၁၉၈၈ အရေးတော်ပုံကာလတွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးအတွက် လက်နက်ဆွဲကိုင်တော်လှန်ခဲ့သော ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးမှ ရဲဘော်ကြည်ဆန်းကျဆုံးခြင်း နှစ် (၂၀) ပြည့် အမှတ်တရ အခမ်းအနားကို ပြည်မြို့၌ အောက်တိုဘာ ၄ ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
‘‘ရဲဘော် ကြည်ဆန်းဟာ မြန်မာနိုင်ငံ ဒီမိုကရေစီပေါ်ထွန်း ရေးမှာ တိုက်ပွဲဝင်အသက်ပေးလှူ သွားခဲ့တဲ့ အညတရသူရဲကောင်း တစ်ဦးအဖြစ် ဂုဏ်ပြုတယ်။ သူ့အ တွက် ဂုဏ်ပြုမော်ကွန်းတင်အသိ အမှတ်ပြုတယ်။ အမှတ်တရရှိနေ ပါတယ်’’ ဟု ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးမှ ရဲဘော် ဟောင်းတစ်ဦးက အခမ်းအနား တွင် ပြောသည်။
အခမ်းအနားသို့ ရန်ကုန်၊ တောင်ကြီးစသည့်မြို့များမှ ကျောင်းသားများ၊ ဒီမိုကရက်တစ်တပ်ဦး ရဲဘော်ဟောင်းများ၊ ပြည်မြို့ရှိ အရပ်ဘက် အဖွဲ့အစည်းများနှင့် ရဲဘော်ကြည်ဆန်း၏ မိသားစုဝင် များတက်ရောက်၍ အမှတ်တရ စကားပြောကြားခြင်း၊ ဂုဏ်ပြုခြင်း များပြုလုပ်ခဲ့ကြသည်။
‘‘ရဲဘော်ကြည်ဆန်းရဲ့ စိတ် ဓာတ်က အတုယူစရာပါ။ ရန်သူ့ လက်ထဲမှာ အသက်အသေခံပြီး စစ်ဆေးမေးမြန်းသမျှကို အနှိပ် စက်ခံ၊ အသေခံသွားတယ်။ ဒီမို ကရေစီအရေးအတွက် အသက်ကိုစတေးပြီး နှုတ်လုံခဲ့တဲ့ ရဲဘော်ရဲဘက်တွေအပေါ် သစ္စာရှိတဲ့ ရဲဘော်တစ်ယောက်အတွက် ပြည်မြို့အနေနဲ့ ဂုဏ်ယူပါတယ်’’ ဟု ပြည်မြို့ဒေသခံ ဦးဇော်ထွန်းက ပြောသည်။
ရဲဘော် ကြည်ဆန်းသည် ပြည်မြို့တွင် နေထိုင်သူဖြစ်ပြီး ၁၉၈၈ မှစတင်ကာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးတွင် ၀င်ရောက်၍ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ခဲ့သည်။
၁၉၉၅ တွင် တောင်ငူမြို့နယ်အတွင်း ရန်ကုန်မှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရကာ အမျိုးမျိုးနှိပ်စက်စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့သော်လည်း ကျောင်းသားတပ်အပေါ် သစ္စာရှိစွာ နှုတ်လုံခဲ့သောကြောင့် ရက်စက်စွာ သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း ရဲဘော်ကြည်ဆန်း ကျဆုံးခြင်း နှစ် (၂၀)ပြည့်အခမ်းအနားမှ သတင်းရရှိသည်။
7Day News Journal
No comments:
Post a Comment