Monday, August 03, 2015

ကိုးန၀င်းအကျေ ၆၉၆၆ ယောက် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြည်သူအချို့၏ ဝေဖန်သံများ


လွတ်ငြိမ်းချမ်းသာခွင့်တွင် မကြာခင်က ပြစ်ဒဏ်ချမှတ်လိုက်သည့် တရုတ်နိုင်ငံမှ သစ်ခိုးထုတ်သူများ ပါဝင် နေသဖြင့် ပြည်သူများက ဝေဖန်ပြောဆိုခြင်းများရှိကြောင်း သိရသည်။ ဝေဖန်ပြောဆိုမှုအများစုတွင် မြန်မာ နိုင်ငံသား အကျဉ်းသား ၆၇၅၆ ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းနှင့်အတူ နှစ်နိုင်ငံချစ်ကြည် ရေး၊ နိုင်ငံအချင်းချင်း မိတ်မပျက်စေရန် ရည်ရွယ်သည်ဟုဆိုကာ နိုင်ငံခြားသား အကျဉ်းသား ၂၁၀ ဦး ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြည်နှင်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့်အပေါ် ဖေ့စ်ဘုတ်စာမျက် နှာများတွင် လည်းကောင်း အကျဉ်းထောင် လွှတ်ပေးသည့် နေရာတွင် လည်းကောင်း ဝေဖန်ပြော ဆိုမှု များရှိကြောင်း သိရသည်။

နိုင်ငံတော်အစိုးရက ဇူလိုင်လ ၃၀ ရက်က အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာမှုပေးစဉ် သစ်ခိုးထုတ် မှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသည့် တရုတ်နိုင်ငံသား ၁၅၅ ဦးမှာ ဇူလိုင် ၂၂ ရက် နေ့တွင် မြစ်ကြီးနားတရားရုံးမှ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး ၈ ရက်သာ ပြစ်ဒဏ်ကျခံ ရပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်သောကြောင့် ပြန်လည်လွှတ်ပေးလိုက်ပြီဟုမြစ်ကြီးနားအကျဉ်း ထောင်တွင် ပြောဆိုကြောင်း သတင်းဌာနအချို့ဖော်ပြပြီးနောက်ပြည်သူများက ဝေဖန်ပြောဆိုခြင်းဖြစ် ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း “မူအရ လွှတ်တာလား၊ ဘာလားတော့ မသိဘူး။ မနေ့ တစ်နေ့က ထောင်ချတယ်။ ဒီနေ့ ပြန်လွှတ်ပေးတယ်ဆိုတော့ တရုတ်နိုင်ငံသားတွေက အခွင့်အရေး ပိုပြီးရနေလား မေးစရာရှိတယ်” ဟု ပြောသည်။

ဝေဖန်ပြောဆိုမှုများတွင် ပြည်တွင်းရှိ တိုင်းရင်းသားဒေသများတွင် မိသားစု ချက်ပြုတ်စားသောက်ရန် ထင်းခွေထွက်သည့် ဒေသခံ တိုင်းရင်းသားများအား ထင်းခွေသည့် ပုဒ်မဖြင့် ထိန်းသိမ်းအရေးယူခြင်းမျိုး မရှိဘဲ နိုင်ငံတော်မှ မတရားအသင်းဟု သတ်မှတ်ထားသည့် KIA / KNU ဖြင့် ဆက်သွယ်သည်ဆိုကာ နိုင်ငံရေးပုဒ်မများဖြစ်သည့် ပုဒ်မ ၁၇(၁)၊ ၁၇(၂) စသည့်တို့ဖြင့် အရေးယူထားခြင်းများ ရှိကြောင်း ပြောပြ ချက်အရ သိရသည်။

