Wednesday, August 05, 2015

ရခိုင်ရေဘေးအတွက် ကျပ်နှစ်သောင်းနှုန်းဖြင့် ဆန်အိတ် သုံးသောင်း ရောင်းချပေးမည်


မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်ရောင်းချသည့် ဆန်အိတ် ၃၀၀၀၀ ကို ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်ဘေးဒုက္ခ ကယ်ဆယ်ရေး စုပေါင်းကော်မတီ (ရန်ကုန်) ၏ ဦး ဆောင်မှုဖြင့် ရခိုင်ပြည်နယ်ဘေးဒုက္ခဒေသများတွင် ဆန်တစ်အိတ်လျှင် အများဆုံး ဈေးနှုန်း နှစ်သောင်း ကျော်ဖြင့် ရောင်းချမည်ဖြစ်ကြောင်းသိ ရသည်။

“ဆန်တစ်အိတ်အများဆုံးဈေးနှုန်း နှစ်သောင်းကျပ်ဖြင့်ရောင်းချသွားမှာပါ။ မြန်မာနိုင်ငံ ဆန်ကုန်သည်များ အသင်းက တစ်နိုင်ငံလုံးဆန်အိတ်ရေ (၁)သိန်းရောင်းချတဲ့ အထဲက ခွဲတမ်း သုံးသောင်းရရှိတာပါ” ဟု ရခိုင်တိုင်းရင်း သားရေးရာ ၀န်ကြီးဦးဇော်အေးမောင်က နိရဉ္စရာသတင်း ဌာနသို့ပြောသည်။

“ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ၀န်ကြီးချုပ်ရဲ့ ခွင့်ပြုကူညီပေးမှုနဲ့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့အကူ အညီကိုရယူဖြန့်ချီရောင်းချသွားမှာပါ”ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အကူအညီဖြင့် ၅.၈.၂၀၁၅ဗုဒ္ဓဟူးနေ့တွင် သင်္ဘောဖြင့် ရခိုင်သို့ ပို့ဆောင် မည်ဖြစ်ကြောင်း သိရသည်။

အဓိက ကတော့ အမှန်တကယ်ဒုက္ခရောက်နေတဲ့သူတွေကို ဈေးနှုန်းသက် သာစွာနဲ့ ၀ယ်ယူနိုင်အောင် ကြိုးစားပေးတာပါ ဟု ရခိုင်ပြည်နယ်ဘေးဒုက္ခ ကယ်ဆယ်ရေး စုပေါင်းကော်မတီ (ရန်ကုန်)၏ ကော်မတီ ၀င်တစ်ဦးက ဆိုသည်။

“ကုန်သည်၊ ပွဲစားတွေရဲ့ဈေးကစားမှုမဖြစ်စေရန်နဲ့ ၀ယ်ယူလှူဒါန်းလိုသူ တွေကိုလည်း ဈေးနှုန်း သက်သာ စွာနဲ့ ၀ယ်ယူနိုင်အောင်ပါ” ဟု၎င်းကဆို သည်။

၎င်းဆန်အိတ်သုံးသောင်း ၀ယ်ယူရန်အတွက် ယာယီကုန်ကျငွေ သိန်း ငါးထောင်ကျော်ကို ရန်ကုန်ရှိ ရခိုင်စီးပွားရေး လုပ်ငန်းရှင်အချို့မှစိုက်ထုတ် ပေးထားကြောင်းသိရသည်။

၎င်းဆန်အိတ်သုံးသောင်းသည် သြဂုတ်လ ၁၅ရက်နေ့မတိုင်မီ စစ်တွေသို့ ရောက်ရှိမည်ဖြစ်ပြီး ဘေးဒုက္ခ ကယ်ဆယ်ရေး ကော်မတီ (ရန်ကုန်)၏ ဆန်ဖြန့်ချီရေးအဖွဲ့မှ ကိုရွှေဝင်း (တာဝန်ခံ - ၀၉ ၅၀၅၀၂၀၀၊ ၀၉ ၇၃၁၂၀၀၀၀)၊ ကိုစောသာမောင် (၀၉ ၄၂၀၀၄၁၅၅၊ ၀၉ ၃၀၀၀၀၈၉၀)တို့က ဖြန့်ချီ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Narinjara

No comments:

Post a Comment

My Blog List