Wednesday, August 05, 2015

RCSS/SSA နှင့် ကရင်တပ်ဖွဲ့များအား သမ္မတ နှင့် ကာချုပ် နေပြည်တော်၌ လက်ခံတွေ့ဆုံ


သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ တို့ သည် နေပြည်တော်၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့အား သွားရောက်တွေ့ဆုံခဲ့သည်။နိုင် ငံတော်သမ္မတ ဦးသိန်းစိန်အား ယမန်နေ့ ဩဂတ်စ် ၃ ရက်နေ့ ကလည်းကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အားယနေ့ ဩဂတ်စ် ၄ ရက်နေ့ကလည်းကောင်း တွေ့ ဆုံကြ သည်။ တွေ့ ဆုံမှုတွင် သျှမ်းပြည်တပ်မတော်မှ ဗိုလ်မှူးကြီးစိုင်းလှ၊ ဒုတိယဗိုလ်မှူးကြီးစိုင်းဟန် တို့ အပြင် အကြံပေးပုဂ္ဂိုလ် စဝ်ဟန်ယောင်ဟွေ လည်း ပါဝင်သည်။

“နိုင်ငံတော် သမ္မတနဲ့ မနေ့က တွေ့ဆုံတယ်။ ပြည်ထောင်စုနေ့က လက်မှတ်ရေးထိုးတဲ့ ကရင်လက်နက် ကိုင် အဖွဲ့တွေ နဲ့ကျနော်တို့ပါ။ တတိုင်ြး ပည်လုံး အပစ်ရပ်ဖို့ ပံ့ပိုးကူညီကြပါလို့ သမ္မတက တိုက်တွန်းတယ်။ အပစ် ရပ်ရေးမှာ ကျနော်တို့တွေ SD အဖွဲ့နဲ့ ဘယ်လိုလက်တွဲဆောင်ရွက်မလဲ၊ ဘယ်လို ပံ့ပိုးမှုတွေလုပ် မလဲပေါ့” - ဟု ဗိုလ်မှူးစိုင်းလှ ကပြောသည်။

ယနေ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် နှင့် တွေ့ဆုံရာတွင်လည်း ငြိမ်းချမ်းရေးကိစ္စ၊ လက်နက်ဖြုတ်သိမ်းရေး DDR ကိစ္စ၊ လုံခြုံရေးအတွက် တပ်ပြည်လည်ဖွဲ့စည်းရေးကိစ္စ ရပ် များ ဆွေးနွေးကြ သည်ဟု လည်း သိရသည်။

တတိုင်းပြည်လုံးအပစ်ခတ်ရပ်စဲ နိုင်ရေးအတွက် တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များ၏ ငြိမ်းချမ်းရေး ဆွေးနွေး ညှိနှိုင်း ရေး အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီတို့ လာမည့် ဩဂတ်စ် ၆ ရက်နေ့၌ ၉ ကြိမ်ြေ မာက် တွေ့ဆုံေ ဆွးနွေးရေး အတွက် နှစ်ဘက်ခေါင်းဆောင်များ က ပြင်ဆင်နေကြ သည်။

ဓါတ်ပုံအညွှန်း - RCSS/SSA နှင့် ကရင်တပ်ဖွဲ့များ သမ္မတ နှင့် တွေ့ဆုံစဉ် (ဓါတ်ပုံ- ညိုအုန်းမြင့်ဖေ့စ်ဘု)
Panglong(Burmese)

No comments:

Post a Comment

My Blog List