ရန်ကုန်မြို့ရှိ အာဇာနည် ဗိမာန်ထိပ်အလံတိုင်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ)အလံကို စက်တင်ဘာ ၆ ရက်ညနေတွင် လွှင့်တင်ထားခဲ့ကြောင်း တွေ့ရှိရသည်။ သို့သော် မည်သူ လွှင့်တင်သည်ကိုမူ မသိရပေ။
အာဇာနည်ဗိမာန်ထိပ်အလံတိုင်တွင် အနီရောင်အောက်ခံနှင့် ခွပ်ဒေါင်းပုံပါ ဗကသအလံလွှင့် တင်ထားခြင်း ကို စက်တင်ဘာ ၆ ရက် ညနေ ၅ နာရီခန့် တွင် လမ်း သွားလမ်းလာအချို့က စတင် သတိထားမိခဲ့ခြင်းဖြစ် သည်။
အာဇာနည်ဗိမာန်ရှိ အလံ တိုင်တွင် ခေတ်အဆက်ဆက်အာ ဇာနည်နေ့ ရောက်ရှိချိန်နီးမှ နိုင်ငံ တော်အလံ ကို တိုင်တစ်ဝက်လွှင့် ထူလေ့ရှိပြီး အခြားအချိန်၌ အလံတိုင်တွင် မည်သည့်အလံမျှ လွှင့်ထူခြင်းမရှိကြောင်း အာဇာနည်ဗိမာန်အနီး၌ နေထိုင်သူများက ပြောသည်။
အဆိုပါ ခွပ်ဒေါင်းအလံကို ညနေ ၆ နာရီခန့်တွင် အာဇာနည် ဗိမာန် လုံခြုံရေးဝန်ထမ်းများက ပြန်လည်ဖြုတ် သိမ်းခဲ့သည်။
လက်သည်မပေါ်သေးသည့် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အဆင့်မြင့်အရာရှိများထံ သတင်းပို့ထားကြောင်း နှင့် အာဇာနည်ဗိမာန်ပိတ်ချိန် ညနေ ၅ နာရီခန့်အထိ တိုင်ထိပ်၌ မည်သည့်အလံမှ လွှင့်ထူထားခြင်းကို မတွေ့ရှိ ကြောင်း အာဇာနည်ဗိမာန် လုံခြုံရေးများက ပြောသည်။
ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်အနီးရှိ အာဇာနည်ဗိမာန်ကို တနင်္လာ နေ့နှင့် ပြန်တမ်းဝင်ရုံး ပိတ်ရက် များမှအပ ကျန်ရက်များ တွင် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ အများပြည်သူလာရောက် ဂါရ၀ပြုရန် ဖွင့်လှစ်ထားသည်။ အစိုးရသစ်လက်ထက်တွင် နိုင်ငံတော် အလံအသစ် ပြန်ပြောင်းပြီးနောက် နိုင်ငံတော် အလံ မှားယွင်းလွှင့်ထူမှုများ မကြာခဏ ဖြစ်ပွားခဲ့ဖူးသည်။
ရန်ကုန်မြို့တော်ခန်းမအနီး ရှိ ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော် (ဟိုက်ကုတ်)၌ ဇန်န ၀ါရီ ၁ ရက် က နိုင်ငံတော်အလံအစား ‘‘ကိုးမြီးကွက် ကဒေါင်း’’ပုံစံ ပါသည့် သုံးရောင်ခြယ်အလံကို လွှင့်ထူထားပြီး လူအ များ သတိထားမိချိန်၌ ပြန်လည်ဖြုတ်သိမ်း ခဲ့သည်။
၁၉၄၁-၁၉၄၂ အတွင်း ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)က အသုံးပြုခဲ့သည့် ‘‘ကိုးမြီးကွက်က ဒေါင်း’’အလံလွှင့်တင်မှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ရဲစခန်းတွင် တိုင်ကြားခဲ့ သော်လည်း တရားခံဖမ်းဆီးရမိမှု မရှိသေးပေ။
နိုင်ငံတော်အလံကိုအထက်အောက်ပြောင်းပြန်လွှင့်ထူမှုများသည် ၂၀၁၂ နိုဝင်ဘာအတွင်းက နေပြည်တော် တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ညီလာခံကျင်းပချိန်နှင့် ၂၀၁၃ မေလက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ဆွစ်ဇာလန်အထက် လွှတ်တော် ဥက္ကဋ္ဌ တွေ့ဆုံပွဲတို့၌ ဖြစ်ပွားခဲ့ဖူးသည်။
7Day News Journal
No comments:
Post a Comment