Friday, August 07, 2015

ရွှေကျင်တွင် ဧရာဝတီမြစ်ထိန်းတာရိုးမှ ရေများလျှံကျနေ၍ ဒေသခံများ စိုးရိမ်


ဧရာဝတီတိုင်းဒေသ ကြီး မြန်အောင်မြို့နယ် ရွှေကျင် မြို့အနီးတွင် ဧရာဝတီမြစ်ရေ သည် မြစ်ထိန်းတာ၏ အမြင့်ထက် ကျော်လွန် မြင့်တက်နေသဖြင့် တာရိုးအကာအရံများကြားမှ ရေ များစီးကျလာ၍ ဒေသခံများ စိုးရိမ် ပူပန်နေကြောင်း သတင်းရရှိ သည်။

ကြံခင်းမြို့ဘက်မှ ဟင်္သာတ မြို့ဘက်သို့ ဧရာဝတီမြစ်ကမ်း တစ်လျှောက် ကာရံထားသည့် အဆိုပါ မြစ် ထိန်းတာသည် ကနောင်မြို့နှင့် ရွှေကျင်မြို့ကြား ရှိ မြေနိမ့်နေရာများတွင် ယင်းသို့ ရေကျော်နေခြင်းဖြစ်ပြီး အချို့နေ ရာများ၌ တာ၏ တစ်ဖက်ခြမ်းတွင် ရေများစိမ့်ထွက်နေပြီဖြစ်သည်။

မြေနိမ့်ပိုင်းရှိ နေရာအချို့ တွင် တာရိုးအထက် ခြောက် လက်မကျော်အထိ မြစ်ရေများ ကျော်လွန်နေပြီး တာပေါ်သို့ရေမကျော်စေရန် တာရိုးတစ် လျှောက်သဲအိတ်၊ ကျောက်အိတ်များ ချကာ ကာရံထားသော် လည်း ရေ များ စိမ့်ဝင်စီးကျနေကြောင်း သိရ သည်။

‘‘သဲအိတ်တွေနဲ့ ကာထား တာတော့မှန်တယ်။ အခုက မိုး မရွာသေးလို့။ အကယ်၍ မိုးရွာခဲ့ ရင်တာရဲ့ အခြေအနေက စိုးရိမ် ရတဲ့အခြေအနေ။ တာပေါ် ရေက လျှံနေပြီ။ ရေကင်းကရှိနေပေမယ့် လူကနည်း တယ်။ ညဘက် အရေး အကြောင်းဆိုရင် လူမရှိတော့ ပြု ပြင်ထိန်းသိမ်းဖို့မလွယ်ဘူး။ အုပ် ချုပ်ရေးပိုင်းက စီမံခန့်ခွဲတာ ညံ့ တယ်လို့ဆိုရမှာပဲ’’ဟု ရွှေကျင် ဒေသခံ ဦးဝင်းလှိုင်က ပြောသည်။

တာမျက်နှာပြင် အနိမ့်ပိုင်း နေရာများတွင် အမြင့်သုံးပေခန့် အထိ သဲအိတ်၊ ကျောက်အိတ် များဖြင့် ကာရံပြီး တာအတွင်းပိုင်း ရှိ ရေစိမ့်ထွက်နေသော နေရာ များကို ရေပိုမထွက်စေရန် ရေဗွေ ခွေနည်းဖြင့် ထိန်းထား ကြောင်း သိရသည်။

‘‘ရေလာမယ်ဆိုတာ ကြိုပြီး သိနေသားပဲ။ သက်ဆိုင်တဲ့ဌာန က ဒါကိုကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့် တယ်။ အစိုးရဌာန တွေကလာတာပဲရှိတယ်။ ဘာမှ ကူညီမပေးတဲ့အပြင် သူတို့ကို ဧည့်ခံရတဲ့စရိတ်တွေ တောင်ရှိ သေးတယ်။ ရေကျော်တော့မယ့် အခြေအနေကို ထိန်းထားနိုင်တာ လည်း ဒီက ဒေသခံတွေက စည်း လုံးကြလို့’’ဟု ရွှေကျင်မြို့ ဒေသခံ ဦးဆန်းဝင်းက ပြောသည်။

