အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ပြည်တော် ပြန် မိုင်းဖုန်း ဆရာတော်မှ တာချီလိတ်မြို့သို့ ရောက်ရှိခိုက် အပူဇော်ခံလို ကြောင်း ၊ ဂူအောင်း ကျင့်နေသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် လာရောက်ဖူးမြော်ပါက ဂူထဲက ထွက်တွေ့မည်ဟု မိန့်ကြားကြောင်း တာချီလိတ် NLD ရုံးမှ သိရှိရသည် ။
"ဆရာတော်က သူ့ကပ္ပိယနဲ့ တစ်ဆင့် ပြောလိုက်တာ ။ အမေစုလာရင် သူတွေ့ချင်တယ်လို့ မိန့်လိုက်တာ ။ ဆရာတော်အခု ဂူအောင်းကျင့်နေတာ အမေစုလာရင် ဂူထွက်လာမယ်တဲ့" ဟု တာချီလိတ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး ဆောင်ရွက်မည့် ပါတီဝင် ကိုသက်မိုးထွေးက ပြောသည် ။
မိုင်းဖုန်း ဆရာတော် ဘုရားကြီး ဘဒ္ဒန္တဥာဏသံဝရအား NLD အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ဖူးမြော်နိုင်ရန် တာချီလိတ် မဟာမြတ်မုနိ ဘုရားကြီးကျောင်းနှင့် ဆရာတော်၏ ကျောင်းဖြစ်သော မိုင်းဖုန်း ကျောင်း တို့အား စီစဉ်ထားသော်လည်း အပြီးသတ် ဆုံးဖြတ်မှု မရှိသေးကြောင်း သိရသည် ။
တာချီလိတ်မြို့၌ အောက်တိုဘာ ၂၀ ရက် (သို့) ၂၁ ရက်နေ့တွင် မဲဆွယ် စည်းရုံးရေး ဟောပြောမည့် အမျိုးသား ဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၏ လုံခြုံရေးအတွက် ပါတီဝင်အင်အား ၃၀၀ ခန့်ဖြင့် စီမံဆောင်ရွက် ထားကြောင်း သိရသည် ။
ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် နေရာအား တာချီလိတ် မြို့လယ်ရှိ ရှမ်းရိုးမကွင်းအား ပြုလုပ်နိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်း ဆောင်ရွက် လျက်ရှိကြောင်းနှင့် ခွင့်ပြုချက်မရရှိပါက မြို့အ၀င်ရှိ ရှမ်းစာပေ နှင့် ယဉ်ကျေးမှုအဖွဲ့အစည်းမှ ပိုင်ဆိုင်သော ရှမ်းကွင်းအတွင်း ဟောပြောရန် စီစဉ်ထားကြောင်း သိရသည် ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာ တာချီလိတ် သို့ ၁၉၉၉ ခုနှစ်တွင် နောက်ဆုံးတစ်ကြိမ် ရောက်ရှိခဲ့ပြီး မကာဟိုခမ်း ရပ်ကွက်အတွင်း ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည် ။
သတင်း - MMK
The Ladies News Journal
No comments:
Post a Comment