Monday, August 03, 2015

နိုင်ငံတကာအကူအညီများ ပိတ်ပင်ထားခြင်းမရှိကြောင်း သမ္မတရုံးညွှန်ကြားရေးမှူးဆို


လတ်တလောဖြစ်ပေါ် နေသော ရေဘေးသင့်ဒေသများအတွက် နိုင်ငံတကာအကူအညီများ လာရောက်မှု ကို ပိတ်ပင်ထားခြင်းမရှိကြောင်း သမ္မတရုံးညွှန် ကြားရေးမှူးက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြ ထားသည်။

အစိုးရအနေနှင့် နိုင်ငံတကာ မှ အကူအညီများ ပိတ်ပင်ထားသည်ဆိုသော  ကောလာဟလများ ထွက်ပေါ် လာသည့်အတွက် ရှင်းလင်းတင်ပြရခြင်းဖြစ်သည်ဟု ၎င်းက  ဆိုသည်။

နိုင်ငံတကာအဖွဲ့အစည်း များအနေဖြင့် ကူညီလိုပါက သက်ဆိုင်ရာသံရုံးနှင့် နိုင်ငံခြားရေးဝန် ကြီးဌာန တို့သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း၊ လက်ရှိအချိန် အထိ ရေဘေးသင့်ပြည်သူများကို အထိရောက် ဆုံး ကူညီနေသူများ မှာ ပြည်တွင်း အင်န်ဂျီအိုများသာ ဖြစ်ကြောင်း ၎င်းက ရေးသားဖော် ပြထားသည်။ မြန်မာနိုင်ငံအောက် ပိုင်းဒေသများတွင် ရေဆက်လက် ကြီးနိုင်သောကြောင့် ကြိုတင် ဆောင်ရွက်မှုများ ပြုလုပ်ထား သည်ဟု ၎င်းက ဆိုသည်။

‘‘အရေးပေါ်ကယ်ဆယ်ရေး လွန်မြောက်သွားရင်  သဘာဝဘေးအန္တရာယ် ကျရောက်ရာတိုင်းဒေသကြီး/ ပြည်နယ်လေးခုမှာ ရေကြီးမှု  အလွန်ပြန်လည်ထူ ထောင်တည်ဆောက်ရေးလုပ် ငန်းတွေ ဆက်လက်လုပ် ဆောင် ကြရဦးမှာပါ’’ဟု ၎င်းက ရေးသား ထားသည်။

လက်ရှိဖြစ်ပေါ်နေသော ရေဘေးနှင့် ပတ်သက်၍ အစိုးရ လုပ်ဆောင်ပုံကို ဝေဖန်မှုများရှိနေပြီး အစိုးရအ နေဖြင့် ပြည်ပအကူ အညီများကို တောင်းခံသင့်သည် ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ပြောသည်။ ပြည်တွင်းမှ လူမှုရေး အဖွဲ့များသာ လုပ်ကိုင်နေခြင်းထက် ပြည်ပမှ အကူအညီ များသည် ငွေကြေးပိုမိုတောင့်တင်းပြီး အကျိုးပိုမိုဖြစ်ထွန်းကြောင်း ၎င်း က ဆိုသည်။

နိုင်ငံတကာအကူအညီ အနေဖြင့် ကုလသမဂ္ဂကကူညီရေး လုပ်ငန်းများအတွက် အချက်အလက်များ စု ဆောင်းပြီးဖြစ်သော ကြောင့် ကူညီရေးလုပ်ငန်းစတင် တော့မည်ဟု သြဂုတ် ၁ ရက်တွင် ကြေညာထား သည်။

7Day News Journal

No comments:

Post a Comment

My Blog List