အဆိုပါမြစ်ထိန်းတာသည် အမြင့်အားဖြင့် ၁၈ ပေခန့်ရှိပြီး တာ၏ အတွင်းဘက်ခြမ်းတွင် လူနေအိမ်များစွာ နှင့် လယ်ဧက ပေါင်းများစွာရှိသကဲ့သို့ တာ အပြင်ဘက်ရှိ နေအိမ်များစွာမှာ လည်း ရေနစ်မြုပ်မှုများဖြစ်ပေါ် နေသည်။

ရေနစ်မြုပ်နေသော နေအိမ် များသည် တာပေါ်တွင် ယာယီတဲ များထိုးကာ ပြောင်းရွှေ့နေထိုင်ရ ပြီး အမိုး တစ်ခုသာရှိ၍ အကာ အရံမပါဘဲ ကောက်ရိုးများကိုခင်း ကာ နေထိုင်နေကြောင်း သိရ သည်။

‘‘သဲဆိုတော့ ရေတော့စိမ့် တာမျိုးရှိပါတယ်။ ရေမဝင်အောင်တော့ ကာထားတယ်။ သဲအိတ်၊ ကျောက်အိတ် တွေလည်း အရန် အသင့်ဆောင် ထားတယ်။ ၂၄ နာရီလုံးကျွန်တော်တို့ စောင့်ကြည့်နေပါတယ်’’ဟု အဆိုပါမြစ်ထိန်း တာ တာဝန်ခံ ဆည်မြောင်းဌာနမှ ဒုဦးစီးမှူး ဦးအောင်မျိုးလွင်က ပြောသည်။

လက်ရှိရေသည် တာ အောက်ဘက်တွင်ရှိသော နေအိမ်ခေါင်များ၏အထက် ၁၀ ပေ ကျော်ခန့်အထိ ရောက်ရှိနေပြီး တာအတွင်းဘက်တွင် ရေများစိမ့် ထွက်သည့်နေရာ အများအပြား ရှိနေခြင်းကြောင့် မြစ်ရေများကို မထိန်းနိုင်ဘဲ ရေများလျှံကျကာ တာကျိုးပေါက်မည်ကို စိုးရိမ်နေ ခြင်းဖြစ်သည်။

‘‘ကျွန်မတို့က တာကျိုးသွား မှာကိုတော့ စိုးရိမ်တယ်။ ဒါပေမဲ့ နေစရာမှမရှိတာ ဘယ်ကိုပြောင်း နေရမလဲ။ အခုတောင် တာဘေး မှာနေရတာ။ တာဝန်ရှိသူတွေက ပြောင်းဆိုရင်တော့ ပြောင်းရမှာ ပေါ့။ အခုထိတော့ ဘာမှလာ မပြောသေးဘူး’’ဟု ငပိဆိပ်ကျေး ရွာမှ ရေဘေးဖြင့်ရင်ဆိုင်နေရပြီး တာပေါ်တွင် တဲထိုးနေထိုင် သည့် ဒေါ်ခင်မြင့်က ပြောသည်။

အဆိုပါနေရာ၌ ဧရာဝတီ မြစ် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး တာကျိုးပေါက် ခဲ့ပါက အနီးဝန်း ကျင်ရှိ ကျေးရွာ များသာမက အင်္ဂပူ၊ မြန်အောင်၊ ဟင်္သာတနှင့် အောက်ပိုင်းမြို့များသို့ ရေများ ဝင်ရောက်ကာ ပျက်စီးဆုံးရှုံး မှု များစွာဖြစ်ပေါ်နိုင်ကြောင်း ဒေသ ခံများ၏ ပြောပြချက်အရ သိရှိရ သည်။

7Day News Journal


No comments:

Post a Comment

My Blog List