အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့အကြား နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ် ရေးထိုးမူကို အောက်တိုဘာလ ၁၅ ရက်ေ န့ နေပြည်တော်တွင် ပြုလုပ်ရန် ရန်ကုန်တွင် ကျင်းပနေ သည့် ဆွေးနွေး ပွဲမှ သဘောတူလိုက်သော်လည်း သျှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA မှာ ပါဝင် လက်မှတ်ရေးထိုးရန်မသေချာသေးကြောင်း သိရသည်။
”ကျနော်တို့က လာတာတက်တာ ဗဟိုအလုပ်အမှုဆောင်အစည်းဝေးက မပြီးသေးဘူး။ ဘာဆုံးဖြတ်ချက် မှ မချနိုင်သေးဘူး။ ဒါကြောင့် အစိုးရ သတ်မှတ်လိုက်တဲ့ရက်မှာ လက်မှတ်ထိုးဖို့ မသေချာသေးသလို လက်မှတ် ထိုးဖို့လည်း မဆုံးဖြတ်နိုင်သေးဘူး။” - ဟု RCSS/SSA ၏ အကြံပေးဖြစ်သူ ဦးခွန်ဆိုင်းက ပြောသည်။
အောက်တိုဘာလ ၄ ရက်နေ့က ပြုလုပ်ခဲ့သည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဆွေးနွေးပွဲသည် NCA အပစ်ခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးမည့် နေ့ရက်နှင့် နေရာသတ် မှတ်နိုင်ရန်အတွက် အဓိက ရည်ရွယ်ကျင်းပခဲ့ခြင်း ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ တက်ရောက်ခဲ့သည်။
တက်ရောက်ခဲ့သည့် ၈ ဖွဲ့အနက် ၇ ဖွဲ့မှာ ပါဝင်လက်မှတ်ရေးထိုး ရန် သေချာေ န သည့်အဖွဲ့များဖြစ်ပြီး တဘက် ၁၀ ဦးစီ ပါဝင်သည့် ပစ်ခတ်တိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ ကျင်းပရေး ပူးတွဲကော်မတီ ဖွဲ့စည်းခဲ့ သည်။
ပါဝင်လက်မှတ်ရေးထိုးရန် သေချာသည့် အဖွဲ့များမှာ ကေအန်ယူ ကရင်အမျိုး သားအစည်းရုံး KNU ၊ ဒီကေ ဘီအေ DKBA ၊ ကရင်ငြိမ်းကောင်စီ KNLA-PC ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ABSDF ၊ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ၊ ရခိုင်လွတ်မြောက်ရေးပါတီ ALP တို့ဖြစ်ကြသည်။
ယင်းအဖွဲ့များအနက် ကေအန်ယူ တဖွဲ့သာ တပ်အင်အားအမြောက်အမြားနှင့် ကျယ်ပြန့်သည့် စိုးမိုးနယ်မြေ တည်ရှိသည့် အဖွဲ့ဖြစ်နေပြီး အဖွဲ့တချို့မှာ တပ်ဖွဲ့ဝင်အင်အား တရာဝန်းကျင်သာရှိ သည့် အဖွဲ့များလည်း ရှိနေသည်။
“ဒီနေ့ပွဲမှာ ဘယ်သူတွေလက်မှတ်ထိုးမယ်ဆိုတာတော့ မဆွေးနွေးဖြစ်ဘူး RCSS/SSA အနေနဲ့ကတော့ အရင်က Deed of commitment မှာ ပါဝင် လက်မှတ်ရေးထိုးဖူးတယ်။ အဲဒီမှာဘာပါသလဲဆိုတော့ လက်မှတ် ထိုးတား တဲ့အဖွဲ့တွေသည် ရွေးကောက်ပွဲမတိုင်ခင် NCA ကိုပါဝင် လက်မှတ်ရေးထိုး ရမယ် ဆိုတာပါတယ်။” - ဟု မြန်မာငြိမ်းချမ်းရေးနှင့်ပြန်လည် ထူထောင် ရေး စင်တာမှအကြံပေး ဦးလှမောင်ရွှေ က ဆွေးနွေးမှု အပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက သံလွင်မြစ် အနောက်ဘက်ကမ်း သျှမ်းပြည်နယ်တောင်ပိုင်း တွင် ရှိနေသည့် RCSS/ SSA တပ်များအား သံလွင်မြစ်အရှေ့ဘက်ကမ်း မိုင်းထားဒေသသို့ ပြောင်းရွှေ့ပေးရန် မြန်မာ စစ်တပ်မှ ညွှန်ကြားခဲ့သည့် နောက်ပိုင်း RCSS/SSAနှင့် မြန်မာစစ်တပ် တို့အကြား တိုက်ပွဲအချို့ဖြစ် ပွား ခဲ့သည်။
သျှမ်းပြည်နယ်တောင်ပိုင်းရှိ RCSS လှုပ်ရှားရာဒေသများမှာ သျှမ်းတိုင်းရင်း သား များ၏ မူလနေထိုင်ရာ ဒေသများဖြစ်သည်။ သို့သော် RCSS အား ဆုတ်ခိုင်းသည့် ဒေသတွင် ၀ တပ်ဖွဲ့အချို့မှာဝင်ရောက်နေရာ ယူထားမှုများ ရှိနေသည်ဟု ဒေသခံများပြောပြချက်အရသိရသည်။
သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA မှာလည်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် အဖွဲ့အားလုံးပါဝင်မှသာ လက်မှတ်ရေးထိုးမည်ဟု ကြေငြာထားသည်။
ဓါတ်ပုံ- MPC
Panglong(Burmese)
No comments:
Post a Comment