Friday, October 09, 2015

မြိတ်မြို့ ဒီချုပ်မဲဆွယ်ပွဲ သရုပ်ဆောင်ဗေလုဝ ဟောပြော၊ ပရိသတ်အများအပြား အားပေး


မြိတ်မြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အောင် နိုင်ရေးအဖွဲ့ ဦးဆောင်၍ မဲဆွယ် စည်းရုံးရေးဆိုင်ရာ စာပေဟော ပြောပွဲတွင် ရုပ်ရှင်သရုပ်ဆောင် ဗေလုဝကို ဖိတ်ကြားပြီး အောက် တိုဘာ ၈ ရက်က ကျင်းပခဲ့ရာ ပရိသတ်အများအပြား တက်ရောက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ မဲဆွယ်စည်းရုံးရေး စာပေဟောပြောပွဲကို မြိတ်မြို့ နယ် ဒီချုပ်အောင်နိုင်ရေးအဖွဲ့အား ပံ့ပိုးကူညီနေသော မြိတ်တက်ကြွ လူငယ်အဖွဲ့က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး စာပေဟောပြောပွဲကျင်းပရန် ခရိုင်ကော်မရှင်ထံသို့ ခွင့်ပြုချက်လျှောက်ထားရာတွင် အင်အား ၂,၀၀၀ ဖြင့် လျှောက် ထားကြောင်း တက်ကြွ လူငယ် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

‘‘အရင်တုန်းကတော့ မြိတ် မှာ အရပ်ဘက်ဆိုင်ရာ စာပေဟောပြောပွဲတွေ လုပ်ခဲ့ဖူးတယ်။ ဒါကြောင့် အင်အားနှစ်ထောင် လောက် လာမယ်ဆိုပြီး ထင်လို့ ခွင့်ပြုချက်တောင်းခံခဲ့တယ်။ အခုက ပရိသတ် တစ်သောင်းဝန်းကျင် လောက် လာရောက်ခဲ့ကြတယ်’’ဟု အဆိုပါတာဝန်ရှိသူက ပြောကြားသည်။ ယင်းမဲဆွယ်စည်းရုံးရေးဆိုင်ရာ စာပေဟောပြောပွဲတွင် ပရိသတ်များကို မဲပေးနည်းလက်တွေ့ပညာပေးရန် စီစဉ်ခဲ့သော်လည်း အခြေအနေအရ ဖျက်သိမ်းခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မဲဆွယ်စည်းရုံးရေးဆိုင်ရာ စာပေဟောပြောပွဲကို မြိတ်မြို့၊ ကန်ဖျားရပ်ရှိ ဦးစောဂျက်ကွင်း တွင် ကျင်းပခဲ့ပြီး ဗေလုဝနှင့် မြိတ်မြို့ဒေသခံစာရေးဆရာ ဦးမြတ် ရှိန် (ခ) ကိုစိုးငယ်တို့ ဟောပြော ခဲ့ကြောင်း သတင်းရရှိသည်။

ရုပ်ရှင်သရုပ်ဆောင် ဗေလုဝသည် ဒီချုပ်ပါတီ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၆ နှင့် ၇ ရက်က မြိတ်ခရိုင်၊ ပုလောမြို့တွင် စာပေဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သ တင်းရရှိသည်။

မြိတ်မြို့နယ်တွင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဒီချုပ်ပါတီနာယက ဦးတင်ဦးသည် အောက်တိုဘာ ၃ ရက်က  လာရောက်ပြီး ကိုယ်စားလှယ်လောင်းများ မိတ်ဆက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရွေးကောက်ပွဲတွင် ဒီချုပ်အောင်နိုင်ရေးအတွက် မြိတ်တက်ကြွလူငယ်များအဖွဲ့က ဦး ဆောင်၍ ယခုလအတွင်း မြိတ်မြို့ ၌ အဆိုတော်၊ ဟာသလူရွှင်တော် များ ဖိတ်ခေါ်ထားပြီး မဲဆွယ်စည်း ရုံးရေးနှင့် မဲပေးနည်းအသိပညာ ပေးလုပ်ငန်းများ လုပ်ဆောင်ရန် စီစဉ်နေကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

7Day News Journal

No comments:

Post a Comment

My Blog List