Monday, September 07, 2015

ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ထိုင်းအမျိုးသားပြောင်းလဲရေးကောင်စီ ပယ်ချ


ရေးဆွဲထားတဲ့ ထိုင်းနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို  အမျိုးသားပြောင်းလဲရေးကောင်စီ(အန်အာစီ) က သြဂုတ် ၆ ရက်မှာ ပယ်ချလိုက် ပါတယ်။ မူကြမ်းကို ငြင်းပယ်မယ်ဆိုတာကတော့ မျှော်လင့်ထားပြီး ဖြစ် သလို ၁၃၅ မဲ ၁၀၅ မဲနဲ့ အခြေခံဥပဒေမူကြမ်းကို ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။ အန်အာစီ အဖွဲ့ဝင် ၂၄၇ ဦးတက်ရောက်ခဲ့ရမှာ ၂၄၀ ဦးမဲပေးခဲ့ပြီး ၇ ဦးကတော့ မဲမပေး ခဲ့ပါဘူး။

အန်အာစီအဖွဲ့ဝင်တွေကို အက္ခရာစဉ်အလိုက် ခေါ်ဝေါ်ပြီး နှုတ်ကနေ အတည်ပြုနဲ့ ငြင်းပယ် မပယ် ပြောဆို ရတာ ဖြစ်တယ်လို့ ဘန်ကောက်ပို့စ် သတင်းက ရေးပါတယ်။

ငြင်းပယ်လိုက်တဲ့အတွက် အန်အာစီရဲ့သက်တမ်းကကုန်ဆုံးမှာ ဖြစ်ပြီး အဖွဲ့ဝင် ၂၁ ဦးပါ ဥပဒေကြမ်းရေးဆွဲ ရေး ကော်မတီ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ ဒီနောက် အသစ်ရေးဆွဲဖို့ ရက် ၁၈၀ အချိန်ရမှာ ဖြစ်ပါတယ်။

ကော်မတီအသစ်က အလုပ်ပြီးဆုံးရင်တော့ အခြေခံ ဥပဒေသစ်အတွက် လူထု ဆန္ဒခံယူမှာ ဖြစ်ပါတယ်။

မဲပေးတဲ့ ဒီကနေ့မှာ ပါလီမန် အဆောက်အဦနား အရပ်ဝတ်နဲ့ ယူနီဖောင်း ၀တ် ရဲတွေလည်း လုံခြုံရေးအ တွက် ချထားပါတယ်။

ပါလီမန်ကိုသွားတဲ့ အဓိက လမ်းပေါ်မှာ အတားအဆီးတွေ ချထားပြီး အန်အာစီ အဖွဲ့ဝင်နဲ့ သက်ဆိုင်သူတွေ ကိုပဲ ၀င်ဖို့ ခွင့်ပြုခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List