Wednesday, August 05, 2015

မလေးရှားနိုင်ငံ မေဘဏ်ခွဲ မြန်မာနိုင်ငံတွင် စတင်ဖွင့်လှစ်


မလေးရှားနိုင်ငံအခြေစိုက် မေဘဏ်ခွဲကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ခွင့်ပြုချက်နဲ့ ရန်ကုန်မြို့မှာ စတင်ဖွင့် လှစ်လိုက်တယ်လို့ The Star Online သတင်းမှာဖော်ပြပါတယ်။ အရှေ့တောင်အာရှဒေသ ဘဏ်လုပ်ငန်း ကဏ္ဍမှာ စတုတ္ထအကြီးဆုံးဖြစ်တဲ့ မေဘဏ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဘဏ်ခွဲဖွင့်လှစ်ဖို့ နောက်ဆုံးခွင့် ပြုချက် ရခဲ့တယ်လို့ သတင်းက ဆိုပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟာ လက်ရှိအချိန်ထိ နိုင်ငံခြားဘဏ်ကိုးခုကို ဖွင့်လှစ်ခွင့်ပြု ထားတာဖြစ်ပြီး ဘဏ်ခွဲ ၆ ခုက မြန်မာနိုင်ငံတွင်း ဘဏ်ခွဲဖွင့်လှစ်ပြီးဖြစ်တဲ့အတွက် မေ ဘဏ်ဟာ ၇ ခုမြောက်ဖွင့်လှစ်တဲ့ ဘဏ်ခွဲဖြစ်လာပါတယ်။

ဖွင့်လှစ်ပြီးဖြစ်တဲ့ နိုင်ငံခြားဘဏ်ခွဲတွေကတော့ ဂျပန်နိုင်ငံအခြေစိုက် တိုကျိုမစ်ဆူ ဘီရှီဘဏ်နဲ့ ဆူမီတိုမို မစ်ဆူအီဘဏ်ကော်ပိုရေးရှင်း၊ တရုတ်နိုင်ငံအခြေစိုက် စက်မှုလက်မှုနှင့်ကုန်သွယ်ရေးဘဏ် (အိုင်စီဘီစီ)၊ စင်ကာပူနိုင်ငံအခြေစိုက် အိုစီဘီစီဘဏ်နဲ့ ယူအိုဘီဘဏ်၊ ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ဘဏ်တွေပဲ ဖြစ်ပါတယ်။

ခုဖွင့်လှစ်လိုက်တဲ့ မေဘဏ်ဟာ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၇၅ မီ လီယံရှိတယ်လို့ အဲဒီ သတင်းမှာဖော်ပြပါတယ်။

ရန်ကုန်မြို့၊ ကုန်သည်လမ်းနဲ့ ဆူးလေဘုရားလမ်းထောင့်က စင်ထရယ်ပွိုင့်တာဝါမှာ ဖွင့်လှစ်ထားတဲ့ မေဘဏ်ဟာ လက်ရှိမှာတော့ အေတီအမ်ဝန်ဆောင်မှုတွေမရနိုင် သေးဘူးလို့ အဲဒီဘဏ်ရဲ့ အင်တာနက် စာမျက်နှာ http://www.maybank.com/en/worldwide/all-countries/myanmar.page မှာ ဖော်ပြ ထားပါတယ်။

DVB

No comments:

Post a Comment

My Blog List