Wednesday, August 05, 2015

ကျောက်ဖြူတွင် ANP ကိုယ်စားလှယ်ရွေးချယ်မူကို မကျေနပ်၍ ဆန္ဒပြ


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ရခိုင်အမျိုးသားပါတီ (ANP) ၏ အမှတ်(၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းရွေးချယ်မှု အပေါ် မကျေနပ်၍ ဒေသခံ ၂၀၀ ခန့်က ယနေ့ ကန့်ကွက် ဆန္ဒပြခဲ့ကြ သည်။

ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၂)မဲဆန္ဒနယ်မြေ အတွက် လွှတ်တော် ကိုယ်စား လှယ် လောင်း ရွေးချယ်ပွဲကို ပါတီဗဟိုကော်မတီမှ ရွေးချယ်ခြင်း မပြုလုပ်ဘဲ ပါတီမှ ချမှတ်ထားသည့် မူနှင့် ညီ ပြုလုပ်ရန် ကျေးပါတီခေါင်းဆောင်များနှင့် မြို့နယ်ကော်မတီဝင်များအချို့မှ တောင်းဆိုနေသည့် ကြားမှ ဗဟိုကရွေးချယ်ခဲ့သောကြောင့် ကန့်ကွက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ အမျိုးသားရေးကို ဗန်းပြပြီးတော့ လူထုဆန္ဒနဲ့ ဆန့်ကျင်ပြီး လုပ်နေတယ်။ ဒီအချိန်မှာ ရခိုင်အကျိုးကို ဦးဆောင်နို်င်မယ့် ခေါင်းဆောင်ကို ရွေးချယ်ရ တော့မယ်။ ပါတီစည်းကမ်းနှင့်အညီမလုပ်ဘဲ ဗဟိုကရွေး ချယ် လိုက်တယ်။ ဒါကို မကျေနပ်တဲ့ အတွက် ဆန္ဒပြတာပါ” ဟု ဆန္ဒပြခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ရခိုင် အမျိုးသား ပါတီမြို့နယ် ကော်မတီဝင် ဦးမောင်အေး ကပြောသည်။

ဆန္ဒပြပွဲကို နေ့လယ် ၂နာရီတွင် ရခိုင်အမျိုးသားပါတီ ရပ်ကျေးပါတီ ခေါင်းဆောင်များနှင့် မြို့နယ် ကော် မတီများဝင် အချို့က ဦးဆောင်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ကျေး ရွာပေါင်း ၃၀ မှ လူပေါင်း (၂၀၀)ခန့် ပါဝင်ခဲ့ သည်။

ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၂) မဲဆန္ဒနယ်မြေတွင် လက်ရှိပြည်နယ်လွှတ်တော် ကိုယ် စားလှယ် ဦးတင်ဖေ၊ ဦးထွန်းလွင် ၊ ဦးဖိုးစံ တို့ စာရင်းတင်သွင်းထားရာ ပါတီ ဗဟိုကော်မတီက ဦးဖိုးစံ ကိုရွေးချယ် လိုက်သည်ဟုသိရသည်။

ရခိုင်အမျိုးသားပါတီမြို့နယ်ကော်မတီဝင် ဦးမောင်ကောင်း ကလည်း “ ဗဟိုရွေးချယ်မှုကို ကျနော်တို့လက် မခံနိုင်ပါ။ ဦးဆောင်နိုင်မယ့် ခေါင်းဆောင်ကို ကျနော်တို့ရွေးချယ်သွားမယ်” ဟု ပြောသည်။

ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ပွဲတွင် ဗဟိုကြီးကြပ်ရေးကော်မတီ ဥက္ကဌ ဦးဖိုးမင်းက “ ကျနော်တို့ရဲ့ ရခိုင်အမျိုးသားပါတီမှာ ပါတီတွင်းလွတ်လပ်စွာယှဉ်ပြိုင်ခွင့်ပေးထားတယ်။ ပါတီတွင်းမှာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်ခွင့် ပေးထားခြင်းဖြစ် တယ်” ဟု ပြောဆိုသည်။

ယခု ဆန္ဒပြကန့်ကွက်မူသည် တတိယ အကြိမ် ဖြစ်ပြီး မာန်အောင်နှင့် ရသေ့တောင်တွင်လည်း အလားတူ ကန့်ကွက် ဆန္ဒပြမှုများ ပေါ်ပေါက် ခဲ့သည်။

Narinjara

No comments:

Post a Comment

My Blog List