ယင်းသို့ အရေးယူခြင်းမျာရှိပြီး နိုင်ငံပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ကာ နိုင်ငံ့သယံဇာတများ ခိုးထုတ်သည့် နိုင်ငံခြားသားများအား ထောင်ရက် အနည်းငယ်သာ ရှိသေးသူများအား နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုကို အကြောင်းပြပြီး လွတ်ငြိမ်းချမ်းသက်သာခွင့်နှင့် ပြည်နှင်ဒဏ်ပေးခြင်းသည် ပြည်ထောင်စု တိုင်းရင်းသားများအပေါ် မတရားပြုရာရောက်ကြောင်း ယင်းအတွက် တိုင်းရင်းသားများအတွက် လည်း စဉ်းစားပေးရန် လိုအပ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ပြောပြချက် အရသိရသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (Former Political Priso-ners-FPPS) ဗဟိုကော်မတီဝင်ဖြစ် သည့် ဦးထွန်းကြည်က “နိုင်ငံခြားသား အကျဉ်းသားတွေကို မလွှဲမရှောင်သာ အခြေအနေများကြောင့် လွှတ်ပေးမယ်ဆိုရင် ကျော်မကောင်း ကြားမကောင်းဖြစ်မှာ စိုးတဲ့အတွက် လွှတ်ပေးတာလို့ သုံးသပ်လို့ရ တယ်။ အခု ၂၁၀ ထဲမှာ တရုတ်သစ်ခုတ်သမားတွေ ပါဖို့များတယ်။ ဒို့အချူပ်အခြာအာဏာပိုင်ထဲကို သစ်ခိုးထုတ်တာလေ။ အဲ့ဒါတွေကတော့ အခုလို လွတ်ငြိမ်းချမ်းသာ ပေးပြီးတော့ ဒုက်္ခရောက်နေတဲ့ နိုင်ငံသူနိုင်ငံသားတွေ ထင်းလေးခွေပါတယ်။ ထင်းခွေမှုဆို တော်ပါသေးတယ်။ ၁၇ (၁)၊ ၁၇(၂)နဲ့ ကေအန်ယူ ဆက်သွယ်တယ်၊ ကေအိုင်အေနဲ့ ဆက်သွယ်တယ်လို့ ထောင်ချတာအများကြီးပဲ။ သူတို့ကို လည်း စဉ်းစားသင့်တယ်” ဟု ပြောသည်။

ယနေ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့်အထဲတွင် မိကျောင်းကန်သပိတ်စခန်း ဦးဆောင်သူ ကိုစိန်သန်း၊ MDCF မှ ကိုတင်မောင်ကြည်၊ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပြီးနောက် အမှုဟောင်းတစ်ခုဖြင့် အိုးဘိုထောင်တွင် အကျဉ်းကျခံနေရသည့် ဗိုလ်မှူးကျော်စွာဝင်း၊ ကန့်ဘလူလယ်သမား ၆ ဦး၊ မိုးထိမိုးမိ ရွှေလုပ်သားများ အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂၀ ဦး ခန့် လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ပြီး ဦးခင်ညွန့်၏ ထောက်လှမ်းရေးတပ်မှ ဗိုလ်မှူးကြီးသန်းညွန့် အပါအ၀င် ထောက်လှမ်းရေး အကျဉ်းသားအချို့လွတ်ငြိမ်း ချမ်းသာခွင့်များ ရရှိကြောင်း သိရသည်။

လက်ရှိ လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် သက်ဆိုင်ရာ ထောင်အာဏာပိုင်များက အကျဉ်းသားများ အားလုံးရှေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်မည့်သူများမှာ ထောင်အတွင်း ၁ နှစ်ခန့် အနည်းဆုံးကျခံသူ ဖြစ်ရမည်ဖြစ်ပြီး လက်ကျန်ရက် တစ်နှစ်အောက် ကျန်သူများသာ လွတ်ငြိမ်းချမ်းသာခွင့်ရမည်ဟု ပြောဆို ခြင်များ ရှိသည်။ သို့သော်လည်း အင်းစိန်အကျဉ်းထောင်တွင် အမျိုးသမီး အကျဉ်းသားများအား လွတ်ငြိမ်း ချမ်းသာခွင့်ပေးရာတွင် နှစ်ပေါင်းများစွာကျခံရန် ထောင်သက်ကျန် နေသူနှစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့် တွင်ပါဝင်သည့်အတွက် ယင်းတို့ထက် နှစ်အနည်းငယ်ကျခံရသူများက မကျေမနပ်ဖြစ်ကြကြောင်း ပြန်လည် လွတ်မြောက်လာသည့် အမျိုးသမီးအချို့၏ ပြောပြချက်အရ သိရသည်။

