Saturday, August 08, 2015

NLD ကိုယ်စားလှယ် စာရင်းကို မကျေနပ်၍ ပခုက္ကူတွင် ဆန္ဒပြ


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုက ရွေးချယ်ပေးထားသည့် ပခုက္ကူမြို့နယ် ကိုယ်စားပြု လွှတ် တော် ကိုယ်စားလှယ်လောင်းများသည် အောက်ခြေ ပြည်သူ့ဆန္ဒနှင့် ကွဲလွဲနေသဖြင့် ပြန်လည် ရွေးချယ် ပေးရန် မြို့ခံတချို့နှင့် NLD ပါတီဝင်တချို့က ယနေ့တွင် ဆန္ဒပြ တောင်းဆိုခဲ့ ကြောင်း သိရသည်။

“ကျနော်တို့က ဗဟိုပါတီ အနေနဲ့ ကိုယ်စားလှယ်လောင်းကို ပြန်ရွေးပေးဖို့ တောင်းဆိုတာပါ။ မပြောင်းပေး ဘူးဆိုရင်တော့ လာမယ့်ရွေးကောက်ပွဲမှာ ကျနော်တို့ NLD ကို မဲမပေးဘူးဗျာ”ဟု ပခုက္ကူ မြို့ခံတဦးဖြစ်သူ ဦးငြိမ်းမောင် က ပြောသည်။

ဆန္ဒပြသူ ၁၀၀ ကျော်က မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့၊ သီဟိုဠ်ရှင် ဘုရားမှစ၍ မြို့မလမ်းတလျှောက် ချီတက်ကြပြီး “ပြည်သူလူထု ထောက်ခံ ယုံကြည်သော ပြည်သူ့ဆန္ဒကို အလေးထားသော NLD လွှတ်တော် ကိုယ်စားလှယ်လောင်းများ ပြန်လည်ရွေးချယ်ပေးရေး”၊ “ပြည်သူ့ပါတီ NLD မှ ပြည်သူ့ဆန္ဒ အလေးထား ရေး” ၊ “ပခုက္ကူမြို့နယ် ပြည်သူလူထု မထောက်ခံသော NLD ကိုယ်စားလှယ်လောင်းများ နုတ်ထွက်ပေး ရေး”၊ “မြို့နယ်ဆန္ဒ ပါတီဗဟို သိရှိရေး”၊ “ဗဟိုဦးစီးစနစ် အလိုမရှိ” ဟူသည့် စာတန်းများ ကိုင်ဆောင်ပြီး ဆန္ဒပြ တောင်းဆိုခဲ့သည်ဟု ပခုက္ကူ မြို့ခံများက ပြောသည်။

NLD ဗဟို ကော်မတီသည် မြို့နယ်ကော်မတီများက မဲစနစ်နှင့် ရွေးချယ်ပေးလိုက်သူများနှင့် သုံးသပ်ချက် များကို အလေးမထားကြောင်း၊ လက်ရှိ ပါတီဗဟိုက ရွေးချယ်ပေးထားသည့် ကိုယ်စားလှယ်လောင်း ၄ ဦးကို မကြိုက်ကြောင်းကို ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သိရှိစေရန် ဆန္ဒပြရခြင်း ဖြစ်သည်ဟု ဆန္ဒ ပြသူများက ပြောသည်။

“ဗဟိုကော်မတီက မြို့နယ်ကော်မတီက ရွေးချယ်ပေးတာတွေနဲ့ သုံးသပ်ချက်တွေ ရေးပေးလိုက်တာကို အလေးမထားဘူး။ မြို့နယ်ကနေ မဲစနစ်နဲ့ရွေးပြီး တင်ပေးလိုက်တဲ့ ကိုယ်စားလှယ်လောင်းတွေ ပါမလာဘူး။ မြို့နယ်ကို မလေးစားတဲ့ သဘောဖြစ်နေတယ်။ ဒါကို ကျနော်တို့က ရှုတ်ချတယ်” ဟု ပခုက္ကူမြို့နယ် NLD အဖွဲ့ဝင် ဒေါက်တာ အောင်သန်းက ပြောသည်။

ပါတီဗဟိုက ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းများမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦးပိုက်ကို၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦးမြမင်းဆွေ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ်များအဖြစ် ဦးဟန်ဇော်ဝင်းနှင့် ဒေါ်ဇင်နီနီဝင်းတို့ ဖြစ်ကြပြီး ဦးပိုက်ကိုသည် လက်ရှိအချိန်၌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်ကြောင်း သိရသည်။

NLD ပါတီ ဗဟိုမှ ထုတ်ပြန်လိုက်သည့် ကိုယ်စားလှယ်လောင်း စာရင်းများကို မကျေနပ်သည့် ပြဿနာများ သည် မြို့နယ်တော်တော် များများတွင် ဖြစ်ပေါ်လျက်ရှိပြီး ရန်ကုန်မြို့ရှိ၊ ဗဟိုအောင်နိုင်ရေးရုံးသို့ ကန့်ကွက် စာများ၊ နုတ်ထွက်စာများ လာတင်မှုများ ရှိနေကြောင်း သိရသည်။

ထိုကဲ့သို့ ဖြစ်ပေါ်နေသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဗဟိုကော်မတီအဖွဲ့ဝင် တာဝန်ရှိသူများအား မေးမြန်း ရာ ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းမြင့်က လွှတ်တော် ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန် မှုအပေါ် လက်မခံနိုင်သည့် မြို့နယ်များမှ တိုင်စာများကို အချက်အလက်၊ အထောက်အထား ပြည့်စုံခိုင်လုံ စွာ တင်ပြလာပါက ပြန်လည်စိစစ် သုံးသပ် ပေးမည်ဖြစ်ကြောင်း ဧရာဝတီကို ပြောဆိုခဲ့သည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List