Wednesday, August 05, 2015

ထိုင်းနိုင်ငံ တွင် ရွှေ့ပြောင်း ကလေးအလုပ်သမားများ ဖမ်းဆီးခံရ


ထိုင်းနိုင်ငံအနောက်ပိုင်း ရပ်ခ်ျဘူရီခရိုင် ရပ်ချဘူရီမြို့နယ်က ဆောက်လုပ်ရေးလုပ်ငန်း ခွင်တခုမှာ အသက် ၁၅ နှစ်အောက် ကလေးလုပ်သားတွေအပါအ၀င် ရွှေ့ပြောင်းအလုပ်သမား ၆၁ ဦး အဖမ်းခံရတယ်လို့ သနေရှင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ခရိုင် နဲ့ မြို့နယ် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး နဲ့  ရဲတပ်ဖွဲ့ဝင် တွေပါတဲ့ ပူးပေါင်း အဖွဲ့ဟာ  သြဂုတ်လ ၄ ရက် ညနေပိုင်းက  မြို့တွင်းမှာရှိတဲ့ လုပ်ငန်းခွင်တွေကို ရှောင်တခင်စစ်ဆေးရေး ၀င်ရောက်ရာမှာ ၀ိဆာဟဖွန်ဆီရီရတ်လမ်းပေါ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲကနေ တရားဥပဒေနဲ့ မညီတဲ့ အဲဒီအလုပ်သမားတွေကို ဖမ်းဆီးခဲ့တာလို့  တာဝန်ရှိသူတဦးက  သတင်းထောက်တွေကို ပြောပါ တယ်။

ဖမ်းဆီးရမိတဲ့ အလုပ်သမား အမျိုးသမီးနဲ့ အမျိုးသားပေါင်း ၆၁ ဦးရှိပြီး အသက် ၁၅ နှစ်အောက် ကလေး လုပ်သား ၁၀ ဦးပါဝင်ကြောင်း၊ စစ်ဆေးချက်အရ အများစုမှာ အထောက် အထားမရှိတဲ့ အလုပ်သမားတွေ ဖြစ်ကာ တချို့ကတော့ အလုပ်ရှင်၊ အလုပ်နေရာ လွဲမှားနေ တာလို့ ဆိုပါတယ်။

သူတို့တွေဟာ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေဖြစ်ကာ အမှုကို တရားရုံး တင်စစ်ဆေးပြီးတဲ့နောက် နေရင်းနိုင်ငံပြန်ပို့မှာဖြစ်ကြောင်း၊ သူတို့ကို လက်ခံထားတဲ့ အလုပ်ရှင်တွေကိုလည်း တရားဥပဒေအရ အရေးယူသွားမယ်လို့ တာဝန်ရှိသူတဦးက ပြောကြောင်း သနေးရှင်းသတင်းမှာ ဖော်ပြသွားပါတယ်။

DVB

No comments:

Post a Comment

My Blog List