှဉ်ပြိုင် မည်ဖြစ်ကြောင်းသတင်း ရရှိသည်။

‘‘အန်ကယ် ဦးသိန်းညွန့် (အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ)ရဲ့ ဆန္ဒကြောင့်ပါ။ မနက် ဖြန်  (အောက်တိုဘာ ၁၀)ရက် တောင်ဒဂုံဘက်မှာ လွှတ်တော် ကိုယ်စားလှယ်လောင်း မိတ်ဆက် ပွဲရှိတယ်’’ဟု ၎င်းက ပြောသည်။

ရသသည် ယခုရွေးကောက် ပွဲတွင် တောင်ဒဂုံနှင့် ဒဂုံဆိပ်ကမ်း မြို့နယ်များ၏ ကိုယ်စားပြုအမျိုး သားလွှတ်တော်ကိုယ်စားလှယ် လောင်းအနေဖြင့် ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီ ပါတီသစ်အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၈ နေရာ၌ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘တောင်ဒဂုံနဲ့ ဒဂုံဆိပ်ကမ်း က ရန်ကုန်နဲ့ အရမ်းအဝေးကြီး မဟုတ်ပေမယ့် ဖွံ့ဖြိုးမှုပိုင်းကျ တော့ လမ်းပန်းဆက်သွယ်ရေးက အစ ကွာဟနေသေးတယ်။ အခြေခံလူတန်းစားတွေလည်း များ တယ်။ မြေတွေအကျယ်ကြီးရှိနေ ရဲ့သားနဲ့တောင် လမ်းတွေက ကျဉ်းကျဉ်းလေးတွေ’’ဟု ရသက ၎င်းကိုယ်စားပြုမဲဆန္ဒနယ်များအ ကြောင်း ပြောသည်။

ရသသည် ပြီးခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် အ မျိုးသားဒီမိုကရေစီပါတီသစ် ကိုယ်စားပြု၍ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်မှ ပါဝင်ယှဉ်ပြိုင်ခဲ့သော် လည်း  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒေါက်တာမေဝင်းမြင့်က အနိုင်ရရှိခဲ့သည်။

‘‘၂၀၁၂ တုန်းက လုပ်ချင် တာလေးတွေရှိပေမယ့် လုပ်ခွင့် မရလိုက်ဘူး။ ဘာလုပ်ချင်တာလဲ ဆိုတာတောင် လူတွေသိအောင် ပြောခွင့်မရလိုက်ဘူး။ အဲဒီကာလ တုန်းက ကော်မရှင်ကနေ ခွင့်ပြု တဲ့ စာရွက်စာတမ်းတွေပဲ ဝေလို့ရ မယ်ဆိုတော့ ကျွန်တော်ရေးသား တဲ့ စာရွက်က ဝေခွင့်မရလိုက် ဘူး။ ကျွန်တော်တို့ ဥက္ကဋ္ဌကလည်း ဝေခွင့်မပေးဘူး။ ဒီတစ်ခေါက်က တော့ နည်းနည်းလေး ပိုပြီးလွတ် လပ်သွားတယ်။ အဲဒါက ၂၀၁၂ ထက်တော့ အသက်ရှူချောင်တာ ပေါ့’’ဟု ရသက ပြောသည်။

လက်ရှိရွေးကောက်ပွဲတွင် အနိုင်မရရှိပါကလည်း ၎င်းလုပ် ဆောင်ချင်သည့်ဆန္ဒများကို အနိုင်ရရှိသွားသည့် ကိုယ်စားလှယ် လောင်းအား ပြောကြားမည် ဖြစ် ကြောင်း၊ရွေးကောက်ပွဲသို့ နိုင် ငံရေးသမားတစ်ဦးအနေဖြင့် ပါ ဝင်ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ အနုပညာရှင်တစ်ဦးအနေဖြင့် နိုင်ငံရေးလုပ်ခွင့်ရရန် ကြိုးစားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘၂၀၁၂ ရော၊ ၂၀၁၅ ရောက အကူးအပြောင်း ကာလပဲရှိသေး  တယ်။ နိုင်ငံရေးသမားတို့ နိုင်ငံ ရေးလုပ်တယ်လို့ ပြောတာပဲရှိ တာ။ ဘယ်သူမှ နိုင်ငံရေးသေသေ ချာချာလုပ်ခွင့်မရသေးဘဲ နိုင်ငံ ရေးလုပ်ခွင့်ရအောင် ကြိုးစားနေ ကြတာပဲရှိတယ်’’ဟု ၎င်း၏ အမြင်ကို ပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List