Wednesday, August 05, 2015

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၂၀၁၅ ခုနှစ် အထွေထွေ ရွေး ကောက်ပွဲ အတွက်မဲဆန္ဒရှင်ပြည်သူလူထုများသို့ အသိပေးကြေညာခြင်း


၁။ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၁၅ ခုနှစ်၊ ဇွန်၊ ဇူလိုင်လ များအတွင်း မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းမှု များကြောင့် တိုင်ဒေသကြီးနှင့် ပြည်နယ် အချို့တွင် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ စသည့် သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားပြီး အချို့သောမဲဆန္ဒရှင် ပြည်သူများ၌ ပစ္စည်းဥစ္စာများဆုံးရှုံးခြင်း၊ နိုင်ငံသားစိစစ် ရေးကတ်ပြား၊ အိမ်ထောင်စုစာရင်းများ ပျက်စီး/ပျောက်ဆုံး ခြင်းများ ရှိကြောင်းကြားသိရပါသည်။

၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် တစ်နိုင်ငံလုံး၏ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုရရှိ ထားပြီးဖြစ်၍ မဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများ မှန်ကန်ရေးဆောင်ရွက်လျက်ရှိပါသည်။ အတည်ပြု မဲစာရင်းများကို သြဂုတ်လကုန်ပိုင်းခန့်တွင် ကြိုတင်အသိပေးထုတ်ပြန် ကြေညာပေးမည်ဖြစ်ရာ မဲဆန္ဒ ရှင်များ အနေဖြင့် သတ်မှတ်ထားသည့်(၁၄) ရက်အတွင်း ပုံစံ (၃)ဖြင့် မဲစာရင်းတွင်အမည်ထည့်သွင်း ပေးရန် တောင်းဆိုခြင်း၊ ပုံစံ (၄) ဖြင့် မဲစာရင်းနှင် စပ်လျဉ်းသော ကန့်ကွက်လွှာတင်သွင်းခြင်း၊ ပုံစံ (၄-ဂ) ဖြင့် မဲစာရင်းနှင့်စပ်လျဉ်းသောပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကို လုပ်ဆောင်နိုင်ခွင့် ရှိနေပါသည်။

၃။ ထို့အပြင် မဲဆန္ဒရှင်များအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်နှင့် မဲရုံသို့ လာရောက် ဆန္ဒမဲပေး ရာတွင် လွယ်ကူစေရန်အလို့ငှာ မဲဆန္ဒရှင် သက်သေခံလက်မှတ်များကို မဲဆန္ဒရှင်များသို့ ရွေးကောက်ပွဲ နေ့ရက်မတိုင်မီ တစ်ပါတ်ခန့်အလိုတွင် ထုတ်ပေးရန် စီစဉ်ဆောင်ရွက်ထားပါသည်။ မဲဆန္ဒရှင်များ အနေဖြင့် မှတ်ပုံတင်ကတ်ပြား၊ အိမ်ထောင်စုစာရင်းများ ပျောက်ဆုံးသော်လည်း သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများထံမှ မဲဆန္ဒရှင် သက်သေခံ လက်မှတ်များ ထုတ်ယူပြီး ဆန္ဒမဲပေးနိုင်ကြမည်ဖြစ်ပါသည်။

၎။ သို့ဖြစ်ပါ၍ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် (၁၈) နှစ်ပြည်ပြီးရွေးကောက်ပွဲဥပဒေပါ ပြဌာန်း ချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူတိုင်းသည် နိုင်ငံသားစိစစ် ရေးကတ်ပြား၊ အိမ်ထောင်စုစာရင်းများ ပျက်စီး/ ပျောက်ဆုံးသွားသော်လည်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေ ရေး စီစဉ်ဆောင်ရွက်ထားပါကြောင်းနှင့် မဲဆန္ဒရှင်ပြည်သူလူထုအနေဖြင့် ဥပဒေနှင့်အညီ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးကြပါရန်အသိပေးကြေညာအပ်ပါသည်။

ဥက္ကဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ဧရာဝတီ

No comments:

Post a Comment

My Blog List