Monday, August 03, 2015

ဧရာဝတီနှင့်ဒုဋ္ဌ၀တီ မြစ်ရေမြင့်တက်လာ၍ မန္တလေးတိုင်းအတွင်း အိမ်ထောင်စု ၅၀၀ခန့် ရေလွတ်ရာသို့ ပြောင်းရွှေ့


ဧရာဝတီမြစ်ရေဆက် လက်မြင့်တက်လာမှုကြောင့် မန္တ လေးတိုင်းအတွင်း ညောင်ဦး၊ မြင်းခြံ၊ တံတားဦး မြို့နယ်တို့ရှိ ရပ်ကွက်အချို့နှင့် မြစ်ကမ်းဘေး ကျေးရွာများသို့ မြစ်ရေ၀င်ရောက် လာမှုကြောင့် အိမ်ထောင် စု ၅၀၀ ခန့် ရေလွတ်ရာသို့ ပြောင်းရွှေ့နေ ထိုင်ရကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။

ညောင်ဦးနှင့် မြင်းခြံမြို့နယ်တို့ရှိ ရပ်ကွက်၊ ကျေးရွာအချို့တွင်ဇူလိုင် ၃၁ ရက်မှစတင်၍ ဧရာဝတီမြစ်ရေ၀င် ရောက်လာမှုကြောင့် အိမ်ထောင်စုအချို့နှင့် တိရစ္ဆာန်များ ရေလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ပြီး သြဂုတ် ၁ ရက် တွင် ထပ်မံမြင့်တက်လာခဲ့ကြောင်း သတင်းရရှိသည်။

တံတားဦးမြို့နယ် ဥတည် ကျေးရွာအုပ်စုရှိ ကျေးရွာ ကိုးရွာတွင် နေအိမ်များ၌ ဒုဋ္ဌ၀တီမြစ်ရေ၀င်ရောက်နေ သော်လည်း အိမ်ထောင်စုများနှင့် တိရစ္ဆာန်များကို လတ်တလော  ပြောင်းရွှေ့ထား ခြင်းမရှိသေးကြောင်း သတင်းရ ရှိသည်။

မြင်းခြံမြို့နယ်ရှိ အမှတ် (၆၊ ၁၁ ၊ ၁၂) ရပ်ကွက်များသို့ သြဂုတ် ၁ ရက် နေ့လယ်မှစ၍ ဧရာဝတီမြစ်ရေများ တဖြည်းဖြည်းဝင်ရောက်လာကာ ရေခြောက်လက်မခန့်ရောက်ရှိလာ၍ ရေလွတ်ရာသို့ ပြောင်းရွှေ့နေထိုင် ခဲ့ကြသည်။

ညောင်ဦးမြို့နယ်ရှိ တောင် ဘီကျေးရွာနှင့် အရှေ့ဆယ်လံ ကျေးရွာတွင် ဇူလိုင် ၃၁ ရက်က ဧရာဝတီမြစ် ရေတိုက်စားခြင်း၊ ရေ၀င်ခြင်းတို့ကြောင့် အိမ်ထောင် စု ၂၈၀ သည် ရေလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ပြီး သြဂုတ် ၁ ရက်တွင် မြစ်ရေမှာ မြေနိမ့်ပိုင်းရပ်ကွက် ခုနစ်ခုခန့်သို့ ၀င်ရောက်လာ၍ ရေလွတ်ရာဘုန်းကြီးကျောင်း နှင့် ဘုရားများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။

ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် သြဂုတ် ၁ ရက် နံနက် ၁ နာရီမှစတင်၍ စိုးရိမ်ရေမှတ်သို့ ရောက် ရှိခဲ့ပြီး သြဂုတ်၂ရက်နေ့လယ် ၁၂နာရီခွဲတွင် မြို့၏ စိုးရိမ်ရေမှတ်အထက် ၂ ပေခန့်ကျော်လွန်နေကြောင်း မိုးလေ၀သနှင့်    ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနမှ သတင်းရရှိသည်။

‘‘ဆိုက်ကလုန်းမုန်တိုင်းအ ရှိန်ကြောင့် အထက်ပိုင်းမှာတစ် ပတ်လောက် မိုးရွာသွန်းခဲ့တယ်။ မြစ်ဝှမ်းဒေသ အထက်ပိုင်းတွေမှာ မိုးရွာသွန်းခဲ့တဲ့အတွက် အခု မိုးရွာသွန်းမှုရပ်တန့်သွားပေမယ့် မြစ် ရေက ဆက်လက် မြင့်တက်နေမှာ ပါ’’ဟု အထက်မြန်မာပြည်မိုးလေ ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးကျော် လွင်ဦးက ပြောကြားသည်။

အဆိုပါမြစ်ရေသည် လာမည့် သုံးရက်အတွင်း တစ်ပေခန့်ဆက်လက်မြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်အ ထက်တွင် ဆက်လက်တည်ရှိနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဧရာဝတီမြစ်ရေမြင့်တက် လာပြီး စိုးရိမ်ရေမှတ်နှင့် နီးကပ်လာ၍ မြို့တော်စည်ပင်သာယာရေးကော်မတီက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သြဂုတ် ၂ ရက်မှစတင် လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

မြစ်ရေမြင့်တက်လာမှုကြောင့် ရေကျော်နိုင်မည့် ဧရာဝတီမြစ် ကမ်းတစ်လျှောက် ကမ်းနိမ့်နေရာ များတွင် သဲအိတ်ချခြင်း၊ သဲအိတ် များ အရန်စီစဉ်ထားခြင်းတို့ကို မြို့တော်စည်ပင်သာယာရေးက သြ ဂုတ် ၂ ရက်မှ စတင်လုပ်ကိုင် ဆောင်ရွက်ခဲ့သည်။ ကမ်းနိမ့်နေရာများတွင် သဲအိတ်ချခြင်းလုပ်ငန်းများကို အောင်မြေသာ စံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရမြို့နယ်တို့တွင် လုပ်ဆောင် လျက်ရှိပြီး အရန်သဲအိတ် သုံးသောင်းကိုလည်း ဆောင်ရွက်ထားကြောင်း သိရသည်။

‘‘ရေကြီးရင် ဘာလုပ်မလဲဆို တာကတော့   အုပ်ချုပ်ရေးအဖွဲ့ အစည်းတွေကပဲ ညွှန်ကြားလုပ် ဆောင်ရ မှာပါ။ ဦးတို့စည်ပင်သာ ယာရေးကော်မတီက ကူညီဆောင်ရွက်တာပါ’’ဟု တာဝန်ရှိသူတစ် ဦးက ပြောကြား သည်။

ထို့ပြင် စည်ပင်သာယာရေး ကော်မတီက ရွေ့လျားရေဆိုးထုတ် စက်များကို ရေမြင့်တက်လာပါက အသင့် ကာကွယ်လုပ်ဆောင်နိုင် ရန် စီစဉ်ထားကြောင်း ၎င်းက ပြောကြားသည်။    မိုးလေ၀သနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သြဂုတ် ၂ ရက်နံနက် ၆ နာရီတိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ သည် ၂၂၇ ဒသမ၃၉ ပေသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် သုံးပေသာလိုတော့ကြောင်း သိရသည်။ ဧရာဝတီမြစ်၏ စိုးရိမ်ရေမှတ်မှာ ၂၃၀ ပေ ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List