Thursday, October 08, 2015

လုပ်ခလစာ နှင့် အချိန်ပိုကြေးများ မရရှိသောကြောင့် ဗစ်တိုးရီးယား ကုန်တိုက် အလုပ်သမားများ ဆန္ဒပြ


အစိုးရက တရားဝင် သတ်မှတ်ထားသည့် အနိမ့်ဆုံးလုပ်ခ ၃၆၀၀ ကျပ် နှင့်အချိန်ပိုကြေးများ မရရှိသည့် လှိုင်သာယာမြို့နယ် န၀ဒေးအိမ်ရာအနီး ဗစ်တိုးရီးယား ကုန်တိုက်မှ အလုပ်သမား ၃၀၀ ဝန်းကျင် သည် အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ၎င်းအလုပ်သမား များထံမှ သိရှရသည်။

လုပ်သက်နှစ်အလိုက် လစာ ၄သောင်းကျပ်မှ ၆ သောင်းအထိ ရရှိနေသည့် ဝန်ထမ်းများသည် ပိတ်ရက်မရှိ အချိန်ပြည့် လုပ်ကိုင်နေရပြီးတနင်္ဂနွေနေ့ အတွက် အချိန်ပိုကြေး ၂၂၀၀ ကျပ်သာရရှိကြောင်း၊ အောက်တိုဘာလ ၆ရက်နေ့က ထုတ်ပေးသည့် စက်တင်ဘာလ လစာတွင် အလုပ်သမား ဥပဒေအရ ပြဌာန်းချက်များအတိုင်း ပါဝင်လာခြင်းမရှိသောကြောင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း အလုပ်သမားများကပြောဆိုသည်။

ကုန်တိုက်ဝန်ထမ်းများသည် နံနက် ၉ နာရီမှ ည ၉ နာရီအထိ အလုပ်လုပ် ရပြီးတစ်လလျှင် ၃ရက်အထက် အလုပ်ပျက်ကွက်ပါက လစဉ် ထောက်ပံ့ ကြေးအဖြစ် ပေးထားသည့် ကျပ်လေးသောင်းကို အဖြတ်ခံရသည့်အပြင် ပျက်သည့်ရက်အလိုက် အခြေခံလစာထဲမှ အချိုးချ၍ ထပ်မံအဖြတ်ခံခြင်းများ ကြုံတွေ့နေရကြောင်းအလုပ်သမားတစ်ဦးဖြစ်သူ ကိုလှိုင်သူထွေးက ပြော ဆိုသည်။

"မနက် ၉နာရီကနေ ည၉ နာရီထိဆင်းရတယ်။စားသောက်ချိန် တစ်နာရီကို နုတ်မယ်ဆိုရင် Overtime က နေ့တိုင်း ၃ နာရီလောက်ဆင်းရတယ်။ ကျွန်တော်တို့ကတော့ တစ်လကို ၃၆၀၀ နဲ့ တွက်တဲ့ နှုန်းထားရယ်၊ Overtime ကြေးရယ်၊ အလှည့်ကျ နားရက်လေးရချင်တယ်" ဟု ၎င်းက ဆက်လက်ပြော ဆိုသည်။

ယင်းဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ အလုပ်သမားများ၏ တောင်းဆိုနေ မှုကြောင့် အလုပ်ရှင်များနှင့်အလုပ်သမားကိုယ်စားလှယ်များမှာလှိုင်သာယာ မြို့နယ်အလုပ်သမားညွှန်ကြားရေးမှုးဦးစီးဌာနတွင်ဆွေးနွေးညိနှိုင်းလျက်ရှိသည်။

"ကျွန်တော်တို့ဘက်က ဥပဒေအရ အဆင်ပြေအောင်လုပ်ပေးသွားမှာပါ" ဟု အလုပ်သမား ညွှန်ကြားရေးမှုးဦးစီးဌာန သို့ လာရောက်ဆွေးနွေးသူဗစ်တိုး ရီးယားကုန်တိုက် အထွေထွေမန်နေဂျာ ဦးလှမောင်က ပြောဆိုသည်။

အစိုးရက တရားဝင်သတ်မှတ်ထားသည့် တစ်ရက်လျှင် အနိမ့်ဆုံးလုပ်ခ ၃၆၀၀ ကျပ်မရရှိမှု ၊ စနေ့နေ့တွင် နေ့လည် ၁၂ နာရီထက် ကျော်လွန် အလုပ်လုပ်ရပါကအချိန်ပိုကြေး မရရှိမှု များ ကြောင့် လှိုင်သာယာမြို့နယ်မှ စက်ရုံအလုပ်သမားများ ဆက်တိုက် ဆန္ဒပြလျက်ရှိနေကြောင်း အလုပ်သမား ရေးဆောင်ရွက်သူများထံမှ သိရှိရသည်။

တရားဝင်သတ်မှတ်ထားသည့် နှုန်းထားနှင့် အလုပ်သမားများရရှိသည့်နှုန်း ထားများ တိုက်ဆိုင် စစ်ဆေးနိုင်ရန် စက်တင်ဘာလနှင့် အောက်တိုဘာလ နှစ်လစာ ဝန်ထမ်းလစာချေပေးမှု စာရွက်စာတမ်းများကိုအလုပ်သမား ညွှန်ကြားမှုဦးစီးဌာနက စက်ရုံများကို တောင်းခံလျက်ရှိနေသည်။

The Voice Weekly

No comments:

Post a Comment

My Blog List