Monday, August 03, 2015

ပဲခူးသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်






ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ (သြဂုတ် ၃) နံနက် ၉ နာရီခန့် က ပဲခူးမြို့ ရွှေမော်ဓေါဘုရားလမ်းရှိ မိုးလုံလေလုံအားကစားရုံတွင် ဖွင့်လှစ်ထားသည့် ယာယီ ရေဘေး ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိ၍ ရေဘေးဒုက္ခသည် (၁၆၀၀) ခန့် ကို ဆန်အိတ် (၃၀၀)၊ ရေသန့် ဘူး နှင့် ဓါတ်ဆားထုတ်၊ ရေသန့်ဆေးအထုတ် များ ပေးလှူခဲ့ကြောင်း သိရသည်။

ထို့နောက် ဇိုင်းဂနိုင်းတောင်ပိုင်း ရပ်ကွက်သို့ လည်း သွားရောက်၍ အောင်ဇေယျာကျောင်းတိုက်ရှိ ရေဘေးသင့် မိသားစု (၆၀၀) ခန့် ကို ဆန်၊ သောက်သုံးရေသန် နှင့် ဆေးဝါးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း
The Ladies News Journal

No comments:

Post a Comment

My Blog List