Saturday, August 08, 2015

ရေဘေးကြောင့် သေဆုံးသူ ၈၈ ဦးအထိရှိလာ


နိုင်ငံတစ်ဝန်း ရေကြီးနစ် မြုပ်မှုနှင့် မြေပြိုမှုသဘာဝဘေး အန္တရာယ်ကြောင့် သေဆုံးသူ ၈၈ ဦးအထိရှိလာပြီး ရေဘေးသင့် ဒုက္ခသည်တစ်သောင်းခန့်တိုး လာကြောင်း  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

ရေဘေးနှင့် မြေပြိုမှုသဘာဝ ဘေးအန္တရာယ်ကြောင့် ယခင်က သေဆုံးသူ အရေအတွက် ၆၉ ဦးရှိ ခဲ့ရာမှ နှစ်ရက်အတွင်း ၁၉ ဦးတိုး လာခြင်းဖြစ်သည်။

ရေကြီးနစ်မြုပ်မှုကြောင့် ရခိုင်ပြည်နယ်တစ်ခုတည်းတွင် သေဆုံးသူ ဦးရေ  ၆၁  ဦးရှိပြီး  အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့ နှင့်နှိုင်းယှဉ်ပါက အများဆုံးဖြစ်သည်။ သြဂုတ် ၅ ရက် ထုတ်ပြန်သော စာရင်းအရ ယခင် က ရခိုင် ပြည်နယ်တွင် သေဆုံးသူ ၄၇ ဦး ရှိရာမှ နှစ်ရက်အတွင်း သေဆုံးသူ ၁၄ ဦး မြင့်တက်လာခြင်းဖြစ် သည်။

သြဂုတ် ၅ ရက်တွင် ကောက်ယူခဲ့သော စာရင်းအရ ချင်းပြည်နယ်၌ သေဆုံးသူမရှိသော်လည်း ယခုနှစ်ရက် အတွင်း လေးဦးသေဆုံးခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ခုနစ်ဦး၊ ကချင်ပြည်နယ်တွင် တစ်ဦး၊ ရှမ်းပြည် နယ်တွင် ခြောက်ဦး၊ မန္တလေးတိုင်းဒေသ ကြီးတွင် ရှစ်ဦးရှိခဲ့သည်။ ဇွန်လ က ဧရာဝတီတိုင်းဒေသကြီးတွင် တစ်ဦးသေဆုံးခဲ့သဖြင့် ၈၈ ဦးရှိ ပြီဖြစ်သည်။

တစ်နိုင်ငံလုံးတွင် ရေဘေး သင့်ဒုက္ခသည် အရေအတွက်မှာ ယခင်က သုံးသိန်းတစ်သောင်း ကျော်ရှိရာမှ နှစ်ရက်အတွင်း တစ်သောင်းကျော် တိုးလာခြင်းဖြစ် သည်။ ရေဘေးသင့်ဒေသများတွင် စစ်ကိုင်းတိုင်းဒေ သကြီး သည် လူဦးရေအများဆုံးဖြစ်ပြီး ယခင်သြဂုတ် ၅ ရက်စာရင်းအရ လူဦးရေ တစ်သိန်းလေးသောင်း ကျော်ရှိရာမှ တစ်သိန်းခွဲကျော် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် စစ်ကိုင်းတိုင်းဒေသကြီးသည် ရေဘေးဒုက္ခသည်အများဆုံး ရှိသည့် ဒေသဖြစ်သည်။ တိုးလာသည့် ဒုက္ခသည်အရေ အတွက် တစ်သောင်းခန့်သည် စစ်ကိုင်းတိုင်းနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့မှ နှစ်ရက်အတွင်း  တိုးလာသည့် ရေဘေးသင့်ဒုက္ခသည် များဖြစ်သည်။

အဆိုပါရေဘေးသင့်ဒေသ များတွင် လတ်တလော ဆန်၊ ဆီ၊ ရေသန့်နှင့် ဆေးဝါးမျိုးစုံလိုအပ် နေသည့် အပြင် ပြန်လည်ထူ ထောင်ရေးအတွက် မိုးရာသီစိုက် ပျိုးချိန်မီရန် မျိုးစပါးများလည်း လိုအပ်နေသည်ဟု ကူညီကယ်ဆယ် ရေး ဆောင်ရွက်သူများထံမှ သတင်းရရှိသည်။

စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းနှင့်ရခိုင်ပြည်နယ်တို့သည် သဘာဝဘေးအန္တရာယ် အဆိုးရွားဆုံး ခံစားရသည့် ဒေသ များဖြစ်သည်ဟု အစိုးရက ထုတ်ပြန်ထားပြီး လူကယ်ပြန်မှ ထုတ်ပြန်ထားသော စာရင်းအရ ရေကြီး၊မြေပြိုမှုသဘာဝဘေးအန္တရာယ် ခံစားရသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခု ရှိကြောင်း သိရှိရသည်။

သဘာဝဘေးအန္တရာယ် အ ဆိုးရွားဆုံးခံစားရသည့် ယင်းပြည် နယ်နှင့် တိုင်းဒေသကြီးများအပြင် ကရင်၊ မွန်၊ ကချင်၊ ရှမ်းပြည်နယ်၊ ပဲခူး၊ မန္တလေး၊ ဧရာဝတီတိုင်း နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် လည်း ရေလွှမ်း မိုးမှုဒဏ်ကို ခံစား နေရသည်။

7Day News Journal

No comments:

Post a Comment

My Blog List