Monday, October 05, 2015

ဝတ်စုံအသစ် အစိမ်းနုရောင်ဖြင့် တွေ့ရသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်





တပ်မတော် ကြည်း၊ ရေ၊ လေ ဝတ်စုံများကို ပြောင်းလဲရန် သတ်မှတ်လိုက် ပြီးနောက် အောက်တိုဘာ ၅ ရက် တွင် မော်လမြိုင်မြို့သို့ သွားရောက်နေ သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဝတ်စုံအသစ်ဖြင့် ထပ်ဆုံး မြင်တွေ့ရသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများသို့ ကွန်ပျူတာများ၊ ဒေသဖွံ့ဖြိုးရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းသည့် အခမ်းအနားသို့ တက်ရောက်ရာတွင် အစိမ်းနုရောင် ဝတ်စုံအသစ် ဝတ်ဆင် ထားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို တွေ့ရခြင်းဖြစ်သည်။

တပ်မတော် ကြည်း၊ ရေ၊ လေ အရာရှိများနှင့် အခြားအဆင့်ရှိ (အမျိုးသား အမျိုးသမီးများ)၏ ဝတ်စုံများကို အောက်တိုဘာ ၁ ရက်မှစတင်ကာ ပြောင်း လဲဝတ်ဆင်ရန် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ 

(ဓာတ်ပုံ - Senior General Min Aung Hlaing ဖေ့ဘုတ်)
Mizzima - News in Burmese 

No comments:

Post a Comment

My Blog List