Monday, October 05, 2015

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဆိုင်းဘုတ်တင်ပွဲသို့ RCSS/SSA တပ်ဖွဲ့ဝင်များ တက်ရောက်


တိုက်ပွဲများကြောင့် နိုင်ငံရေးပါတီများ ၎င်းတို့နယ်မြေ အတွင်း မဲဆွယ်မှုများမပြုလုပ်ရန် ကြေညာထားသည့် ရှမ်းပြည်ပြန် လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) သည် အောက်တိုဘာ ၃ ရက်ကပြုလုပ်သည့်ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SN-LD)၏ ဆိုင်းဘုတ်တင်ပွဲနှင့် မဲဆွယ်ပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 တောင်ကြီးမြို့နယ်၊ နမ်း ဟောင်းမွေတော်ကျေးရွာအုပ်စုရှိ နောင်ကျင်းကျေးရွာတွင် အောက် တိုဘာ ၃ ရက်က ပါတီဆိုင်းဘုတ်တင်ခြင်း၊ လွှတ်တော်ကိုယ်စား လှယ်လောင်းများနှင့် ဒေသခံမဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံပွဲကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော်တပ်ဖွဲ့ဝင်အချို့ တက်ရောက်ခဲ့ကြောင်း ပါတီကိုယ်စားလှယ်လောင်း ဒေါ်နန်းမြဦးကပြောသည်။

RCSS/SSA သည် အစိုးရ တပ်များနှင့် တိုက်ပွဲများဖြစ်ပွားနေ သည့်အတွက် ၎င်းတို့နယ်မြေအ တွင်း မဲဆွယ်စည်းရုံးမှုများမပြု လုပ်ကြရန် စက်တင်ဘာ ၁၆ ရက် စွဲဖြင့် ရှမ်း၊ မြန်မာ၊ အင်္ဂလိပ်ဘာ သာ သုံးမျိုးဖြင့် ထုတ်ပြန်ထား သည်။

‘‘ကျားခေါင်းပါတီကို လာ အားပေးတယ်လို့ ထင်တယ်။ အစ်မ ရဲ့ မဲဆန္ဒနယ်လည်း ဖြစ်နေတော့ဒေသခံမဲဆန္ဒရှင်တွေဆီတွေ့ရင်း သွားတာပါ။ ရှမ်းရွာဆိုလို့ အဲဒီနားမှာ ရွာလေးတစ်ရွာနဲ့ ကြိုကြားရွာ လေးပဲရှိတာ။ အစွန်ဆုံးရွာဖြစ်နေ လို့ အားမငယ်အောင် လာအား ပေးတယ်လို့ပဲ မြင်တယ်’’ဟု ရှမ်း တိုင်းရင်းသားများဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းဒေါ်နန်းမြဦးက ပြောသည်။

ပါတီဆိုင်းဘုတ်တင်ပွဲသို့ RCSS/SSA မှ အရာရှိအဆင့်ရှိသူ သုံးဦး၊ တပ်ဖွဲ့ဝင် ၂၀ ခန့် လာ ရောက်ခဲ့ပြီး ကိုယ်စားလှယ်လောင်း လေးဦးက ဒေသခံများအား ပါတီ မူဝါဒများရှင်းပြခြင်းနှင့် မဲဆွယ် တွေ့ဆုံမှုများကို တပ်ဖွဲ့ဝင်များ က စိတ်ဝင်တစားနားထောင်ပြီး နောက် နေ့လယ်ပိုင်းတွင် အေး ဆေးစွာ ပြန်သွားသည်ဟု ဒေါ်နန်းမြဦးက ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ်ပါတီ (ကျား ခေါင်း)သည် ၂၀၁၀ ရွေးကောက်ပွဲ နှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်  ပွဲတို့တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ ခြင်းမရှိဘဲ ယခု ၂၀၁၅ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး နှင့် ပါတီထိပ်ပိုင်းခေါင်းဆောင် အချို့သည် ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

‘‘ကိုယ်စားလှယ်လောင်း တွေကို ပုဒ်မ ၁၇ (၁) (မတရား အသင်းနှင့် ဆက်သွယ်ခြင်း)နဲ့ ငြိ မယ်ဆိုလည်း မကြောက်ပါဘူး။ RCSS/SSA က တောင်ကြီးမှာ ဆက်ဆံရေးရုံးတွေ တရားဝင်ဖွင့် ထားတာပဲ။ ဒီမိုကရေစီကူးပြောင်းတယ်ဆိုတာ တစ်ယောက်တည်း အင်အားရှိရုံနဲ့ မရဘူး။ ပေါင်းစည်းခြင်း လက္ခဏာ၊ ပေါင်းစည်းခြင်း နိမိတ်လို့ပဲ မြင်တယ်’’ဟု ဒေါ်နန်းမြဦးက ပြောသည်။

 တောင်ကြီးမြို့နယ်တွင် ကျားခေါင်းပါတီကိုယ်စားပြုဝင် ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးစဉ်ကလည်း အဆိုပါ တပ်ဖွဲ့ဝင်များက နှောင့်ယှက်ခြင်း၊ခြိမ်း ခြောက်ခြင်းမရှိဘဲ ကျားခေါင်း ပါတီအလံများ ခန္ဓာကိုယ်တွင် တပ်ဆင်ယူဆောင်သွားသည်ကို တွေ့ရသည့်အတွက် လာအားပေးသည်ဟု မြင်ကြောင်း နောင်ကျဉ်းကျေးရွာဒေသခံကျေး ရွာသားတစ်ဦးက ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ် (SNLD)ပါတီ သည် လာမည့်ရွေးကောက်ပွဲတွင် ရှမ်း၊ ကချင်၊ ကယားပြည်နယ်နှင့် မန္တလေးတိုင်းရှိ မဲဆန္ဒနယ်များတွင် လွှတ်တော်ကိုယ်စားလှယ် ၁၅၈ ဦးဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List