Wednesday, August 05, 2015

ရေဘေးဒေသများကိုကူညီရန် ကရင်နယ်ခြားစောင့်တပ်ဖွဲ့အာရှလမ်းမကြီး တွင် အလှူငွေကောက်မည်


ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့က ရေဘေးအန္တရာယ်ကျရောက်နေ သော ဒေသများကို ကူညီရန် အာရှလမ်းမကြီးပေါ်တွင် အလှူငွေ ကောက်ခံ နေကြောင်း သတင်းရရှိသည်။ သြဂုတ် ၄ ရက်မှ စတင်ကာ အာရှလမ်းမကြီး၊ မြဝတီ-ကော့ ကရိတ် လမ်းပိုင်း၊ သင်္ကန်းညီ နောင်ဂိတ်တွင် ဒေသတွင်းပရဟိတအဖွဲ့ များနှင့်ပူးပေါင်းကာ ရေဘေးအတွက် အလှူခံနေသည် ဟုကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)မှ ဗိုလ်မှူးနိုင်မောင်ဇော်ကပြောသည်။

အာရှလမ်းမကြီး အသုံးပြုသည့် ယာဉ်များကို ငွေကြေးကောက်ခံသောကြောင့် ဇူလိုင်လဆန်းမှစကာ အစိုးရ တပ်မတော်နှင့် ဒီကေဘီအေတို့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယခုအခါ မည်သည့်အဖွဲ့ကမှ ငွေကြေး ကောက် ခံခြင်း မရှိတော့ကြောင်းဗိုလ်မှူးနိုင်မောင်ဇော်ကပြောသည်။

‘‘အရင်က ဒီလမ်းပေါ်မှာ လက်နက်ကိုင်အဖွဲ့တွေ ပိုက်ဆံ ကောက်ကြလို့ ပြဿနာ တက် ထားတယ်။ ဒါကို ကြိုတွေးထား တယ်။ ဒါကြောင့် အလှူငွေ ကောက်တဲ့ ကိစ္စကို ဒေသတွင်း ပရဟိတအဖွဲ့တွေက လုပ်မယ်။ စာရင်း ဇယားသူတို့ပဲ အစအဆုံးကိုင်မယ်။ ကိုယ်တို့က စောင့်နေ ပေးရုံပဲ။ ရေဘေးကယ်ဆယ်ရေး တွေပြီး တာနဲ့ အလှူခံတာ ရပ် မယ်’’ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်နှင့် ချင်းပြည်နယ်၌ ရေဘေးဆိုးရွားစွာ ရင်ဆိုင်နေ ရပြီး မွန်၊ ကရင်နှင့် ဧရာဝတီတိုင်းဒေသကြီး တွင်လည်း ကယ်ဆယ်ရေးစခန်းများဖွင့်ထားရသည်အထိ ရေဘေးအန္တရာယ် ရင်ဆိုင်နေရသည်။

အာရှလမ်းမကြီးတွင် အလှူငွေကောက်ခံနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ− ကရင်ပြည်နယ် နယ်ခြား စောင့်တပ်ဖွဲ့)
7Day News Journal

No comments:

Post a Comment

My Blog List