ပြန်လည် လွတ်မြောက်လာသူ တစ်ဦးဖြစ်သည့် ဒေါ်အေးအေးဝါက “နိုင်ငံတော်အစိုးရကို အစကတော့ကျေး ဇူးတင်တယ်။ အခုကျွန်မ ၀မ်းမသာနိုင်တော့ဘူး။ အခုလိုအဖြစ်မျိုး ကြုံရတဲ့အတွက် ၀မ်းမသာနိုင်တော့ဘူး။ အများကြီး ၀မ်းနည်းတာပဲရှိတယ်။ သူတို့ပြောတာက ကျွန်မတို့ကိုပြောတာက တစ်နှစ်နေသားရှိပြီးတော့ လက်ကျန်ကာလက တစ်နှစ်ပဲကျန်ရမယ်လို့ အဲ့လိုလူမျိုးကို လွှတ်ပေးတာပါ။ လွှတ်ပေးမယ့်သူ ၅၀၅ ယောက်ရှိပါတယ်လို့ ကျွန်မတို့ရှေ့မှာ ပြောတယ်။ တကယ်တမ်း လွှတ်လိုက်တဲ့အခါကျတော့ နေသား လက်ကျန်တစ်နှစ် ဆိုလို့ရှိရင် ကျန်သူတွေက ကျန်တာပေါ့။ ဘာလို့လက်ကျန် ဆယ်နှစ်များစွာ ကျန်တဲ့သူ တွေကို ဘာလို့ လွှတ်ပေးတာလဲလို့ ပြောချင်တယ်။ ၄၀၁ ဆို ရင်လည်း သူတို့လွတ်ရင်လည်း ညီမနှစ် ယောက်လုံး ပါနိုင်မလား တစ်ယောက်တည်း ပါမယ်ဆိုရင် လက်ခံနိုင်တယ်။ အခုဟာက နှစ်ယောက်ဆိုပြီး စိတ်မကောင်းဘူး”ဟု ပြောသည်။

သမ်္မတအမိန့် နားထောင်ပြီးနောက် ယင်းသို့ အငြင်းပွားဖွယ်ရာကိစ်္စများ ဖြစ်သွားသည့်အတွက် အမျိုးသမီး ထောင်အတွင်း အနည်းငယ် ပြောဆိုခြင်းများရှိကြောင်း ယင်းအတွက် ကျန်ရှိသည့် အကျဉ်းကျခံ အမျိုးသမီး များလည်း သမ္မတအပေါ် ဝေဖန်ပြောဆိုခြင်းများရှိကြောင်း ပြောပြချက်များအရ သိရသည်။

ဒေါ်အေးအေးဝါက “မနက်က မိန့်ခွန်းချပြီး ကြေညာတော့ တစ်ထောင်လုံးဆူကြတယ်။ စစ်မှန်တဲ့ လွတ်ငြိမ်း ချမ်းသာမဟုတ်ဘူးဆိုပြီး တစ်ထောင်လုံးက သမ္မတ ကလိမ်ကကျစ်၊ သမ္မတ ကလိမ်ကကျစ်ဆိုပြီး လိမ်တာ၊ လိမ်တာဆိုပြီး ပြောကြတယ်။ အမှန်တကယ်ဆိုရင် ဒီကိစ်္စကို သမ္မတလည်း သိမှာမဟုတ်ဘူးလို့ ကျွန်မထင် တယ်” ဟု ပြောသည်။

ယနေ့တွင်လက်ရှိအစိုးရက မြန်မာနိုင်ငံသား အကျဉ်းသား ၆၇၅၆ ဦးအား ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့် များပေးခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးတို့ကို ရှေးရှုသည့် အနေ ဖြင့် နိုင်ငံခြားသားအကျဉ်းသား ၂၁၀ ဦး အား ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြည်နှင်ဒဏ်ပေးခြင်းတို့ ကြောင့် စုစုပေါင်း အကျဉ်းသူ၊ အကျဉ်းသား ၆,၉၆၆ ဦး လွတ်ငြိမ်းချမ်းသာခွင့် ပေးကြောင်း သိရသည်။

လက်ရှိ လွှတ်ပေးသည့် နိုင်ငံရေးအကျဉ်းသား ၂၀ ဦးခန့် အပါအ၀င် အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသား ၁၃၀ ခန့်ရှိပြီး လက်ရှိအမှု ရင်ဆိုင်နေရသည့် နိုင်ငံရေးအကျဉ်းသား ၄၀၀ကျော်ခန့်ရှိကာ သမ္မတဦးသိန်းစိန် လက်ထပ်တွင် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွှတ်ပေးသည်မှာ ၁၃ ကြိမ်ခန့်ရှိ ကြောင်း သိရသည်။

ယခု အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းမှာ သမ္မတဦးသိန်းစိန် လက်ထပ်တွင် ၅၅ ကြိမ်မြောက်ရှိပြီး နိုင်ငံရေး အကျဉ်းသားများ အပါအ၀င် အကြောင်းအမျိုးမျိးကြောင် အကျဉ်းကျခံနေရသူများအား လွတ်ငြိမ်း ချမ်းသာခွင့် ပေးထားသည်မှာ ရှစ်သောင်းဝန်းကျင်ခန့်ရှိကြောင်း လွှတ်တော်တွင် ပြည်ထဲရေးဝန်ကြီး ပြောဆိုချက်အရ သိရသည်။

စိုင်းဟန်
The Ladies News Journal

No comments:

Post a Comment

My Blog List